တရားဝင် မိတ်ဆက်သွားမယ့် ဖေဖော်ဝါရီလ၂၅ ရက်နေ့ မတိုင်ခင် Samsung Galaxy S9 ရဲ့ Hands-On ဗီဒီယိုများ ပေါက်ကြား

date_range 26 January 2018

တရားဝင် မိတ်ဆက်သွားမယ့် ဖေဖော်ဝါရီလ၂၅ ရက်နေ့ မတိုင်ခင် Samsung Galaxy S9 ရဲ့ Hands-On ဗီဒီယိုများ ပေါက်ကြား

visibility 1620 Views

                Samsung Flagship Smartphone တွေရဲ့ မျိူးဆက်သစ်ဖြစ်တဲ့ Samsung Galaxy S9 နဲ့ S9+ ကို MWC 2018 မတိုင်ခင် ဖေဖော်ဝါရီလ ၂၅ရက်နေ့မှာ ကျင်းပမယ့် Samsung Galaxy Unpacked 2018 event မှာ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။ Samsung အနေနဲ့ Galaxy Unpacked 2018 event ရဲ့ ဖိတ်ကြားလွှာကို Samsung Newsroom မှတဆင့် မနေ့က ဖိတ်ကြားခဲ့တာဖြစ်ပြီး Galaxy S9+ လဲ ပါဝင်လိမ့်မယ်လို့ သိရပါတယ်။

                ဖိတ်စာမှာ ပါဝင်တဲ့ ဓာတ်ပုံထဲက နံပါတ် ၉ ဆိုတာ Galaxy S9 ကို ရည်ညွှန်းတယ်ဆိုတာ အားလုံး သိကြမှာပါ။ “The Camera. Reimagined” ဆိုတာကတော့ Google ရဲ့ Pixel 2 နဲ့ Pixel 2 XL တို့မှာလို Dual Pixel နည်းပညာကို အသုံးပြုသွားမယ့် အခြေအနေရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။ Dual Pixel ဆိုတာ ယနေ့ခေတ် စမတ်ဖုန်း နည်းပညာလောကမှာ ခေတ်စားနေတဲ့ Portrait Mode ကို Dual-Camera နဲ့ မဟုတ်ပဲ Single Camera နဲ့ ရိုက်ကူးနိုင်ခြင်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ဖိတ်ကြားလွှာထဲမှာ ပြောထားပုံအရ ကင်မရာအပိုင်းမှာ အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ထားတဲ့ Galaxy S9 ကို မြင်တွေ့ရဖွယ် ရှိနေပါတယ်။

                Samsung အနေနဲ့ ၂၀၁၇ခုနှစ် အောက်တိုဘာလတုန်းက ISOCELL လို့ခေါ်တဲ့ Image Sensor ၂ မျိူးကို မိတ်ဆက်ခဲ့တာကြောင့်လည်း Galaxy S9 မှာ စတင်အသုံးပြုနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။ ISOCELL Image Sensor က အလင်းရောင်နည်းတဲ့ နေရာတွေမှာတောင် အရည်အသွေးကောင်းမွန်တဲ့ ဓာတ်ပုံတွေ ဖန်တီးပေးမှာ ဖြစ်ပြီး Dual Pixel နည်းပညာအပြင် Smart WDR Feature လဲ ပါဝင်ဦးမယ်လို့ သိရပါတယ်။

                ကောလဟလသတင်းတွေအရ Galaxy S9 ရဲ့ Camera Sensor တွေက DSLR Camera တွေမှာလို Aperture f/1.5 နဲ့ f/2.4 ထိ ပါဝင်နိုင်တယ်လို့ ထင်ကြေးပေးနေကြပါတယ်။ Galaxy S9+ က Dual Camera နဲ့ ပွဲထွက်လာနိုင်ပြီး Galaxy S9 ကတော့ Single Camera နဲ့ပဲ ပွဲထွက်လာနိုင်တယ်လို့လည်း သိရပါတယ်။

                မကြာသေးမီက ပေါက်ကြားထားတဲ့ Galaxy S9 ရဲ့ ဘူးခွံမှာပါတဲ့ အချက်အလက်တွေအရ ကျောဘက်မှာ Dual Pixel နည်းပညာကို ထောက်ပံ့ပေးမယ့် 12MP Camera နဲ့အတူ Optical Image Stabilisation (OIS) လည်း ပါဝင်မှာ ဖြစ်ပြီး Slow Motion Video တွေ ရိုက်ကူးနိုင်မယ့် Super Slow-mo mode လဲ ပါဝင်မယ်လို့ သိရပါတယ်။ ရှေ့မျက်နှာပြင်မှာတော့ 8MP AF Selfie Camera နဲ့အတူ Iris Scanner ပါဝင်ဖွယ် ရှိပါတယ်။ Display ကိုတော့ ၅.၈ လက်မ မျက်နှာပြင် အကျယ်ရှိ QHD+ Super AMOLED ကို အသုံးပြုထားနိုင်ဖွယ်ရှိပြီး Galaxy S8, Galaxy A8 (2018) တို့မှာလို Rounded Corners တွေနဲ့ ဖြစ်တယ်လို့ သိရပါတယ်။

                ဒါ့အပြင် ဒီနေ့မှာလည်း Galaxy S9 ရဲ့ Hands-On ဗီဒီယိုနှစ်ခုလည်း ပေါက်ကြားထားပါသေးတယ်။ ဗီဒီယိုတွေဟာ Weibo မှ တဆင့် ပြန့်ပွားခဲ့တာ ဖြစ်ပါတယ်။ ပထမ ဗီဒီယိုက တရုတ်စာ Keyboard နဲ့ Touch Sensitivity ကို စမ်းသပ်ပြထားတာဖြစ်ပြီး Android Oreo နဲ့ဖြစ်တယ်လို့ ခန့်မှန်းပြောဆိုထားကြပါတယ်။


                ဒုတိယ ဗီဒီယိုကတော့ ရှေ့မျက်နှာပြင် Display ရဲ့ အောက်ခြေနဲ့ ထိပ်ပိုင်းကိုသာ ပြသသွားတာ ဖြစ်ပြီး ၂၀၁၇ခုနှစ် နိုဝင်ဘာလ တုန်းက ထွက်ရှိခဲ့တဲ့ ဗီဒီယို ဖြစ်ပါတယ်။ ဖုန်းပိတ်ထားတဲ့ အနေအထားသာ ဖြစ်တဲ့အတွက် အတုလား၊ အစစ်လားဆိုတာကိုတော့ အတိအကျ သိနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် သေချာတာတစ်ခုကတော့ ဒုတိယဗီဒီယိုက စက်ရုံထဲမှာ ရိုက်ကူးထားတာဖြစ်ပြီး အလုပ်သမား တစ်ယောက်ယောက်က Galaxy S9 ကို တပ်ဆင်ရင်းနဲ့ ရိုက်ကူးထားတာ ဖြစ်နိုင်ပါတယ်။


                Galaxy S9 က 147.6 x 68.7 x 8.4 mm အရွယ်အစားနဲ့ Galaxy S9+ ကတော့ 157.7 x 73.8 x 8.5 mm အရွယ်အစား ရှိနိုင်တယ်လို့ SlashGear ကနေ တဆင့် သိရပါတယ်။ ဒါ့အပြင် Galaxy S9 နဲ့ S9+ တို့က Galaxy S8 ထက်ပိုပါးလာမှာ ဖြစ်ပြီး မျက်နှာပြင်လဲ ပိုမိုကျယ်ပြန့်လာမှာ ဖြစ်တဲ့အပြင် အလျားလဲ ပိုတိုလာမယ်လို့ သိရပါတယ်။

                ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက ထွက်ရှိခဲ့တဲ့ ကောလဟလများအရ Galaxy S9 နဲ့ S9+ တို့က Qualcomm ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ Snapdragon 845 Processor နဲ့ ပွဲထွက်လာနိုင်ဖွယ် ရှိပြီး Global Version တွေကိုတော့ မကြာသေးမီက မိတ်ဆက်ထားတဲ့ Samsung ရဲ့  Exynos 9810 SoC နဲ့ ပွဲထွက်လာနိုင်ဖွယ် ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။

                RAM အနေနဲ့ Galaxy S9 မှာ 4GB ပါဝင်ဖွယ်ရှိပြီး Galaxy S9+ မှာတော့ 6GB နဲ့ ပွဲထွက်လာဖွယ် ရှိပါတယ်။ Storage အပိုင်းမှာ 64GB နဲ့ 128GB ၂ မျိူး ထုတ်လုပ်နိုင်ဖွယ် ရှိပြီး Galaxy S9+ ရဲ့ 512GB မော်ဒယ်လ် ကိုတော့ တချိူ့စျေးကွက်တွေမှာပဲ ရောင်းချသွားမယ်လို့ သိရပါတယ်။

This Article is contributed by Thaw Zin.
References
Gadgets NDTVd
About Author
Assinged Tags
Samsung Smartphones Smartphone Leaks Rumors Galaxy S9 Leaks Galaxy S9+
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed