Surface Pro 5 ကို မေလ ၂၃ ရက်နေ့၊ ရှန်ဟိုင်းမြို့ပွဲမှာ မိတ်ဆက်ဖွယ်ရှိတဲ့ Microsoft

date_range 07 May 2017

Surface Pro 5 ကို မေလ ၂၃ ရက်နေ့၊ ရှန်ဟိုင်းမြို့ပွဲမှာ မိတ်ဆက်ဖွယ်ရှိတဲ့ Microsoft

visibility 330 Views

                Microsoft ဟာ လွန်ခဲ့တဲ့တစ်ပတ်က Surface Laptop ကို New York မြို့မှာ မိတ်ဆက်ခဲ့ပြီးနောက်၊ နှစ်ပတ်အကြာလောက်မှာ Surface Pro 5 တက်ဘလက်အသစ်ကို ထပ်မံမိတ်ဆက်သွားဖွယ်ရှိပါတယ်။

                မေလ ၂၃ ရက်နေ့၊ တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့မှာ ကုန်ပစ္စည်းမိတ်ဆက်ပွဲတစ်ခုပြုလုပ်သွားဖို့ ရှိကြောင်း မေလ ၄ ရက်နေ့က တရားဝင်ကြေငြာခဲ့တာဖြစ်ပြီး၊ Product အသစ်တစ်ခု မိတ်ဆက်သွားဖို့ ရှိတယ်လို့ ဆိုထားပါတယ်။

                ကုမ္ပဏီအနေနဲ့ ပွဲရဲ့ တည်နေရာနဲ့ အချိန်၊ မိတ်ဆက်မယ့် Product အသစ်နာမည်တွေကိုတော့ အတိအကျကြေငြာရခြင်းမရှိသေးပေမယ့်၊ နည်းပညာနယ်ပယ်က ကျွမ်းကျင်သူတွေရဲ့ ခန့်မှန်းချက်အရတော့ Surface Pro တက်ဘလက်မျိုးဆက်သစ်ကို မိတ်ဆက်သွားနိုင်ခြေရှိတယ်လို့ သိရပါတယ်။

                ဒီ့အပြင် Surface စီးရီး Products တွေကို တာဝန်ယူထုတ်လုပ်နေတဲ့ Microsoft Surface ဌာနအကြီးအကဲ Panos Panay ကလည်း သူ့ရဲ့ Twitter စာမျက်နှာမှာ #Surface Hashtag နဲ့ Post တစ်ခု တင်ထားတာကို တွေ့မြင်ရတာကြောင့်၊ Surface Pro 5 တက်ဘလက်အသစ်ကို မြင်ရဖို့က သေချာသလောက်ရှိနေပါတယ်။

                နောက်ဆုံးရရှိထားတဲ့သတင်းတွေအရ Microsoft ရဲ့ Surface Pro 5 တက်ဘလက်အသစ်မှာ Intel Kaby Lake Processors တွေကို အသုံးပြုသွားဖွယ်ရှိပြီး၊ Surface Connect Power Connector လည်း ဆက်လက်ပါဝင်လာဦးမှာ ဖြစ်ပါတယ်။

                Surface Pro 5 နဲ့ ပတ်သတ်တဲ့သတင်းတွေကို ရရှိတာနဲ့ အချိန်နဲ့တပြေးညီ ဆက်လက်တင်ဆက်ပေးမှာဖြစ်တာကြောင့် စောင့်မျှော်ဖတ်ရှုစေလိုပါတယ်။

References
Gadgets NDTV
About Author
Assinged Tags
Microsoft Tablet Rumors Surface Pro 5
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed