Hacker များအား Bug Bounty Payment အဖြစ် ဒေါ်လာ ၂ သိန်းခွဲ ပေးအပ်ရန် HBO မှ ကမ်းလှမ်းခဲ့

date_range 13 August 2017

Hacker များအား Bug Bounty Payment အဖြစ် ဒေါ်လာ ၂ သိန်းခွဲ ပေးအပ်ရန် HBO မှ ကမ်းလှမ်းခဲ့

visibility 7860 Views

                ဇူလိုင်လ တုန်းက Hacker များရဲ့ တိုက်ခိုက်ခံရမှုကြောင့် မထုတ်လွှင့်ရသေးတဲ့ Game of Thrones Episode တစ်ခုရဲ့ ဇာတ်ညွှန်းနဲ့ အခြား TV Show (၂) ခုရဲ့ Episode အချို့ ခိုးယူခံခဲ့ရပြီး၊ အဲ့ဒီ့ Hacker တွေက သူတို့ရရှိခဲ့တဲ့ Data တွေကို Online မှာ ဖြန့်ဝေခဲ့ပါတယ်။ တိုက်ခိုက်ခဲ့တဲ့ Hacker တွေကို ဒေါ်လာ (၂) သိန်းခွဲ ပေးအပ်ဖို့ HBO က ကမ်းလှမ်းခဲ့တယ်လို့ Variety နဲ့ The Hollywood Reporter တို့ရဲ့ သတင်းတွေ အရ သိရပါတယ်။

                HBO မှ တာဝန်ရှိသူ တစ်ဦးဟာ ကမ်းလှမ်းမှုနဲ့ ပက်သက်လို့  Hacker တွေဆီကို E-mail ပေးပို့ခဲ့တာ ဖြစ်ပြီး၊ အဲ့ဒီ့ E-mail ထဲက စာသားအချို့ကို Hacker တွေက သတင်းမီဒီယာတွေဆီကို ထပ်မံ ပေးပို့ခဲ့ပါတယ်။ HBO ဘက်က ယုံကြည်မှု ရှိကြောင်း ပြသတဲ့အနေနဲ့ Hacker တွေကို Bug Bounty Payment အဖြစ် ဒေါ်လာ (၂၅၀၀၀၀) ပေးအပ်လိုတာ ဖြစ်ကြောင်း E-mail ထဲမှာ ရေးသားထားပါတယ်။

                Bug Bounty Payment ဆိုတာကတော့ အဲ့ဒီ့ ချီးမြှင့်ငွေကို ရရှိဖို့အတွက် HBO ရဲ့ ကွန်ယက်စနစ်ထဲက လုံခြုံရေးဆိုင်ရာ အားနည်းချက်တွေ၊ Vulnerabilities တွေကို Report လုပ်ပေးပြီး၊ နောက်ထပ် Leak တွေ ထပ်မဖြစ်အောင်လည်း သဘောတူညီရမှာ ဖြစ်ပါတယ်။ ဒီ ကမ်းလှမ်းမှုနဲ့ ပက်သက်လို့ HBO က မှတ်ချက် တစ်စုံတစ်ရာ ပေးထားခြင်း မရှိပေမယ့်၊ Variety ကတော့ အခုလို ကမ်းလှမ်းခဲ့တဲ့ E-mail ဟာ တကယ် ဟုတ်မှန်ကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

                Hack ခံရခြင်းနဲ့ ပက်သက်ပြီး သေချာ မစုံစမ်းရသေးခင်မှာပဲ အလျင်စလို ပြုလုပ်ခဲ့တဲ့ ဒီကမ်းလှမ်းမှုဟာ ပြဿနာတွေ ပိုမကြီးလာအောင် အချိန်ဆွဲနေခြင်းသာ ဖြစ်တယ်လို့ Variety က ရေးသားခဲ့ပါတယ်။ Hacker တွေကို ငွေပေးရတဲ့ အလေ့အကျင့် တစ်ခု ဖြစ်လာမှာကို ကြောက်ရွံ့တာကြောင့် ကုမ္ပဏီတွေဟာ Hacker တွေနဲ့ ညှိနှိုင်းလေ့ မရှိပါဘူး။ HBO ဟာ ငွေကြေး အမှန်တကယ် ပေးအပ်လိုခြင်း ရှိ၊ မရှိ မသေချာပေမယ့် သူတို့လို ကုမ္ပဏီကြီး တစ်ခုက Hacker တွေနဲ့ ဆက်ဆံညှိနှိုင်းနေတာ ကတော့ ကြုံတောင့် ကြုံခဲ ပါပဲ။

                နောက်ဆုံးရ သတင်းတွေ အရတော့ ကမ်းလှမ်းမှုဟာ မအောင်မြင်ခဲ့ဘူး လို့ သိရပါတယ်။ Hacker တွေက ငွေကြေး ပိုမို တောင်းဆိုခဲ့တာ ဖြစ်နိုင်ပြီး၊ HBO ကို စိတ်ပျက်သွားအောင် လုပ်ချင်တာလည်း ဖြစ်နိုင်ပါတယ်။

“ငွေက အဓိက ပါပဲ၊ HBO က တာဝန်ရှိသူတွေနဲ့ ကျွန်တော်တို့ ရက်ပေါင်းများစွာ ညှိနှိုင်းခဲ့ပါတယ်။ ဒါပေမယ့် သူတို့ဘက်က ကတိတွေ ဖောက်ဖျက်ခဲ့ပြီး၊ ကျွန်တော်တို့ကို လှည့်စားချင်နေတာပါ”

                လို့ Hollywood Reporter ကို ပေးပို့ခဲ့တဲ့ E-mail တစ်ခုမှာ Hacker တွေက ဆိုပါတယ်။

                ပြီးခဲ့တဲ့ လက ဖြစ်ပွားခဲ့တဲ့ ဒီတိုက်ခိုက်ခံရမှု မှာ 1.5 Terabytes ပမာဏရှိတဲ့ Data တွေ ခိုးယူခံခဲ့ရပြီး၊ Game of Thrones အပိုင်းတချို့ရဲ့ ဇာတ်ညွှန်းတွေ၊ HBO ရဲ့ TV Series တွေဖြစ်တဲ့ Ballers နဲ့ Room 104 တို့ရဲ့ မထုတ်လွှင့်ရသေးတဲ့ Episode နှစ်ခုတို့ အပြင် အခြား အရေးကြီး အချက်အလက်များ ပါဝင်တယ်လို့ သိရပါတယ်။

                Hacker တွေဟာ မကြာသေးခင်ကပဲ Game of Thrones Season-7 မှာ ပါဝင်တဲ့ သရုပ်ဆောင်တွေရဲ့ ဖုန်းနံပါတ်၊ အိမ်လိပ်စာ၊ E-mail လိပ်စာ တို့ကိုလည်း ဖွင့်ချခဲ့ပါသေးတယ်။ နောက်ထပ် Leak တွေ ထွက်မလာစေချင်ရင် သူတို့ တောင်းဆိုတဲ့ ငွေပမာဏကို ပေးချေဖို့ Hacker တွေဘက်က တောင်းဆိုထားပေမယ့် HBO ကတော့ ဘယ်လို ဖြေရှင်းမလဲ ဆိုတာကို အားလုံးက စောင့်ကြည့်နေကြပါတယ်။

References
The Verge
About Author
Assinged Tags
TV Series HBO Game of Thrones TV Shows Bug Bounty Payment Hacker
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed