အောက်တိုဘာ ၃၁ ရက်နေ့မှာ မိတ်ဆက်ဖွယ်ရှိတဲ့ Nokia 2 စမတ်ဖုန်းရဲ့ Specifications တွေ စတင်ထွက်ပေါ်လာ

date_range 31 October 2017

အောက်တိုဘာ ၃၁ ရက်နေ့မှာ မိတ်ဆက်ဖွယ်ရှိတဲ့ Nokia 2 စမတ်ဖုန်းရဲ့ Specifications တွေ စတင်ထွက်ပေါ်လာ

visibility 440 Views

                Nokia အမှတ်တံဆိပ်ဖုန်းထုတ်လုပ်ခွင့်ရရှိထားတဲ့ HMD Global ရဲ့ နောက်ထပ် Nokia ဖုန်းမော်ဒယ်အသစ်တစ်ခုကတော့ မကြာမီထွက်ပေါ်လာဖို့ ရှိပါတယ်။

                Nokia တံဆိပ် တန်ဖိုးနည်း Android ဖုန်းဖြစ်မယ့် Nokia 2 ရဲ့ Specifications အချို့ကို လွန်ခဲ့တဲ့ရက်က Benchmark စစ်ဆေးတဲ့ AnTuTu website မှာ စတင်မြင်တွေ့ခဲ့ရပြီဖြစ်ပြီး၊ Codename TA-1035 အမည်နဲ့ ဖြစ်ပါတယ်။


                AnTuTu မှာ စစ်ဆေးထားတဲ့ Information အရ Nokia 2 လို့ ယူဆရတဲ့ ယခုစမတ်ဖုန်းဟာ Snapdragon 212 SoC ကို အသုံးပြုထားတာ တွေ့ရပြီး၊ 1280x720 pixels HD Display နဲ့ ဖြစ်ပါတယ်။ Display အရွယ်အစားနဲ့ အမျိုးအစားကိုတော့ AnTuTu မှာ မတွေ့ရပေမယ့် ဒီ Resolution လောက်နဲ့ဆို Display က ၅ လက်မအကျယ်လောက်ပဲ ဖြစ်မှာပါ။ တချို့ Rumors တွေမှာတော့ ၄.၇ လက်မလို့ ဆိုထားပါတယ်။

                ဘာပဲပြောပြော ဒီအချက်တွေနဲ့တင် Nokia 2 ဟာ သူ့အရင်ထွက်ထားတဲ့ Nokia 3, 5, 6, 8 တို့ထက် စျေးတော်တော်သက်သာမယ့်ပုံစံရှိပြီး၊ ဖွံ့ဖြိုးဆဲစျေးကွက်ကို ထိုးဖောက်မယ့် ဖုန်းတစ်ခုလို့ ယူဆရပါတယ်။ RAM အနေနဲ့ 1GB သာ ရှိပြီး၊ Internal Storage ကလည်း 8 GB ပဲ ပါရှိမှာပါ။ microSD Card Slot ပါလား ဆိုတာကိုတော့ မသိရသေးပါဘူး။ ကင်မရာအနေနဲ့ 5MP ကျောကင်မရာနဲ့ 8MP ရှေ့ကင်မရာတို့ ပါဝင်လာဖွယ် ရှိပြီး၊ Android 7.1 Nougat နဲ့ စထွက်လာမှာပါ။

                Nokia 3 ကို မြန်မာငွေ တစ်သိန်းရှစ်သောင်းဝန်းကျင်လောက်နဲ့ စတင်ရောင်းချခဲ့တာကို ကြည့်မယ်ဆိုရင် Nokia 2 က ဒီထက်စျေးနည်းဖို့ပဲရှိပြီး၊ မြန်မာငွေတစ်သိန်းစွန်းစွန်းလောက်နဲ့ ထွက်လာနိုင်ပါတယ်။

                HMD Global အနေနဲ့လည်း အောက်တိုဘာလ (၃၁) ရက်နေ့ကျရင် အိန္ဒိယနိုင်ငံမှာ ပစ္စည်းသစ်မိတ်ဆက်ပွဲတစ်ခု လုပ်ဖို့ ဖိတ်ကြားစာတွေ ပို့ထားပြီးဖြစ်တာကြောင့်၊ ဒီပွဲမှာ Nokia 2 ကို တရားဝင်မိတ်ဆက်နိုင်ပါတယ်။

                နာမည်ကြီးမိုဘိုင်းသတင်းထောက်တစ်ယောက်ဖြစ်တဲ့ Evan Blass @evleaks ကိုယ်တိုင်ကလည်း မကြာသေးမီတုန်းက သူ့ရဲ့ Twitter Account မှာ Nokia 2 လို့ နာမည်ပေးထားတဲ့ Nokia ဖုန်းဓာတ်ပုံတွေကို ကြို တင်ထားပြီးပါပြီ။ Evan Blass တင်တဲ့ဓာတ်ပုံဆိုတော့ ဒီအတိုင်းပဲ တကယ်ထွက်ရှိလာဖို့ သေချာသလောက်ကို ရှိပါတယ်။

References
Indian Express Evan Blass
About Author
Assinged Tags
Smartphones Nokia HMD Global Rumors Specifications AnTuTu AnTuTu Benchmark Nokia 2
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed