AR Glasses တွေကို လာမယ့်နှစ်မှာ ထုတ်လုပ်ရောင်းချနိုင်ဖို့ ကြိုးစားနေတဲ့ Apple, Facebook နဲ့ Magic Leap

date_range 30 March 2017

AR Glasses တွေကို လာမယ့်နှစ်မှာ ထုတ်လုပ်ရောင်းချနိုင်ဖို့ ကြိုးစားနေတဲ့ Apple, Facebook နဲ့ Magic Leap

visibility 440 Views

                Apple က AR Glasses တွေထုတ်လုပ်တော့မယ်လို့ ကောလဟာလသတင်းတွေ ထွက်ရှိလာပြီးတဲ့နောက် အခုတစ်ဖန်၊ Financial Times ဆိုတဲ့ Website မှာ Apple, Facebook နဲ့ Magic Leap တို့ဟာ AR Glasses တွေကို ထုတ်လုပ်ဖို့ ကြံရွယ်နေတယ်လို့ ရေးသားထားပြန်ပါတယ်။

                ယခင် ကောလဟာလသတင်းလေးကို ဒီလင့်ခ် မှာဖတ်ရှုနိုင်ပြီး အဲ့ဒီ့သတင်းထဲမှာလည်း Apple က AR နည်းပညာကို လာမယ့် iPhone မျိုးဆက်သစ်မှာ ထည့်သွင်းဖို့ရှိနေပြီး AR Glasses တွေကိုလည်း ထုတ်လုပ်သွားဖို့ရှိတယ်လို့ သိရှိခဲ့ရပေမယ့် အခု Financial Times က ရေးသားထားပုံအရကတော့ Apple ဟာ AR Glasses တွေကို ထုတ်လုပ်ဖို့ ကြိုးစားနေတာ တစ်နှစ်ခန့် ဒါမှမဟုတ် တစ်နှစ်ထက်လည်း ကြာနေပြီလို့ သိရပါတယ်။

                တရားဝင်မိတ်ဆက်မှာကတော့ နောက်နှစ်လောက်မှဖြစ်မယ်လို့ ခန့်မှန်းရပြီး Finicial Times က Apple ကို မေးမြန်းတဲ့အခါမှာတော့ Apple က ဖြေကြားဖို့ ငြင်းဆန်သွားပါတယ်။ 

                ဆက်လက်ပြီး Financial Times က ရေးသားထားတဲ့အထဲမှာ အံ့သြဖို့ကောင်းတာတစ်ခုက Magic Leap ဆိုတဲ့ နည်းပညာကုမ္ပဏီလေးပဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Magic Leap က ထုတ်လုပ်မယ့် AR Glasses ဟာ Apple နဲ့ Facebook တို့က ထုတ်လုပ်မယ့် AR Glasses တွေထက်သာမယ်လို့ ရေးသားထားလို့ပါ။ နောက်ပြီး ဒီ AR Glasses ဟာ Microsoft ရဲ့ HoloLens ကို ယှဉ်ပြိုင်ဖို့ ထုတ်လုပ်ထားတာလို့လည်း သိရပြီး ခန့်မှန်းချေ အမေရိကန်ဒေါ်လာ ၁,၀၀၀ ဝန်းကျင်ခန့် ကုန်ကျမယ်လို့လည်း သိရပါတယ်။

                တရားဝင်မိတ်မဆက်ရသေးသော်လည်း Magic Leap က ထုတ်လုပ်ရောင်းချမယ့် AR Glasses ရဲ့ နာမည်က Light-Field လို့လည်း သိရပါတယ်။ HoloLens ထက်သေးငယ်မှာဖြစ်ပါတယ်။ Financial Times က Magic Leap ကို မေးမြန်းတဲ့ အခါမှာတော့ ဖြေကြားဖို့ ငြင်းဆန်သွားပါတယ်။

                အရင်လတွေတုန်းက ကြားသိခဲ့ရတဲ့ ကောလဟာလတွေအရတော့ Apple က AR နည်းပညာကို မျိုးဆက်သစ် iPhone တွေမှာ ထည့်သွင်းတော့မယ့်ဆိုတာ သေချာသလောက်ရှိပါတယ်။ ဆက်လက်ပြီးထွက်ရှိလာတဲ့ ကောလဟာလကလည်း ရှိပါသေးတယ်။ လာမယ့် iPhone တွေမှာ AR နည်းပညာကို ပံ့ပို့ပေးနိုင်မယ့် 3D Depth-Sensing နည်းပညာလည်း ပါဝင်လာဖို့ ရှိပါတယ်တဲ့။ ဘာပဲဖြစ်ဖြစ် Apple, Facebook နဲ့ Magic Leap တို့က AR နည်းပညာမှာ သူ့ထက်ငါသာအောင် ကြိုးစားနေကြတယ်ဆိုတာကတော့ မလွဲမသွေပါပဲ။

References
9to5Mac
About Author
Assinged Tags
Microsoft Facebook Augmented Reality iPhone Smart Glasses HoloLens Magic Leap AR Glasses
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed