Xiaomi ရဲ့ မျိူးဆက်သစ် စမတ်ဖုန်းတွေဖြစ်တဲ့ Mi 7 နဲ့ Mi 6X တို့ရဲ့ ဓာတ်ပုံများ ပေါက်ကြား

date_range 24 January 2018

Xiaomi ရဲ့ မျိူးဆက်သစ် စမတ်ဖုန်းတွေဖြစ်တဲ့ Mi 7 နဲ့ Mi 6X တို့ရဲ့ ဓာတ်ပုံများ ပေါက်ကြား

visibility 4860 Views

                Mi 6X က ၂၀၁၇ ခုနှစ် ဇူလိုင်လက မိတ်ဆက်ပေးခဲ့တဲ့ Mi 5X ရဲ့ မျိူးဆက်သစ် ဖြစ်ပါတယ်။ Mi 5X ကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ Mi A1 နာမည်နဲ့ မိတ်ဆက်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာအနှံ့က နိုင်ငံတော်တော်များများမှာ ရောင်းချပေးခဲ့ပါတယ်။ Mi A1 ဟာ Google နဲ့ပူးပေါင်း ထုတ်လုပ်ထားတာဖြစ်ပြီး Android One လို့ခေါ်တဲ့ Pure Android OS သုံး စမတ်ဖုန်းတစ်လုံး ဖြစ်ပါတယ်။

                တစ်ဖက်မှာလည်း Xiaomi ရဲ့ မျိုးဆက်သစ် Flagship Smartphone ဖြစ်တဲ့ Mi 7 ကို ဘာစီလိုနာမြို့မှာ ဖေဖော်ဝါရီလ ၂၆ ရက်ကနေ မတ်လ ၁၁ ရက်နေ့ထိ ကျင်းပသွားမယ့် Mobile World Congress (MWC) 2018 မှာ မိတ်ဆက်ပြသသွားဖွယ် ရှိတယ်လို့ ကျွမ်းကျင်သူများက ခန့်မှန်းထားကြပါတယ်။

                Mi 7 နဲ့ ပက်သတ်ပြီး နောက်ဆုံး ထွက်ရှိလာတဲ့ Render Image တွေကတော့ Naijatech ဆိုတဲ့ နည်းပညာ ဝက်ဆိုက်မှာ ပေါက်ကြားခဲ့တာ ဖြစ်ပါတယ်။ ဓာတ်ပုံကတော့ Mi 7 ရဲ့ နောက်ကျောဘက် ဓာတ်ပုံဖြစ်ပြီး Dual Camera Setup နဲ့အတူ LED Flash Light တို့ကို အလျားလိုက် တစ်တန်းတည်းထား၊ ထားတာကို တွေ့ရပါတယ်။


                ဒါ့အပြင် တရုတ်နိုင်ငံရဲ့ စမတ်ဖုန်းသတင်း ဝက်ဆိုက်တစ်ခုဖြစ်တဲ့ CNMO မှတဆင့်လည်း Mi 7 ရဲ့  ရှေ့မျက်နှာပြင်နဲ့ နောက်ကျောဘက် ဓာတ်ပုံများ ပေါက်ကြားခဲ့ပါသေးတယ်။ ပေါက်ကြားထားတဲ့ ဓာတ်ပုံတွေအရ Mi 7 ရဲ့  Fingerprint Sensor က ကျောဘက်မှာဘဲ ပါဝင်ဖွယ်ရှိပြီး Mi Mix 2 လို ဒီဇိုင်းမျိူးနဲ့ ပွဲထွက်လာနိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။


                Mi Mix 2 လို ဒီဇိုင်းဆိုပေမယ့် Mi Mix 2 က အပေါ်ဘက်မှာ Bezel မပါဝင်ဘဲ ဖုန်းရဲ့ အောက်ခြေမှာသာ Front Camera နဲ့အတူ Bezel ပါဝင်တာ ဖြစ်ပြီး Mi 7 ရဲ့ Display ကတော့ Mi Mix 2 နဲ့ ပြောင်းပြန်ဖြစ်ပါတယ်။ Mi 7 ကို ၆ လက်မအကျယ်ရှိ 18:9 OLED Display ကို အသုံးပြုနိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။

                Xiaomi ရဲ့ CEO ဖြစ်တဲ့ Lei Jun က အသစ်ထွက်ရှိလာမယ့် Flagship Smartphone တွေမှာ Snapdragon 845 Processor ကို အသုံးပြုသွားမှာ ဖြစ်တယ်လို့ ကြေညာသွားခဲ့ပါတယ်။ ဒါ့ကြောင့် Xiaomi ရဲ့ Flagship Smartphone ဖြစ်တဲ့ Mi 7 ကလည်း Qualcomm ရဲ့ Snapdragon 845 Processor နဲ့ ပွဲထွက်လာနိုင်ပြီး Face Unlock Feature လဲ ပါဝင်လာနိုင်တယ်လို့ ခန့်မှန်းပြောဆို နေကြပါတယ်။


                Mi 6X ရဲ့ ဓာတ်ပုံတချိူ့လည်း Weibo နဲ့ Slashleak တို့မှ တစ်ဆင့် ပေါက်ကြားထားပါသေးတယ်။ ပေါက်ကြားထားတဲ့ ဓာတ်ပုံတွေအရ Mi 6X က Aspect Ratio 18:9 ရှိတဲ့ Full-screen Display ကို အသုံးပြုထားနိုင်ပြီး iPhone X ရဲ့ Dual Camera ပုံစံမျိူးနဲ့ ပွဲထွက်လာနိုင်ပါတယ်။


                Slashleak မှ ပေါက်ကြားထားတဲ့ ဓာတ်ပုံမှာဆိုရင် ဖုန်းရဲ့ နောက်ကျောဘက်မှာ အပေါက်လေးတစ်ပေါက် ပါဝင်နေတာကို တွေ့ရမှာပါ။ အဲ့ဒီ အပေါက်လေးက Fingerprint Sensor အတွက် ဖြစ်နိုင်တယ်လို့ ထင်ကြေးပေးနေကြပါတယ်။ Mi 5X တုန်းက Mi A1 နာမည်နဲ့ အိန္ဒိယမှာ မိတ်ဆက်ခဲ့သလို Mi 6X ကိုလဲ Mi A2 နာမည်နဲ့ အိန္ဒိယမှာ မိတ်ဆက်နိုင်တယ်လို့ ထင်ကြေးပေးနေကြပြီး Mi 6X ကို ၂၀၁၈ နှစ်လယ်ပိုင်းလောက်မှာ မြင်တွေ့ရနိုင်တယ်လို့ ခန့်မှန်းပြောဆိုနေကြပါတယ်။

This Article is contributed by Thaw Zin.
References
GadgetsNDTV
About Author
Assinged Tags
Xiaomi Smartphone Leaks Leaks Mi A1 Mi 7 Mi 6X Mi A2
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed