Slow Motion Video တွေအတွက် 1000 fps အထိရိုက်ကူးနိုင်တဲ့ Camera ကို Samsung စမ်းသပ်နေ

date_range 19 September 2017

Slow Motion Video တွေအတွက် 1000 fps အထိရိုက်ကူးနိုင်တဲ့ Camera ကို Samsung စမ်းသပ်နေ

visibility 1000 Views

                Samsung အနေနဲ့ Slow Motion Video တွေကို 1000 fps အထိရိုက်ကူးနိုင်တဲ့ Camera ကို စမ်းသပ်နေတယ်လို့သိရှိထားရပါတယ်။ လက်ရှိအချိန်မှာ စမ်းသပ်အောင်မြင်တယ်ဆိုရင် ထုတ်လုပ်မှုကို နို၀င်ဘာလလောက်မှာ စတင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဒီ Camera ဟာ Samsung Galaxy S9 မှာ ပါ၀င်လာဖွယ်ရှိတယ်လို့ အကြမ်းဖျင်းယူဆလို့ရပါတယ်။

                ဒါဆိုရင် Samsung ဟာ ဒီ Camera အသစ်မှာ 1000 fps အထိရိုက်ကူးနိုင်ဖို့အတွက် ဘယ်လိုနည်းပညာတွေထည့်သွင်းပေးထားလဲဆိုတာ မေးခွန်းထုတ်စရာပါပဲ။ Samsung ဟာ ဒီလို 1000 fps အထိ ပုံရိပ်တွေကိုဖမ်းယူနိုင်အောင် “Three-Layered Image Sensor” ကိုထုတ်လုပ်ပေးဖို့ကြိုးစားနေတာဖြစ်ပါတယ်။ 

                သာမန် Camera တွေအနေနဲ့ Camera Sensor တစ်ခုနဲ့ ပုံရိပ်တွေကိုဖမ်းယူဖို့အတွက် Logic Board တစ်ခုပါ၀င်ပါတယ်။ Logic Board အနေနဲ့ Camera Sensor ကနေ ဖမ်းယူထားတဲ့ ပုံရိပ်တွေကို ယူပြီး ဖုန်းအတွင်းမှာသိမ်းဆည်းထားလို့ရမယ့် Data အဖြစ်ပြောင်းလဲပေးပါတယ်။ ဒီနေရာမှာ Samsung ဟာ DRAM Chip တစ်ခုထည့်သွင်းပြီးတော့ ဗီဒီယိုရိုက်ကူးတဲ့အခါမှာ 1000 fps အထိရိုက်ကူးလို့ရအောင် ကြိုးစားနေတာပဲဖြစ်ပါတယ်။ တကယ်လို့သာ 1000 fps အထိရရှိခဲ့မယ်ဆိုရင်တော့ Sony ထက် Camera ပိုင်းမှာ အနည်းငယ်သာသွားပြီလို့ပြောလို့ရပါတယ်။

                ဒါပေမယ့်လည်း Samsung ဟာ Three-Layered Image Sensor ကိုအသုံးပြုတဲ့ ပထမဦးဆုံး OEM တော့မဟုတ်ပါဘူး။ Sony ဟာ စမတ်ဖုန်းကင်မရာတွေထဲမှာ ပထမဆုံးအနေနဲ့ Camera မှာပဲ Memory-On-Chip ကို ထည့်သွင်းထားနိုင်တဲ့ Brand တစ်ခုဖြစ်ပါတယ်။ သူရဲ့ အဲ့ဒီ Camera Sensor ကို Motion Eye Camera ကို နာမည်တပ်လိုက်ပြီး Sony Xperia XZ Premium ကနေ Xperia XZs, XZ1 ဖုန်းတွေမှာပါ တပ်ဆင်အသုံးပြုနေတာဖြစ်ပါတယ်။ Sony Xperia XZ Premium မှာဆို 720p Resolution အတွက် Slow Motion Video တွေကို 960 fps အထိရိုက်ကူးနိုင်တဲ့ Three-Layered Image Sensor အသုံးပြု Camera ပါ၀င်ခဲ့ပါတယ်။ ဒါပေမယ့် Samsung ဟ, Sony နဲ့ နည်းပညာပုံစံချင်း တူညီပေမယ့်၊ Camera ကိုပြုလုပ်ပုံချင်းတော့ တူညီမှာမဟုတ်ဘူးလို့ သိရှိရပါတယ်။

                Samsung ဟာ Sony ရဲ့ Camera ကိုအသုံးပြုမယ့်အစား ကိုယ်ပိုင် Camera ကိုပြုလုပ်ဖို့ ပိုအားသန်နေတာကိုလည်းတွေ့ရှိရပါတယ်။ ဒါ့အပြင် Samsung ကိုယ်တိုင်ကလည်း အဆက်အသွယ်ပေါင်းမြောက်များစွာရှိတဲ့ နည်းပညာကုမ္ပဏီကြီးဖြစ်နေတာမို့ Chip အသစ်တွေကိုစမ်းသပ်ထုတ်လုပ်ဖို့ ကြိုးစားတဲ့အခါမှာလည်း အခက်အခဲမရှိလောက်ပါဘူး။ ဆက်လက်သိရှိထားရသလောက်က Samsung ရဲ့ အသစ်ထုတ်လုပ်မယ့် Camera ဟာ Sony ရဲ့ Camera ထက် Performance ပိုမိုကောင်းမွန်မယ်လို့ဆိုပါတယ်။ 

                Samsung ဟာ လက်ရှိအချိန်မှာ US စမတ်ဖုန်းစျေးကွက်ထဲက Flagship စမတ်ဖုန်းတွေအတွက် Sony ရဲ့ Camera Sensor တွေကိုအသုံးပြုထားပြီး၊ ကုမ္ပဏီအခြေစိုက် တောင်ကိုရီးယားနိုင်ငံက စမတ်ဖုန်းစျေးကွက်နဲ့ အခြား အာရှစျေးကွက်တွေမှာတော့ ကိုယ်ပိုင် Camera Sensor အသုံးပြုထားတာကို တွေ့ရှိရပါတယ်။ ဒါကြောင့်မို့လို့ ဒီ Camera Sensor အသုံးပြုပြီးထွက်ရှိလာမယ့်လို့ခန့်မှန်းရတဲ့ Galaxy S9 ဟာ US စျေးကွက်မှာတော့ တွေ့မြင်ရမယ်မထင်ပါဘူး။

                လက်ရှိအချိန်မှာတော့ ဘယ်လိုနည်းပညာတွေအသုံးပြုပြီး ဒီလိုမျိုး Slow Motion Video တွေကို 1000 fps အထိရိုက်ကူးနိုင်မယ်ဆိုတာကို အတိအကျမသိရှိရသေးဘဲ၊ Resolution အတွက်ကိုလည်း အတိအကျပြောကြားထားခြင်းမရှိသေးပါဘူး။ ဒါကြောင့်မို့လို့ ကျွန်တော်တို့အနေနဲ့ Samsung ဘက်ကနေ ဘယ်လိုနည်းပညာအသစ်တွေနဲ့ Camera ကိုကောင်းမွန်အောင်ပြုလုပ်ထားမလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

References
Android Authority Android Community
About Author
Assinged Tags
Samsung Sony Camera Video Slow Motion 1000 fps Samsung Galaxy S9
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed