Samsung ရဲ့ Infinity Display ကို Galaxy A5 (2018) ဖုန်းနဲ့ Mid-Range Galaxy A စီးရီးမှာ စတင်မြင်တွေ့ရမည်

date_range 18 November 2017

Samsung ရဲ့ Infinity Display ကို Galaxy A5 (2018) ဖုန်းနဲ့ Mid-Range Galaxy A စီးရီးမှာ စတင်မြင်တွေ့ရမည်

visibility 39780 Views

                Bezel-less Display တွေထဲမှာ Personal အရ အကြိုက်ဆုံးကို ပြောပါဆိုရင် Samsung ရဲ့ Infinity Display ကိုပဲ ရွေးချယ်ရမှာပါ။ ဒါပေမယ့် ‘Infinity Display’ ကို လက်ရှိ Galaxy စမတ်ဖုန်းတွေထဲမှာ Flagship တဖြစ်လဲ အမြင့်ဆုံးမော်ဒယ်တွေဖြစ်တဲ့ “Galaxy S8”“Galaxy S8+” နဲ့ “Galaxy Note 8” စမတ်ဖုန်းတွေမှာပဲ တွေ့မြင်ရပါသေးတယ်။ 

                ဒါပေမယ့် လာမယ့်နှစ်အတွင်းမှာတော့ Mid-Range စမတ်ဖုန်းတွေဖြစ်တဲ့ Galaxy A စီးရီးစမတ်ဖုန်းတွေမှာလည်း ဒီ Infinity Display ကို စတင်မြင်တွေ့ရတော့မယ်လို့ Sam Mobile ရဲ့ Report တစ်ခုအရ သိရှိရပါတယ်။ Sam Mobile ဟာ Samsung စမတ်ဖုန်းတွေနဲ့ ပတ်သတ်ရင် မှန်ကန်တိကျလေ့ရှိတဲ့ Media တစ်ခုဖြစ်သလို၊ တခြားစမတ်ဖုန်းကုမ္ပဏီတွေကလည်း အခုဆိုရင် သူတို့ရဲ့ Mid-Range လို့ပြောရမယ့် စမတ်ဖုန်းတွေမှာ Bezel-less 18:9 Aspect Ratio Display တွေ သုံးလာပြီဆိုတော့ Samsung လည်း စျေးကွက်နောက်ကျမကျန်အောင် လိုက်တော့မယ်လို့ ယူဆရပါတယ်။

                Browser Performance စစ်ဆေးတဲ့ Website တစ်ခုဖြစ်တဲ့ HTML5Test Website မှာ Galaxy A5 (2018) လို့ ယူဆရတဲ့ Model Number Samsung SM-A530F စမတ်ဖုန်းကို စတင်တွေ့ရှိခဲ့ပြီး၊ အရင် A5 (2017) တုန်းက မော်ဒယ်နံပါတ်က SM-A520 ဖြစ်ခဲ့ပြီး၊ A5 (2016) က SM-A510 နဲ့ Original A5 တုန်းက SM-A5000 ဆိုတော့ အခုမော်ဒယ်နံပါတ် SM-A530F က Galaxy A5 (2018) ဖြစ်ဖို့ သေချာနေတာပါ။


                စစ်ဆေးထားတဲ့ Test တွေအရ ယခုဖုန်းမှာ Android 7.1.1 Nougat နဲ့ 846 x 412 pixels Display ကို အသုံးပြုထားတာ တွေ့ခဲ့ရပါတယ်။ Device Test တွေမှာ အစောပိုင်းစစ်ဆေးမှုတွေက Resolution ချပြီး စမ်းသပ်လေ့ရှိသလို၊ Samsung အနေနဲ့ A စီးရီး Latest Model မှာ ဒီလို Resolution မသုံးဖို့က သေချာပါတယ်။ ဒါပေမယ့် Resolution ရဲ့ Aspect Ratio ကို ကြည့်မယ်ဆိုရင် 18.5:9 Aspect Ratio Display ကို အသုံးပြုထားတာကို တွေ့ရှိရမှာပါ။ 18.5:9 Aspect Ratio ဟာ Galaxy S8 နဲ့ Note 8 တွေမှာ အသုံးပြုထားတဲ့ “Infinity Display” ရဲ့ Ratio အတိုင်းပဲဖြစ်တာကြောင့်၊ Galaxy A5 (2018) မှာ Infinity Display ကို မြင်တွေ့ရဖွယ် ရှိနေပါတယ်။

                GeekBench ရဲ့ Benchmark Result မှာလည်း Samsung SM-A530F မော်ဒယ်နံပါတ်အတူတူပဲဖြစ်တဲ့ ဖုန်းမှာ Octa-core Exynos 7885 Chipset ကို အသုံးပြုထားတာ တွေ့ရှိရပြီး၊ RAM 4GB ပါဝင်လာတာလည်း တွေ့ရပါတယ်။ Galaxy A5 (2017) မှာတုန်းက 3GB RAM သာ ပါဝင်ခဲ့တာကြောင့် ကောင်းမွန်တဲ့ Upgrade လို့ ပြောရမှာပါ။


                Samsung Galaxy A5 (2018) ကို လာမယ့် ၂၀၁၈ ခုနှစ်၊ အစောပိုင်းမှာ စတင်မိတ်ဆက်နိုင်ခြေ ရှိပါတယ်။

References
Forbes Phone Arena
About Author
Assinged Tags
Samsung Infinity Display Galaxy A5 (2018) SM-A530F Galaxy A Series
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed