Ubisoft မှ Far Cry 5 ဂိမ်းသစ်ကိုတရား၀င်ကြေညာ

date_range 17 May 2017

Ubisoft မှ Far Cry 5 ဂိမ်းသစ်ကိုတရား၀င်ကြေညာ

visibility 150 Views

                Far Cry: Primal ကို မိတ်ဆက်ခဲ့ပြီး တစ်နှစ်အကြာမှာတော့ Far Cry 5 ဂိမ်းသစ်ကို Ubisoft မှ ထပ်မံမိတ်ဆက်ပေးခဲ့ပါတယ်။ မေလ ၁၆ ရက်နေ့က Twitter မှာ Far Cry 5 Title နဲ့အတူ အားလုံး Far Cry စွန့်စားခန်းတွေအတွက် Ready ဖြစ်ကြပြီလားဆိုပြီး Ubisoft မှ Tweet တစ်ခုတင်ခဲ့ပါတယ်။

                Far Cry: Primal ဟာ Ubisoft ရဲ့ Spinoff ထုတ်လုပ်မှုသက်သက်သာဖြစ်ပြီး ရှေးခေတ်ကာလကို အခြေခံပြုလုပ်ထားတဲ့ဂိမ်းတစ်ခုမို့ Far Cry ရဲ့ Mainline ဂိမ်းတစ်ခုဖြစ်တဲ့ Far Cry 5 ကိုသာ Gamer အတော်များများစောင့်ဆိုင်းနေကြတာပဲဖြစ်ပါတယ်။ အခုအခါမှာတော့ Title ကိုသာ တရား၀င်ကြေညာခဲ့ပြီး ဘယ်လို Gameplay တွေ၊ Storyline တွေကဘယ်လိုဖြစ်မယ်ဆိုတာကိုတော့ အတိအကျ မသိရှိရသေးပါဘူး။

                ဒါ့အပြင် Ubisoft က Editorial Vice President ဖြစ်တဲ့ Tommy Francois ကလည်း ၂၀၁၆ စက်တင်ဘာလ မှာတုန်းက ဂိမ်းတွေ Quality ကောင်းဖို့အတွက် တစ်နှစ်ကျော်လောက် အချိန်ယူသင့်ရင် ယူမှာဖြစ်ပြီး Assassin’s Creed နဲ့ Far Cry ဂိမ်းအသစ်တွေ ၂၀၁၇ မှာမထွက်တာအတွက် သူစိတ်မ၀င်စားဘူး လို့ IGN ကို ပြောကြားခဲ့ပါသေးတယ်။ ဒီလိုပြောကြားချက်ကြောင့် Far Cry 5 ဟာ ၂၀၁၇ မှာထွက်ရှိလာဖို့ မသေချာပဲ ၂၀၁၈ အစောပိုင်းလောက်မှာပဲမြင်တွေ့ရဖို့ရှိပါတယ်။

                ဘယ်လိုပဲဖြစ်ဖြစ် Far Cry 5 Title ကို Ubisoft ကနေ အတည်ပြုလိုက်တာကြောင့် Far Cry ရဲ့ Mainline ဂိမ်းကို စောင့်ဆိုင်းနေတဲ့ Gamer တွေအတွက် ၀မ်းသာစရာ သတင်းကောင်းတစ်ခုပါပဲ။

References
Gamespot IGN
About Author
Assinged Tags
Gaming News Ubisoft Far Cry Twiitter Gaming Related Far Cry: Primal Far Cry 5 New Game Tweets
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed