Netflix နဲ့လမ်းခွဲပြီး ကိုယ်ပိုင် Streaming Service တည်ထောင်လာဖို့ရှိတဲ့ Disney

date_range 09 August 2017

Netflix နဲ့လမ်းခွဲပြီး ကိုယ်ပိုင် Streaming Service တည်ထောင်လာဖို့ရှိတဲ့ Disney

visibility 320 Views

                Disney ဟာ Netflix ပေါ်မှာဆက်လက်ရှိမနေတော့ဘူးဆိုတဲ့အကြောင်းကို တရား၀င်ကြေညာလိုက်ပြီဖြစ်ပါတယ်။ ဒီသတင်းနဲ့အတူ Disney ဟာ ကိုယ်ပိုင် Streaming Service တစ်ခုကိုလည်း ၂၀၁၉ ခုနှစ်မှာ တည်ထောင်သွားမယ်လို့လည်း သိရှိရပါတယ်။

                ၂၀၁၂ ခုနှစ်ကတည်းက လက်တွဲလာတဲ့ Disney နဲ့ Netflix တို့လမ်းခွဲလိုက်တာဟာ Netflix အတွက်တော့ အနည်းနဲ့အများဆုံးရှုံးမှုတွေရှိလာနိုင်ပါတယ်။ ဒါပေမဲ့လည်း Disney လို တန်ဖိုးရှိတဲ့ Movies တွေနဲ့ TV Shows တွေပိုင်ဆိုင်ထားတဲ့သူအဖို့ ကိုယ်ပိုင် Streaming Service စတင်တည်ထောင်တာအတွက် အပြစ်ပြောလို့မရပြန်ပါဘူး။

                Netflix အနေနဲ့ Disney ရဲ့ Movies နဲ့ TV Shows တွေကိုချက်ချင်းဖြုတ်ချပစ်မှာမဟုတ်သေးပါဘူး။ ၂၀၁၉ ခုနှစ်မရောက်ခင်အထိတော့ Disney ဘက်ကနေ ဆက်လက်ထွက်ရှိလာမယ့် Movies တွေဖြစ်တဲ့ Cars 3, Black Panther နဲ့ Star Wars: The Last Jedi တို့ကို Netflix ပေါ်ကနေ ကြည့်ရှုနိုင်ဦးမှာဖြစ်ပါတယ်။ 

                Netflix ပေါ်မှာ Marvel TV Shows တွေအတွက်လည်း Disney နဲ့သဘောတူညီမှုရယူထားတဲ့အတိုင်း ၂၀၁၉ ခုနှစ်မတိုင်ခင်အထိတော့ ဆက်လက်ကြည့်ရှုခွင့်ရှိနေမှာဖြစ်ပြီး၊ Netflix ရဲ့ပြောကြားချက်အရ Disney နဲ့အပြီးတိုင်လမ်းခွဲလိုက်တာမျိုးမဟုတ်ပဲ အချို့ TV Shows တွေနဲ့ Movies တွေကို Disney နဲ့သဘောတူညီထားတဲ့အတိုင်း Netflix ပေါ်မှာမြင်တွေ့နိုင်မယ် လို့ဆိုပါတယ်။

                ဒါပေမဲ့လည်း Frozen 2, Toy Story 4 နဲ့ Star Wars Episode VIII တို့ကတော့ နောက်ထပ်နှစ်နှစ်ကျော်အကြာမှထွက်ရှိလာမှာဖြစ်တဲ့အတွက် Netflix ကနေ ကြည့်ရှုခွင့်ရတော့မှာမဟုတ်ပါဘူး။ 

                Disney ဟာကိုယ်ပိုင် Streaming Service ကို Subscription တွေနဲ့အတူ တကယ်ပဲ ၂၀၁၉ ခုနှစ်မှာတည်ထောင်လာခဲ့မယ်ဆိုရင်တော့ Netflix ပေါ်မှာ Disney ရဲ့ Movies နဲ့ TV Shows တွေကိုပါ စွဲစွဲမြဲမြဲကြည့်ရှုသူတွေအဖို့ Netflix နဲ့ Disney အတွက် Subscription နှစ်ခုစာ ပေးဆောင်ရလာဖွယ်ရှိပါတယ်။

References
The Verge
About Author
Assinged Tags
Netflix app TV Series Movie Disney Disney Studios Netflix Studios Netflix Streaming Service Own Streaming Service Media Streaming Movies TV Shows Breakup Disney And Netflix Deal
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed