Xiaomi Mi MIX ဒီဇိုင်းအတိုင်း ထွက်ရှိလာမယ့် ၉၉ ဒေါ်လာတန် UMIDIGI Crystal စမတ်ဖုန်း

date_range 04 May 2017

Xiaomi Mi MIX ဒီဇိုင်းအတိုင်း ထွက်ရှိလာမယ့် ၉၉ ဒေါ်လာတန် UMIDIGI Crystal စမတ်ဖုန်း

visibility 9450 Views

                တရုတ်စမတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ UMIDIGI (Umi) ကနေ နောက်ထပ်ထုတ်လုပ်ရောင်းချမယ့် စမတ်ဖုန်းအသစ်အကြောင်း ထွက်ပေါ်လာပါပြီ။

                UMIDIGI Crystal လို့ အမည်ပေးထားတဲ့စမတ်ဖုန်းဟာ Xiaomi ရဲ့ Mi MIX စမတ်ဖုန်းအတိုင်း မျက်နှာပြင် စခရင်အပြည့်နဲ့ ဖြစ်ပြီး၊ စျေးနှုန်းကတော့ Mi MIX က မြန်မာငွေ ကျပ် ၇ သိန်းခွဲလောက် ရှိပေမယ့်၊ UMIDIGI Crystal ကတော့ မြန်မာငွေ တစ်သိန်းကျော်ကျော်ပဲ ရှိမှာဖြစ်ပါတယ်။ သုံးထားတဲ့ Hardwares တွေ ကွာတာကိုတော့ ထည့်ပြောရမှာပေါ့။

                UMIDIGI Crystal မှာ Xiaomi MI MIX အတိုင်း ဖုန်းမျက်နှာပြင်အောက်ဘက်ကလွဲလို့ သုံးဘက်စလုံး မှန်သားအပြည့်နဲ့ Tri-Bezel-Frameless Design ကို အသုံးပြုထားပြီး၊ Mi MIX နဲ့ ကွာသွားတာက Ceramic Body နဲ့ မဟုတ်ဘဲ Metal Body နဲ့ ဖြစ်သွားမှာပါ။ နောက်တစ်ချက်က UMIDIGI Crystal မှာ Dual-Lens ကင်မရာ ပါရှိလာမှာဖြစ်ပါတယ်။ အသုံးပြုထားတဲ့ Hardware အသေးစိတ်ကို မသိရသေးပေမယ့်၊ Dual-Camera နဲ့ မျက်နှာပြင်မှန်အပြည့်စမတ်ဖုန်းကို ၉၉ ဒေါ်လာလောက်နဲ့ ရရှိမှာကတော့ စိတ်ဝင်စားစရာပါ။ 

                UMIDIGI Website မှာ ဖော်ြပထားချက်အရ အခု “Crystal” စမတ်ဖုန်းကို Dual-Lens Camera ပါဝင်တဲ့ Lumia Edition နဲ့ သတ္တုကိုယ်ထည်အပြည့်အသုံးပြုထားတဲ့၊ ကျောကင်မရာတစ်လုံးတည်းပါ All-Metal Edition ဆိုပြီး နှစ်မျိုး ရောင်းချသွားမှာဖြစ်ပါတယ်။

                ကောလဟာလထွက်ရှိထားတာတွေအရတော့ UMIDIGI Crystal ဖုန်းနှစ်မျိုးလုံးမှာ၊ MediaTek Helio P25 Processor ၊ RAM 4GB နဲ့ 64GB Storage တို့ ပါရှိလာမှာဖြစ်ပြီး၊ ၅.၅ လက်မအကျယ် FullHD AMOLED Display နဲ့ ဖြစ်မယ်လို့ သိရပါတယ်။ ဒီသတင်းသာ အမှန်ဆိုရင်တော့ ၉၉ ဒေါ်လာစျေးက တော်တော်တန်သွားပြီလို့ ပြောရမှာပါ။

                အရင်က Umi လို့ လူသိများခဲ့တဲ့ UMIDIGI ဟာ ဒီဖုန်းကို မိတ်မဆက်ခင် တစ်ရက်အလိုတုန်းကလည်း iPhone 7 ဒီဇိုင်းကို ကူးယူထားတဲ့ UMIDIGI G စမတ်ဖုန်းကို မိတ်ဆက်ခဲ့ပါသေးတယ်။ UMIDIGI G မှာ Custom ROM မသုံးထားဘဲ Google ရဲ့ Android 7.0 Nougat ကိုပဲ အသုံးပြုထားတယ်လို့ ဆိုတာကြောင့် Crystal စမတ်ဖုန်းကလည်း Pure Android နဲ့ပဲ ဖြစ်နိုင်ပါတယ်။

                UMIDIGI ရဲ့ ဗျူဟာကတော့ အကြောက်အလန့်မရှိ တခြားစမတ်ဖုန်းတွေရဲ့ ဒီဇိုင်းကို ကူးယူပြီး၊ စျေးသက်သက်သာသာနဲ့ ပြန်ထုတ်နိုင်ဖို့လို့ ယူဆနိုင်ပါတယ်။

References
Gizchina UMIDIGI Community
About Author
Assinged Tags
Smartphones UMIDIGI UMIDIGI Crystal Xiaomi Mi MIX
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed