မြန်မာ Android Game နှစ်ခုဖြစ်တဲ့ Chakara Ninja နဲ့ သိမ်းငှက်သူရဲကောင်း Reviews

date_range 21 March 2017

မြန်မာ Android Game နှစ်ခုဖြစ်တဲ့ Chakara Ninja နဲ့ သိမ်းငှက်သူရဲကောင်း Reviews

visibility 100 Views

                Hawk Hero လို့ခေါ်တဲ့ သိမ်းငှက်သူရဲကောင်းဆိုတဲ့ Mobile Game နဲ့၊ Chakara Ninja ဆိုတဲ့ Mobile Game ကို Facebook Newsfeed မှာကြော်ငြာအနေနဲ့ တက်တက်လာတာကိုတွေ့ဖူးကြမှာပါ။ မြန်မာပြည်ထုတ် Mobile Game တွေထဲကနှစ်ခုဆိုပေမယ့် File Size များတာကြောင့် Download လဲမဆွဲချင်၊ Game တွေကဘယ်လိုမျိုးလဲဆိုတာ သိချင်တဲ့လူတွေအတွက် ဒီ Review မှာ၊ ဒီ Mobile Game နှစ်ခုအကြောင်းကို တင်ဆက်ပေးသွားမှာပါ။

Chakara Ninja


                ပထမဆုံးပြောချင်တာက ဒီ Chakara Ninja ဆိုတဲ့ Game ပါ။ ဒီ Game ကတော့ နာမည်ကြီး Franchise ဖြစ်တဲ့ Naruto အပေါ်အခြေခံထားတာပါ။ ဒီ Game မှာတော့ သင်ဟာ Konoha ရွာက Genin အဆင့်ရှိတဲ့ Ninja တစ်ယောက်နေရာကနေ ကစားရမှာပါ။ Taijutsu လို့ခေါ်တဲ့ သိုင်းတွေကိုပဲအသုံးပြုတဲ့ Ninja၊ Ninjutsu လို့ခေါ်တဲ့ Ninja တိုက်ခိုက်ရေး နည်းလမ်းတွေကိုပဲအသုံးပြုတဲ့ Ninja နဲ့ Genjutsu လို့ခေါ်တဲ့ ရန်သူတွေရဲ့စိတ်ကိုလှည့်စားနိုင်တဲ့ Ninja စတဲ့ Class သုံးမျိုးထဲက Class တစ်မျိုးမှာ Male Character နဲ့ Female Character နှစ်ယောက်စီထဲက ရွေးခြယ်ကစားသွားနိုင်မှာပါ။

                Game Play Style ကတော့ သင့်အနေနဲ့ Konoha ရွာက Character တွေဆီကနေ Quest တွေယူပြီး Mission တွေလုပ်ရမှာပါ။ Combat Style ကတော့ ကိုယ့် Character အပြင် Mission တွေလုပ်ရင်းနဲ့ ရရှိလာတဲ့ Naruto Anime Series ထဲက Character တွေနဲ့ပေါင်းပြီး Ninja Team တစ်ခုလုပ်ရပါတယ်။ ကိုယ့်မှာရှိတဲ့ Character တွေနဲ့ အောက်ကပုံထဲကလိုမျိုးပဲ Character တွေကို ကိုယ်လိုတဲ့နေရာကို ချထားရပါတယ်။


                ချထားတဲ့ Plan အတိုင်းပဲ ရန်သူ Team တွေနဲ့ တိုက်ခိုက်မှာဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ပြောရရင် ကိုယ်ကချရင် ဘယ်သူကတိုက်စစ်၊ ဘယ်သူကခံစစ်၊ စတာတွေကိုကြိုတင် Command ပေးထားရမယ်။ တကယ်ချရင်လဲ ပေးထားတဲ့ Command Strategy အတိုင်းချမှာပါ။ ကိုယ်ကထိန်းချုပ်လို့ရပါဘူး။ ရန်သူတွေက ကိုယ့်ထက် Item တွေ၊ Level တွေ ကြမ်းနေရင်တော့ ရှုံးပြီလို့သာသတ်မှတ်လိုက်ပါ။ ဆော့ကစားသူ ကိုယ်တိုင်ထိန်းချုပ်လို့မရပါဘူး။

သဘောကျတဲ့ အချက်များ

၁. Graphic ကောင်းတယ်။

၂. Combat ကလွဲလို့ Game Play ပိုင်းလေးတွေ သဘောကျတယ်။

၃. တကယ့် Naruto ထဲက Character တွေကို တွေ့ရမှာဖြစ်ပါတယ်။

စိတ်တိုင်းမကျတဲ့အချက်များ

၁. Quest တွေ Mission တွေက ဇာတ်လမ်းတွေသေချာ ရေးပေးသင့်တယ်။ သိပ်နားမလည်ဘူး။

၂. Option မှာ Langauge ကို ပြောင်းလို့ရသင့်တယ်။

၃. Combat မှာ အခုလို Automatic တစ်ခုထဲမဟုတ် ပဲ Character ကိုယ်တိုင် ထိန်းချုပ်နိုင်ပြီး ဆော့ကစားနိုင်ရင်ပိုစိတ်လှုပ်ရှားစရာကောင်းမယ်ထင်တယ်။

သိမ်းငှက်သူရဲကောင်း


                ဒီ Game မှာတော့သင်က သိမ်းငှက်သူရဲကောင်းနေရာကနေပြီးတော့ အမှောင်ဂိုဏ်းသားတွေကိုရင်ဆိုင်ရင်း ပျောက်ဆုံးသွားတဲ့ သိုင်းကြမ်းတွေကိုရှာဖွေရတဲ့ သူရဲကောင်းတစ်ယောက်အနေနဲ့ ကစားရမှာပါ။ 

                Mission တွေလုပ်၊ Item တွေစုပြီး၊ Player VS Player ဆော့ကစားနိုင်တဲ့အပြင်၊ Mission တွေ၊ Quest တွေကပါ စိတ်ဝင်စားဖို့ကောင်းတယ်လို့ပြောရမှာပါ။ Combat ကတော့ Chakara Ninja လိုပဲ Auto ဆိုပေမယ့် ပိုရှင်းပါတယ်။ ဒီမှာလဲ Mission လုပ်ရင်းနဲ့ ရရှိလာမယ့် Team Mate တွေကို Item တွေထည့်ကာ အလန်းစား Team တစ်ခုကိုတည်ဆောက်ပြီး ဆော့ကစားရမှာပါ။

သဘောကျတဲ့အချက်များ

၁. Graphic လှတယ်။

၂. Story ပိုင်းကောင်းတယ်။

၃. Character တွေလဲများတယ်။

၄. Gameplay အဆင်ပြေပါတယ်။ (Combat ကိုကြိုက်ပေမယ့် ခုနကပြောသလိုပဲ Manual Mode) လေးပါ ပါရင်ပိုကောင်းမယ်။

စိတ်တိုင်းမကျတဲ့အချက်များ

၁. Interface တွေ Menu တွေ တော်တော်ရှုပ်တယ်ဗျ။

၂. English Language ပြောင်းလို့ရရင်ပိုကောင်းမယ်ထင်တယ်။

                ဒီ Game နှစ်ခုလုံးကတော့ SQUAR PTE LTD ကထုတ်လုပ်ထားတာဖြစ်ပြီး Game ၂ ခုလုံးက File Size  90 Mb ကျော်ကျော်ပဲရှိပါတယ်။ သိမ်းငှက်သူရဲကောင်းကိုတော့ ဒီ လင့်ခ် မှာ Download လုပ်နိုင်ပြီး Chakara Ninja ကိုတော့ ဒီ လင့်ခ် မှာ Download လုပ်ပြီးဆော့ကစားနိုင်မှာပါ။

References
TechX Gaming
About Author
Assinged Tags
Android Applications Gaming Review Android App
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed