တန်ဖိုးနည်း စမတ်ဖုန်း ဖြစ်တဲ့ HTC Desire 12 ကို 18:9 Display နဲ့ မြင်တွေ့ရဖွယ်ရှိ

date_range 19 February 2018

တန်ဖိုးနည်း စမတ်ဖုန်း ဖြစ်တဲ့ HTC Desire 12 ကို 18:9 Display နဲ့ မြင်တွေ့ရဖွယ်ရှိ

visibility 440 Views

                ဒီနေ့မှာတော့ HTC ဟာ မျိူးဆက်သစ် စမတ်ဖုန်းဖြစ်တဲ့ HTC Desire 12 ကို၂၀၁၈ ခုနှစ်အတွင်းမှာ မိတ်ဆက်နိုင်ဖွယ် ရှိတယ်လို့ ကောလဟလ သတင်းတစ်ခု ထွက်ရှိလာပါတယ်။ Desire 12 ဟာ Entry-level (Budget) စမတ်ဖုန်းတစ်လုံး ဖြစ်ပြီး 18:9 Aspect Ratio Display ကို အသုံးပြုထားမယ့် တန်ဖိုးနည်း ဖုန်းတစ်လုံး ဖြစ်နိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။ Desire 12 ကို နောက်တစ်ပတ်ထဲမှာ စတင်ကျင်းပမယ့် MWC 2018 မှာ မြင်တွေ့နိုင်ဖွယ်ရှိပြီး Flagship စမတ်ဖုန်း ဖြစ်တဲ့ HTC U12 ကိုတော့ MWC 2018 မှာ မိတ်ဆက်နိုင်ဖွယ် မရှိဘူးလို့ ကျွမ်းကျင်သူများက ခန့်မှန်းပြောဆိုထားပါတယ်။

                Tipster တစ်ဦးဖြစ်တဲ့ Evan Blass က HTC ရဲ့ မျိူးဆက်သစ် တန်ဖိုးနည်း စမတ်ဖုန်း ဖြစ်တဲ့ HTC Desire 12 ရဲ့ Specification တစ်ချိူ့ကို သူရဲ့ Twitter အကောင့်မှာ ဖော်ပြခဲ့ပါတယ်။

                Evan Blass ရဲ့ ဖော်ပြချက်များအရ Desire 12 ရဲ့ Display အပိုင်းကို ၅.၅လက်မ မျက်နှာပြင် အကျယ်ရှိ Full-HD ဒါမှမဟုတ် HD+ Display မြင်တွေ့ရဖွယ်ရှိပြီး MediaTek SoC ကို အသုံးပြုထားနိုင်ဖွယ် ရှိပါတယ်။ RAM အနေနဲ့ 2GB ပါဝင်နိုင်ဖွယ်ရှိပြီး Internal Storage ကတော့ 16GB ပဲ ပါဝင်နိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။ ကျောဘက်မှာ 13 Megapixels Camera တစ်လုံးနဲ့ ရှေ့ဘက်မျက်နှာပြင်မှာတော့ 8 Megapixels Camera တစ်လုံးတို့ကို တပ်ဆင် အသုံးပြုထားနိုင်ဖွယ် ရှိပါတယ်။ ဘက်ထရီ သိုလှောင်မှု ပမာဏကတော့ 2730mAh ပါဝင်လာနိုင်ဖွယ်ရှိပြီး Android Oreo နဲ့ ပွဲထွက်လာနိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။

                HTC အနေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက သူတို့ရဲ့ မျိူးဆက်သစ် စမတ်ဖုန်းတွေကို ၂၀၁၈ ခုနှစ်အတွင်းမှာ မိတ်ဆက်ပေးမှာ ဖြစ်ပြီး အရေအတွက် အကန့်အသတ်နဲ့ ဖြန့်ချီသွားမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ဖူးပါတယ်။ တစ်ဖက်မှာလည်း HTC ရဲ့ Flagship မျိူးဆက်သစ် စမတ်ဖုန်း ဖြစ်တဲ့ HTC U12 ကို MWC 2018 မှာ မြင်တွေ့ရမှာ မဟုတ်ဘဲ ဧပြီလ ဒါမှမဟုတ် မတ်လ လောက်မှာ မိတ်ဆက်နိုင်ဖွယ်ရှိတယ်လို့ Android Headlines ကနေတဆင့် သိရပါတယ်။

This Article is contributed by Thaw Zin.
References
Gadgets NDTV
About Author
Assinged Tags
Smartphones Smartphone Leaks Rumors HTC Leaks HTC Desire 12
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed