Google ရဲ့ Smartphone OS အသစ် Fuchsia မှာ Linux Kernel ကိုလုံး၀အသုံးပြုမည်မဟုတ်

date_range 09 May 2017

Google ရဲ့ Smartphone OS အသစ် Fuchsia မှာ Linux Kernel ကိုလုံး၀အသုံးပြုမည်မဟုတ်

visibility 400 Views

                Google ဟာ Android OS နဲ့ Chrome OS နှစ်ခုကို လက်ရှိ ထိန်းသိမ်းပြီး ဆက်လက် Update ပြုလုပ်နေတဲ့အပြင် နောက်ထပ်ထွက်ရှိဖို့ လျာထားတဲ့ Fuchsia OS အသစ်ကိုပါ အကောင်းဆုံးထုတ်လုပ်ဖို့ ပြင်ဆင်နေပါတယ်။ 

                 Fuchsia OS ထုတ်လုပ်ဖို့ ပြင်ဆင်နေတယ်ဆိုတာကို Google က ၂၀၁၆ ခုနှစ်၊ သြဂတ်စ်လ မှာပြောကြားခဲ့ဖူးပြီး၊ အခုလည်း ကောလဟလအနေနဲ့ Magenta Kernel (Google ကနေ Develop လုပ်ထားတဲ့ Microkernel အသစ်) ကိုသုံးပြီး Fuchsia OS နဲ့ ပေါင်းစပ်ထုတ်လုပ်မယ်လို့ သိရပါတယ်။ Magenta ဟာ MIT-Style အနေနဲ့ License တင်ထားပြီး Android OS က GPL License အတိုင်း (Original License မှာသတ်မှတ်ထားတဲ့ Terms and Conditions မှအပ) Code ကိုကြိုက်သလိုပြုပြင်၊ ပြောင်းလဲ Modify ပြုလုပ်လို့ရပါတယ်။

                အခြားသော Fuchsia OS အစိတ်အပိုင်းများကိုလည်း BSD Licnese 2.0, Apache 2.0 နဲ့ MIT တွေအောက်မှာ အသီးသီး License တင်ထားပြီးပြီဖြစ်ပါတယ်။  စိတ်၀င်စားဖို့ကောင်းတဲ့အချက်ကတော့ Google Flutter SDK ကိုအသုံးပြုရေးသားထားပြီး Cross-platform code တွေကို Support ပေးမယ်လို့ပြောကြားထားတဲ့အတွက် Android နဲ့ iOS apps များကို Fuchsia ပေါ်တင်ပြီး Run နိုင်မယ့်အပြင် Android ပေါ်မှာလည်း Fuchsia OS ကို Run နိုင်အောင်အထိပါ ကြိုးစားနေတယ်လို့လည်းသိရှိရပါတယ်။

                Google ဘက်ကနေပြီးတော့ Fuchsia OS အကြောင်းကို အနည်းငယ်နှုတ်ဆိတ်နေသေးတာကြောင့် ထွက်ရှိမယ်၊ မရှိဘူးဆိုတာကို အတိအကျမသိရသေးပေမဲ့ Fuchsia Developer တစ်ယောက်ဖြစ်တဲ့ Travis Geiselbrecht မှ

Fuchsia က ကစားစရာအရုပ်တစ်ရုပ်မဟုတ်သလို၊ ဒီ Project ဟာ 20% လောက်နဲ့အဆုံးသတ်သွားမယ့် လွယ်လွယ်စမ်းသပ်ပြီးပစ်ထားခဲ့မယ့်အရာတစ်ခုမဟုတ်ဘူး
လို့ပြောကြားခဲ့တဲ့အတွက် ထွက်ရှိဖို့ကတော့ သေချာသလောက်ပါပဲ။ ဘယ်တော့ထွက်မယ်ဆိုတာကိုတော့ ETA ( Estimated Time Arrival) မသိရှိရသေးပါဘူး။

                Fuchsia OS ရဲ့  UI ကိုတော့ Armadillo လို့နာမည်ပေးထားပြီး Android ထက် ပိုမိုကောင်းမွန်တဲ့ Multitasking feature တွေနဲ့အတူ Windows Management ကိုပါ App ၄မျိုးကို တပြိုင်နက်တည်းအသုံးပြုလို့ရအောင် Arrange ပြုလုပ်နိုင်ပါသေးတယ်။ Armadillo UI မှာ Fuchsia’s Keyboard ကို Dark Theme နဲ့ပါ အသုံးပြုလို့ရမှာဖြစ်ပါတယ်။

                Google အနေနဲ့ Fuchsia OS ကို Develop ပြုလုပ်ရာမှာ ရှိပြီးသားဖြစ်တဲ့ Linux Kernel နဲ့ Java ကို လုံး၀စွန့်ခွာပြီး ကိုယ်ပိုင် Microkernel အသုံးပြုထုတ်လုပ်မှာဖြစ်လို့  အခက်အခဲများစွာလည်း ကြုံတွေ့နိုင်သလို ထွက်ရှိမယ့်အချိန်လည်း အနည်းငယ်ကြာမြင့်မယ်လို့ ခန့်မှန်းရပါတယ်။ 

References
XDA Developers
About Author
Assinged Tags
Google Magenta kernel New Kernel Kernel Linux related Armadillo UI from Fushia Flutter SDK from Google New UI Fuchsia OS Fuchsia OS
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed