Xiaomi Mi Max 3 ရဲ့ ဓာတ်ပုံ၊ ဈေးနှုန်းနဲ့ Specification တချို့ ပေါက်ကြား

date_range 17 January 2018

Xiaomi Mi Max 3 ရဲ့ ဓာတ်ပုံ၊ ဈေးနှုန်းနဲ့ Specification တချို့ ပေါက်ကြား

visibility 6860 Views

                ဒီနေ့မှာတော့ Xiaomi Mi Max series တွေရဲ့ မျိူးဆက်သစ် ဖြစ်တဲ့ Mi Max 3 ရဲ့ ဓာတ်ပုံနဲ့ Specification တချိူ့ ပေါက်ကြားခဲ့ပါတယ်။ ကောလဟလ သတင်းတွေအရ Mi Max 3 ဟာ 18:9 Aspect Ratio ရှိ ၆.၉၉ လက်မ မျက်နှာပြင်အကျယ် Display နဲ့ Phablet အမျိူးအစားဖြစ်တယ်လို့ GizmoChina က ဆိုပါတယ်။


                Display အပိုင်းမှာ 1080x 2160 pixels Resolution ရှိပြီး Pixel Density 345 ppi ရှိမယ့် ၆.၉၉ လက်မ မျက်နှာပြင်အကျယ်နဲ့ Full-HD+ Display ကို အသုံးပြုထားမှာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် မေလတုန်းက ထွက်ရှိခဲ့တဲ့ Mi Max 2 မှာ Qualcomm ရဲ့ Snapdragon 625 Processor ကို အသုံးပြုခဲ့တာဖြစ်ပြီး Mi Max 3 ကတော့ Snapdragon 635 Processor နဲ့ ထွက်ရှိလာမယ်လို့ သိရပါတယ်။


                Storage 64GB, RAM 3GB Version မော်ဒယ်နဲ့ Storage 128GB, RAM 4GB Version မော်ဒယ် ဆိုပြီး ၂မျိူး ထွက်ရှိမှာ ဖြစ်ပါတယ်။ Storage 128GB, RAM 4GB Version မော်ဒယ်မှာတော့ Snapdragon 660 Processor ကို အသုံးပြုနိုင်ဖွယ် ရှိပါတယ်။ Storage မလောက်ဘူး ဆိုရင်လည်း 256GB ထိ ထပ်စိုက်နိုင်မယ်လို့ သိရပါတယ်။

                Camera အပိုင်းမှာတော့ ကျောဘက်မှာ 12-Megapixel Dual Camera ပါဝင်ဖွယ်ရှိပြီး Front Camera ကိုတော့ 5-Megapixel Camera ကို အသုံးပြုထားနိုင်တယ်လို့ သိရပါတယ်။ Battery သိုလှောင်မှု ပမာဏ 5500mAh ပါဝင်မှာ ဖြစ်ပြီး Reverse Charging နဲ့ Qualcomm Quick Charge 3.0 support ပေးမှာ ဖြစ်ပါတယ်။ Reverse Charging ဆိုတာကတော့ ဖုန်းကို Power Bank တစ်ခုလို အသုံးပြုနိုင်တဲ့ နည်းပညာဖြစ်ပြီး တခြားဖုန်းများကို အားပြန်သွင်းပေးနိုင်မှာ ဖြစ်ပါတယ်။ Fingerprint Sensor ကိုတော့ အရင်မော်ဒယ်တွေမှာလိုဘဲ ကျောဘက်မှာ တွေ့ရမှာပါ။

                Xiaomi Mi Max 3 ကို ၂၀၁၈ ခုနှစ် ဇွန်လအတွင်းမှာ မိတ်ဆက်နိုင်ဖွယ်ရှိပြီး၊ 64GB မော်ဒယ်အတွက် စျေးနှုန်းကတော့ တရုတ်ငွေ ၁၆၉၉ ယွမ် ( မြန်မာငွေ ၃၅၀၀၀၀ ကျပ် ဝန်းကျင်) ကျသင့်နိုင်တယ်လို့ သိရပါတယ်။

This Article is contributed by Thaw Zin.
References
Gadgets NDTV GizMoChina
About Author
Assinged Tags
Xiaomi Smartphone Leaks Leaked information Mi Max 2 Mi Max Leaks Mi Max 3
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed