ကွန်ပျူတာကို အလိုအလျောက်ခိုင်းစေနိုင်စေမယ့် Ellp Software

date_range 06 June 2017

ကွန်ပျူတာကို အလိုအလျောက်ခိုင်းစေနိုင်စေမယ့် Ellp Software

visibility 2180 Views

                ကိုယ်အသုံးပြုနေတဲ့ ကွန်ပျူတာကို ညအချိန်ရောက်တာနဲ့ အသံပိတ်သွားအောင်၊ သီချင်းနားထောင်ဖို့ နားကြပ်တပ်လိုက်တဲ့ အချိန်မှာ Music Player ကို ဖွင့်ပေးနိုင်မယ် အစရှိတဲ့ Functions တွေကို အလိုအလျောက်ဆောင်ရွက်သွားနိုင်စေမယ့် Software တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ အဲ့ဒါကတော့ Ellp Software ပါ။ 

                လောလောဆယ်တော့ Ellp က Windows အတွက်ပဲ Software ထွက်ရှိသေးတာဖြစ်ပြီးတော့ လက်ရှိအချိန်မှာ Stable Version မဟုတ်သေးပဲနဲ့ Beta Version ပဲရှိနေသေးတာဖြစ်ပါတယ်။ Trial Version မဟုတ်ပဲ Free Version ဖြစ်ပြီးတော့ လောလောဆယ်မှာတော့ ကြော်ငြာတွေလည်း ပါဝင်ခြင်းမရှိသေးပါဘူး။ 

                Ellp က ဒီ Link (https://www.ellp.com) ကနေ Download ရယူနိုင်မှာဖြစ်ပြီးတော့ File size က 3 MB ပဲရှိပါတယ်။ ပုံမှန်အတိုင်း Software ကို သွင်းပြီးဖွင့်လိုက်ရင် Main Dash Board မှာ Ellp Cards လို့ခေါ်တဲ့ ခိုင်းစေလို့ရတဲ့ Functions တွေနဲ့ Popular, New, Categories, My Cards ဆိုပြီး ခေါင်းစဉ်တွေခွဲထားတာကိုတွေ့ရမှာပါ။ တကယ်လို့ Popular မှာ ကိုယ်သုံးချင်တဲ့ Card ရှာမတွေ့ရင် Categories - All ကနေ ရှာလို့ရမှာပါ။ လက်ရှိအချိန် ဒီ Article ရေးနေတဲ့အချိန်မှာ ခိုင်းစေမှု ၂၈ ခုကို ပြုလုပ်နိုင်နေပြီး Beta အဆင့်မှာပဲရှိသေးတဲ့အတွက် တဖြည်းဖြည်းပိုစုံလာမယ်လို့ပဲ ခန့်မှန်းရပါတယ်။


                ကျွန်တော်တို့ အကြိုက်ဆုံး Ellp Cards တွေကတော့ နားကြပ်တပ်လိုက်တာနဲ့ Music Player ဖွင့်ပေးတာ၊ အချိန်သတ်မှတ်ထားပြီး ကွန်ပျူတာကို ပိတ်လို့ရတာ၊ Hard disk ထဲမှာ Data တွေနဲ့ပြည့်တော့မယ်ဆိုရင် အသုံးမလိုတဲ့ Junk files တွေကို ရှင်းပေးတာ၊ ကွန်ပျူတာဖွင့်လိုက်တာနဲ့ သတ်မှတ်ထားတဲ့ Website ကတန်းပွင့်လာတာ အစရှိတဲ့ Ellp Cards အတော်များများပါပဲ။


                ဘာပဲဖြစ်ဖြစ် ကိုယ့်ကွန်ပျူတာကို ကလိတတ်တဲ့သူဆိုရင် လုပ်ငန်းဆောင်တာတွေကို ပိုပြီးလွယ်ကူစေတဲ့ Ellp Software ကိုတော့ Beta အဆင့်ပဲရှိသေးပေမယ့် စမ်းသုံးကြည့်သင့်တဲ့ Software တွေထဲမှာပါပါတယ်။

References
TechX Myanmar
About Author
Assinged Tags
Windows Download Software Ellp Software Software Reviews
Categorized Under
Reviews

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed