OnePlus 5T ကို ရိုက်ကူးထားတဲ့ ဓာတ်ပုံထွက်ပေါ်လာ

date_range 27 October 2017

OnePlus 5T ကို ရိုက်ကူးထားတဲ့ ဓာတ်ပုံထွက်ပေါ်လာ

visibility 4660 Views

                နောက်ထပ်ထွက်လာမယ်လို့ သတင်းတွေထွက်နေတဲ့ ဖုန်းတွေထဲမှာ Android ပရိတ်သတ်တွေ စိတ်အဝင်စားဆုံးဖုန်းကတော့ One Plus 5T ဖြစ်မှာအမှန်ပါပဲ။ ဒီဖုန်းအတွက်လည်း ကောလာဟလတွေကတော့ ဆက်တိုက်ကို ထွက်ပေါ်နေတာပါ။ 

                ကျနော်တို့အနေနဲ့ ဒီ OnePlus 5T ဖုန်းရဲ့ ရှေ့ပြေးဒီဇိုင်း ဖြစ်နိုင်ဖွယ်ရှိတဲ့ ပုံစံတွေကို ပေါက်ကြားမှုအချို့ကနေ တွေ့မြင်ခဲ့ကြရပေမယ့် ဒီ ဒီဇိုင်းတွေဟာ အတည်လို့တော့ ပြောလို့မရခဲ့ပါဘူး။ ဒါပေမယ့် ဒီနေ့ တရုတ် Social Media တစ်ခုဖြစ်တဲ့ Weibo မှာတော့ One Plus 5T ကို တစ်စုံတစ်ယောက်က ကိုင်ထားတဲ့ ဓာတ်ပုံတစ်ပုံကို တွေ့ရှိခဲ့ရပြီး၊ ကျနော်တို့ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်တာကို တွေ့မြင်ခဲ့ရပါတယ်။


                Weibo က ဓာတ်ပုံမှာ 18:9 Aspect Ratio Display နဲ့ ဖုန်းတစ်လုံးကို တွေ့ရှိခဲ့ရပြီး၊ Screen အပေါ်နဲ့ အောက်မှာရှိတဲ့ ဘောင်တွေဟာ အရင်ကထွက်ခဲ့တဲ့ဓာတ်ပုံတွေထက် ပိုမိုပါးလွှာနေတာကို တွေ့ရှိခဲ့ရပါတယ်။ ဒီဓာတ်ပုံထဲမှာ အရင်ကထွက်ခဲ့တဲ့ ဓာတ်ပုံတွေလိုတော့ ဖုန်းရဲ့ ဘယ်ဘက်အပေါ်နားမှာ OnePlus ဖုန်းတွေရဲ့ Trademark ဖြစ်တဲ့ 'Alert Silder' မပါလာတာကို သတိထားမိပါတယ်။ ဒါပေမယ့်လည်း ဒီအချက်နဲ့တော့ ဒီဓာတ်ပုံက One Plus 5T မဟုတ်ဘူးလို့တော့ ပြောလို့မရပါဘူး။ ပုံစံနှစ်ခုလုံးဟာ Specification မတူတဲ့ One Plus 5T အမျိုးအစားနှစ်မျိုးလဲ ဖြစ်နိုင်တာပါပဲ။

                သေချာတာတစ်ခုကတော့ One Plus 5T ဟာ ထွက်လာဖို့ ပြင်ဆင်နေပြီဆိုတာပါပဲ။ ဒီအချက်ကို OnePlus ရဲ့ တည်ထောင်သူတစ်ယောက်ဖြစ်တဲ့ Carl Pei ဟာ သူ့ရဲ့ Twitter မှာလည်း အခုလို သဲလွန်စပေးထားပါသေးတယ်။ 

                ဒီ Tweet အရဆို အရင်ကကြားခဲ့သလို OnePlus 5 ရဲ့ 16MP+20MP Dual Rear Camera ကို Dual 20MP Rear Camera အဖြစ် နည်းနည်း Upgrade လုပ်ပြီး ထုတ်မယ့်ပုံပါပဲ။ နာမည်ကြီးမိုဘိုင်းသတင်းထောက်တစ်ဦးဖြစ်တဲ့ Evan Blass ကလည်း OnePlus 5T ကို နိုဝင်ဘာ ၂၀ ရက်နေ့နောက်ပိုင်းမှာ တွေ့မြင်ရဖွယ်ရှိတယ်လို့ ဆိုတာကြောင့် တရားဝင်မြင်ရဖို့ သိပ်တော့ကြာမှာမဟုတ်တော့ပါဘူး။

This Article is Contributed by YLin
References
Ausdroid
About Author
Assinged Tags
Smartphones Rumors OnePlus 5 OnePlus OnePlus 5T
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed