HBO Hack ခံရပြီးနောက် “Game of Thrones” ဇာတ်ညွှန်းနဲ့ တခြား HBO Episodes နှစ်ခု အွန်လိုင်းမှာ ပေါက်ကြား

date_range 01 August 2017

HBO Hack ခံရပြီးနောက် “Game of Thrones” ဇာတ်ညွှန်းနဲ့ တခြား HBO Episodes နှစ်ခု အွန်လိုင်းမှာ ပေါက်ကြား

visibility 840 Views

                အမေရိကန်ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ HBO ဟာ Game of Thrones Season 7 ရဲ့ Episode 3 “The Queen’s Justice” ကို ထုတ်လွှင့်ခဲ့ပြီး၊ မကြာခင်မှာပဲ ကုမ္ပဏီရဲ့ ကွန်ပျူတာစနစ်ကို တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

                ပြီးခဲ့တဲ့တနင်္ဂနွေနေ့ညက ဖြစ်ပွားခဲ့တယ်လို့ ယူဆရတဲ့ Cyber Attack မှာ HBO ရဲ့ 1.5 Terabytes လောက်ရှိတဲ့ Data တွေ ပါဝင်သွားပြီး၊  အဆိုပါ Data တွေထဲမှာ နောက်တစ်ပတ်ကျရင် ပြသမယ့် GoT Season 7 Episode 4 “The Spoils of War” ရဲ့ ဇာတ်ညွှန်းအပြင်၊ HBO ရဲ့ နောက်ထပ် TV Series နှစ်ခုဖြစ်တဲ့ “Ballers” နဲ့ “Room 104” တို့ရဲ့ ထုတ်လွှင့်ခြင်းမပြုရသေးတဲ့ Episode နှစ်ခုပါ ပါသွားတယ်လို့ သိရပါတယ်။

                ဒီသတင်းကို Hackers တွေကိုယ်တိုင်က Reporter တချို့ထံ Email ပို့ အကြောင်းကြားခဲ့တာဖြစ်ပြီး၊ နောက်ထပ်လည်း ဒေတာတွေ ထပ်မံဖြန့်ပေးဦးမှာဖြစ်တယ်လို့ Entertainment Weekly က ဖော်ပြထားပါတယ်။

                Hacker တွေရဲ့ Email မှာ HBO က ရထားတဲ့ Game of Thrones နဲ့ Leaked Data တွေကို Reporters တွေအနေနဲ့ ကံကောင်းလို့ အခုလို ဦးဦးဖျားဖျား Download ဆွဲ၊ ကြည့်ရတာဖြစ်ပြီး၊ တစ်ကမ္ဘာလုံးကို ဖြန့်ဝေဖို့ လည်း တိုက်တွန်းထားတယ်လို့ သိရပါတယ်။ ဒီ့အပြင် ဒီဒေတာတွေကို တွင်တွင်ကျယ်ကျယ်ဖြန့်ဝေပေးနိုင်ဆုံး Reporter နဲ့ သူတို့ အင်တာဗျူးဖြေကြားပေးသွားမှာဖြစ်တယ်လို့ Hacker တွေက ရေးသားထားပါတယ်။

                အခု Hack ခံရမှုကို HBO ကုမ္ပဏီဘက်ကလည်း အတည်ပြုထားပြီး၊ ဥပဒေအဖွဲ့အစည်းတွေအပြင် ပြင်ပဆိုက်ဘာလုံခြုံရေးကုမ္ပဏီတွေနဲ့ပါ ပူးပေါင်းကာ ဒီဖြစ်ရပ်ကို စုံစမ်းနေတယ်လို့ ပြောကြားခဲ့ပါတယ်။ HBO အနေနဲ့ ပါသွားတဲ့ 1.5 Terabytes ဒေတာတွေထဲမှာ ဘာ Data တွေပါသွားလဲဆိုတာကိုတော့ မှတ်ချက်ပေးပြောကြားခဲ့ခြင်းမရှိပါဘူး။

                ဧပြီလတုန်းကလည်း Hacker တစ်ယောက်ဟာ Netflix Network ထဲ ထိုးဖောက်ဝင်ရောက်ကာ “Orange is the New Black” ရဲ့  Season 5 ထဲက Episodes တွေကို ဖြန့်ခဲ့ပါသေးတယ်။ ဒီ့အပြင် မေလတုန်းကလည်း နောက်ထပ် Hacker တစ်ယောက်ဟာ Disney ထံကနေ “Pirates of the Caribbean: Dead Men Tell No Tales” ကို ခိုးယူခဲ့တယ်လို့ သတင်းထွက်ခဲ့ပါသေးတယ်။ အခု HBO နဲ့ပါဆို Entertainment Company တွေအနေနဲ့ ခံရတာ တော်တော်များပြီလို့ ဆိုရမှာပါ။ Hollywood သမိုင်းမှာ အကြီးမားဆုံး Cyber Attack ကတော့ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်တုန်းက Sony တိုက်ခိုက်ခံရမှုဖြစ်ပြီး၊ အဲ့တုန်းက Sony ရဲ့ Data 100 Terabytes လောက် ပါသွားခဲ့ဖူးပါတယ်။ အခု HBO ရဲ့ 1.5TB က Sony ရဲ့ 100 TB နဲ့ ယှဉ်ရင် မပြောပလောက်သေးပါဘူး။

                ဘာပဲဖြစ်ဖြစ် Game of Thrones ဇာတ်ညွှန်းကြိုဖတ်ခွင့်ရတာက နည်းတဲ့အခွင့်အရေးတော့ မဟုတ်ပါဘူး။ ဒါပေမယ် ဇာတ်ညွှန်းကြီးသက်သက် ထိုင်ဖတ်ရတာက ပြောရမယ်ဆိုရင် Spoil ခံသလိုပဲဆိုတော့ ကိုယ့်ဆီ ရောက်လာရင်တောင် ဖတ်ဖြစ်မယ်မထင်ပါဘူး။

References
The Verge Entertainment Weekly
About Author
Assinged Tags
Security HBO Cyber Attack Hack Game of Thrones GoT
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed