ကိုယ်နှစ်သက်တဲ့ Website Articles တွေ၊ သီချင်းစာသားတွေကို သိမ်းထားနိုင်မယ့် အကောင်းဆုံး App (သို့) Pocket

date_range 31 May 2017

ကိုယ်နှစ်သက်တဲ့ Website Articles တွေ၊ သီချင်းစာသားတွေကို သိမ်းထားနိုင်မယ့် အကောင်းဆုံး App (သို့) Pocket

visibility 330 Views

မိတ်ဆက်

                ကျွန်တော်တို့ Websites တွေထဲဝင်ကြည့်တဲ့အခါမှာ တစ်ချို့သော Articles ဆောင်းပါးတွေကို နှစ်သက်မိလို့ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် International သီချင်းတစ်ပုဒ်နားထောင်နေရင်းနဲ့ စာသားလိုက်ရှာဖို့ပြီးသိမ်းထားဖို့ပဲဖြစ်ဖြစ် အဓိကလုပ်တာက ဖုန်းကို Screenshot ရိုက်ပြီးသိမ်းထားတာပါ။ စာရှည်ရင်ရှည်သလောက် Screenshot ကိုအများကြီး ရိုက်ရတာ၊ တချို့ဖုန်းတွေက Screenshot အရှည်တွေရိုက်နိုင်ပေမယ့်လည်း Quality ကျသွားတာ၊ နောက်ပိုင်း Screenshot တွေကို တစ်ခုချင်းပြန်ရှာနေရတာတွေက စိတ်ရှုပ်စရာပါ။ 

                ဒါပေမယ့် အဲ့လိုအချိန်တွေမှာ အကောင်းဆုံး အဆင်ပြေဆုံးနဲ့ ကိုယ်သိမ်းထားချင်တဲ့ Websites articles တွေကို သိမ်းထားနိုင်တဲ့ App တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ Pocket App ပါ။


Pocket App ကို ဘယ်လိုရယူနိုင်မလဲ?

                အရင်ဆုံး Pocket App ကိုဘယ်ကနေရယူနိုင်လဲဆိုတာကို ပြောချင်ပါတယ်။

                Android Phone/ Tablet ဆိုရင် Google Play Store၊ iOS ဆိုရင် App Store၊ Windows အသုံးပြုသူတွေမှာဆိုရင် Chrome Browser ကနေ Chrome Web App အနေနဲ့ သုံးနိုင်ပြီး၊ Mac OS မှာဆိုရင်တောင် Mac App Store ကနေ ရယူနိုင်တယ်ဆိုတော့ Platform အစုံကို Support ပြုလုပ်တယ်လို့ပြောလို့ရပါတယ်။

                ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး၊ ကိုယ်သုံးနေတဲ့ Browser မှာ Extension အနေနဲ့လည်း ဒီ Link ကနေ Connect Now ကိုနှိပ်ပြီး Browser Extension အနေနဲ့ပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ 


Pocket App ကို ဘယ်လိုအသုံးပြုရမလဲ?

                Pocket app ကို နှစ်သက်ရာ Store ကနေ Download ဆွဲပြီးပြီးဆိုရင် Mobile Device တွေမှာ Browser ကနေကိုယ် Save ချင်တဲ့ Page ကိုရောက်နေပြီးဆိုရင် Share ကို နှိပ်ပြီး Pocket Icon ကိုနှိပ်လိုက်တာနဲ့ တစ်ခါတည်း Save ပြီးသားဖြစ်သွားမှာဖြစ်ပါတယ်။ တကယ်လို့ PC မှာသုံးနေတယ်ဆိုရင်လည်း Browser Extension (သို့) Pocket app icon ကို နှိပ်လိုက်တာနဲ့ Save ပေးမှာပါ။  

Pocket Mobile App မှာ ဘယ်လို Features တွေ ပါဝင်လဲ?

                Android လိုဖုန်းမျိုးစုံထုတ်နေကြတဲ့ OS တစ်ခုမှာ Pocket Android App ကအခုဆို တော်တော်လေးကို Optimized လုပ်ထားနိုင်ပြီဖြစ်ပါတယ်။

                အထူးသဖြင့် Samsung ဖုန်းလို AMOLED Display သုံးထားတဲ့ ဖုန်းတွေအတွက် Battery စား ပိုပြီးသက်သာစေတဲ့ True Black Dark theme ပါဝင်တာ၊ စာဖတ်တဲ့အချိန်မှာလည်း Web View (သို့) Article View ကို စိတ်ကြိုက်ရွေးချယ်နိုင်တာ၊ Volume Key နဲ့ Scrolling ပြုလုပ်နိုင်တဲ့အပြင် အခြား Features တွေဖြစ်တဲ့ Page Flipping, Auto Fullscreen တွေပါဝင်တာက အားသာချက်တွေလို့ ပြောလို့ရပါတယ်။ ဒီ့အပြင် English ဘာသာစကားနဲ့ Articles တွေဆိုရင် အသံထွက်ဖတ်ပြပေးမယ့် Text-to-speech ပါဝင်တာကလည်း၊ အင်္ဂလိပ်စာ လေ့လာနေသူတွေအတွက် တော်တော်အကျိုးရှိမှာပါ။

                အကောင်းဆုံးအချက်ကတော့ စာဖတ်တဲ့အချိန်မှာ Background နဲ့ စာလုံးဆိုဒ်, Font တွေကို ကိုယ်နဲ့အဆင်ပြေအောင် စိတ်တိုင်းကျပြင်ဆင်နိုင်တာပဲဖြစ်ပါတယ်။

                Pocket ရဲ့ နောက်ထပ် Feature တစ်ခုကတော့ Web Pages တွေအပြင်၊ Videos တွေကိုပါ Add to Pocket လုပ်ထားနိုင်တာကပါ။ ဒါကြောင့် လတ်တလောကြည့်ဖို့ အဆင်မပြေသေးတဲ့ Video တွေဆိုရင် Pocket ထဲမှာ တစုတဝေး သိမ်းဆည်းထားပြီး၊ နောက်ကြည့်ချင်တဲ့အခါ ပြန်ရှာစရာမလိုဘဲ အေးဆေးပြန်ကြည့်နိုင်ပါတယ်။ Video Downloader မဟုတ်တဲ့အတွက် Offline Viewing ကတော့ ရမှာမဟုတ်ပါဘူး။


သုံးသပ်ချက်

                Pocket ကို Platform အစုံကနေ Multi-Platform အသုံးပြုနိုင်ပြီး၊ User Account နဲ့ ချိတ်ထားတာကြောင့်၊ Android App ထဲမှာ Save ထားတဲ့ Content ကို Chrome App ထဲမှာလည်း အလွယ်ပြန်ကြည့်နိုင်မှာပါ။ ပိုက်ဆံပေးသုံးရတဲ့ Premium Version ရှိပေမယ့်၊ Free Version နဲ့တင် လုံလောက်ပါတယ်။

                User Interface က သပ်ရပ်လှပမှုရှိသလို၊ UX ကလည်း အခုမှ စသုံးတဲ့လူတောင် ချက်ချင်း ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတတ်လောက်တဲ့အထိ လွယ်ကူပါတယ်။ Article View မှာဆိုရင်တော့ စာကိုပဲ ရှင်းရှင်းလင်းလင်းဖတ်ဖို့အတွက် မလိုအပ်တဲ့ Web Layout Designs တွေကို ဖယ်ရှားဖော်ပြမှာဖြစ်ပြီး၊ Web View ကြည့်ချင်တယ်ဆိုရင်လည်း ဘေးက Menu ဘားကို နှိပ်ပြီး ပြန်ပြောင်းနိုင်ပါတယ်။

                Browser ကနေ Website တွေကို အမြဲဖတ်ရှုလေ့လာတတ်တဲ့သူတိုင်းအတွက် Pocket App က မရှိမဖြစ်နီးနီးကို ဆောင်ထားသင့်တဲ့  App တစ်ခုဆိုတော့ သင့်ဖုန်း၊ ကွန်ပျူတာမှာ မသွင်းထားရသေးရင် အခုပဲသွင်းလိုက်ဖို့ တိုက်တွန်းလိုက်ပါတယ်။ 

References
TechX Myanmar
About Author
Assinged Tags
Applications Pocket App Review Reader App
Categorized Under
Reviews

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed