6GB RAM နဲ့  6020mAh ဘက်ထရီတို့ ပါဝင်တဲ့ Gionee M6S Plus စမတ်ဖုန်း ထွက်ရှိ

date_range 26 April 2017

6GB RAM နဲ့ 6020mAh ဘက်ထရီတို့ ပါဝင်တဲ့ Gionee M6S Plus စမတ်ဖုန်း ထွက်ရှိ

visibility 2070 Views

                Gionee ဟာ အမိတရုတ်နိုင်ငံမှာ M6S Plus ဆိုတဲ့ စမတ်ဖုန်းကို တနင်္လာနေ့က စတင်မိတ်ဆက်သွားခဲ့ပါတယ်။

                M6S Plus စမတ်ဖုန်းမှာ အထူးခြားဆုံးအချက်က 6020mAh ဘက်ထရီအကြီးစား ပါဝင်လာတာဖြစ်ပြီး၊ လက်ရှိ စမတ်ဖုန်းတွေထဲမှာ အကြီးဆုံးဘက်ထရီလို့ ပြောနိုင်ပါတယ်။

                M6S Plus ကို Storaget 64GB နဲ့ 256GB ဆိုပြီး မော်ဒယ်နှစ်မျိုး ထုတ်လုပ်သွားမှာဖြစ်ပြီး စျေးနှုန်းကတော့ 64GB ကို တရုတ်ယွမ်ငွေ ၃,၄၉၉ ( မြန်မာငွေ ၆ သိန်း ၈ သောင်းခန့်) နဲ့ 256GB မော်ဒယ်ကို တရုတ်ယွမ်ငွေ ၄,၂၉၉ ( မြန်မာငွေ ၈ သောင်းခွဲခန့် ) ကျသင့်မှာပါ။ မေလ ၂ ရက်နေ့က စတင်ရောင်းချသွားမှာဖြစ်ပြီး၊ ယနေ့ကစတင်ကာ တရုတ်နိုင်ငံတွင်းကနေ Pre-Order တင်နိုင်ပါပြီ။

                Gionee M6S Plus ရဲ့ Specifications အပြည့်အစုံကတော့ Dual-SIM ဖုန်းဖြစ်မယ်၊ မျက်နှာပြင်က ၆လက်မအကျယ် full-HD (1080x1920 pixels) Oncell AMOLED Display ဖြစ်မယ်။ Processor ကတော့ နည်းနည်းနိမ့်ပြီး၊ Mid-Range လောက်ပဲရှိတဲ့ Snapdragon 653 SoC ကို အသုံးပြုထားမှာပါ။ RAM ပမာဏကတော့ 6GB အထိပါဝင်ပြီး၊ လက်ဗွေရာဆန်ဆာကိုတော့ ဖုန်းကျောဘက်၊ ကင်မရာရဲ့ အောက်မှာ တပ်ဆင်ထားပါတယ်။

                ကင်မရာပိုင်းကတော့ LED Flash ပါဝင်တဲ့ 12-megapixel ကျောကင်မရာ ပါဝင်မှာဖြစ်ပြီး၊ ရှေ့ကင်မရာကတော့ 8-megapixel ဖြစ်ပါတယ်။ OS ကတော့ Android 6.0 Marshmallow အခြေခံ Amigo 3.5 OS နဲ့ပါ။

                Connectivity ချိတ်ဆက်မှုအပိုင်းအနေနဲ့ 4G LTE ၊ Wi-Fi ၊ Bluetooth 4.0 ၊ Micro-USB 2.0 ၊ USB OTG ၊ 3.5mm Headphone Jack နဲ့ GPS တို့ ပါဝင်မှာဖြစ်ပါတယ်။ စျေးနှုန်းက မြောက်ပေမယ့် NFC တို့ USB Type-C တို့လို စွမ်းဆောင်ရည်မြင့် Hardware တွေ မပါဝင်တာကတော့ ပြောချင်စရာပါ။

                Sensors ပိုင်းမှာတော့ အကုန်စုံစုံလင်လင်ပါဝင်ပြီး၊ Light sensor ၊ Gravity Sensor ၊ Electronic Sensor ၊ Compass ၊ Gyroscope Sensor နဲ့ Proximity Sensor တို့ ပါဝင်ပါတယ်။

                Gionee ရဲ့ ပြောကြားချက်အရ M6S Plus စမတ်ဖုန်းမှာ ငွေပေးချေမှုပိုင်းအတွက် အဆင့်မြင့်လုံခြုံရေးစနစ်တွေ ပါဝင်ပြီး၊ Live Fingerprint Scanning က လက်ဗွေရာအပြင်၊ ကိုင်ဆောင်သူရဲ့ နှလုံးခုန်နှုန်းကိုပါ တိုင်းတာပြီး၊ ပိုင်ရှင်အစစ်လားဆိုတာ ခွဲခြားပေးမှာဖြစ်တယ်လို့ သိရပါတယ်။ 


References
Gadgets NDTV
About Author
Assinged Tags
Smartphones Android Smartphones Gionee Gionee M6S Plus
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed