Witcher TV Series အတွက် Witcher ဂိမ်း Developer ဖြစ်တဲ့ CD Projekt RED ပါ၀င်ကူညီမည်မဟုတ်

date_range 19 May 2017

Witcher TV Series အတွက် Witcher ဂိမ်း Developer ဖြစ်တဲ့ CD Projekt RED ပါ၀င်ကူညီမည်မဟုတ်

visibility 250 Views

                သိပ်မကြာသေးခင်ကပဲ Netflix ကနေ Witcher TV Series ထုတ်လုပ်မယ်ဆိုတဲ့ Announcement နဲ့အတူ CD Projekt RED Studio မှလည်း သူတို့ဟာ ဒီ Series ထုတ်လုပ်တဲ့အပေါ် ပါ၀င်ကူညီမှာမဟုတ်တဲ့အကြောင်း IGN ကိုပြောကြားခဲ့ပါတယ်။

                Witcher 3: Wild Hunt ဂိမ်းကို ၂၅ မီလီလျံကျော် ရောင်းချခဲ့ရပြီး Action RPG ဂိမ်းကောင်းတစ်ခုအနေနဲ့ နာမည်ကြီးခဲ့ပါတယ်။ Netflix ကနေ ဒီ Game ကိုပဲ TV Series အနေနဲ့ထုတ်လုပ်မယ်ဆိုတဲ့ ပြောကြားချက်ကြောင့်လည်း Gamer တွေကြားမှာ အတော်ကိုစိတ်လှုပ်ရှားစရာကောင်းတဲ့ သတင်းတစ်ခုဖြစ်ခဲ့ပါတယ်။

               Witcher TV Series ကို Witcher ဇာတ်လမ်းရေးသားသူ ပိုလန်စာရေးဆရာ Andrzej Sapkowski ရဲ့ ဇာတ်လမ်းနောက်တစ်ခု အပေါ်မူတည်ရိုက်ကူးမှာဖြစ်ပါတယ်။ Andrzej Sapkowski ဟာ CD Projekt RED ကိုမယုံကြည်ခဲ့တာကြောင့် ဂိမ်းမှရရှိလာမယ့်အကျိုးအမြတ်ရာခိုင်နှုန်းကိုမယူပဲ Witcher ရဲ့မူပိုင်ခွင့်တွေ Original Story တွေကအစ ရောင်းချခဲ့တာမို့လို့ အခု TV Series အတွက်ကော သူဟာအကျိုးအမြတ် ရရှိမှာလား၊ CD Projekt RED ကပဲ ရှိပြီးသား မူပိုင်ခွင့် ကို Netflix အပေါ်လက်ဆင့်ကမ်းခဲ့တာလား ဆိုတာကိုတော့ အသေအချာ မသိရှိရသေးပါဘူး။ 

                CD Projekt RED မှ ကိုယ်စားလှယ်တစ်ဦးကတော့

" ကျွန်တော်တို့အနေနဲ့ TV Series မှာပါ၀င်ကူညီမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ကတော့ ဒီ TV Series Project ကြီးအောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း ဒီ Series ကို Netflix ကနေကြည့်ချင်ပါတယ် "

လို့ပြောကြားခဲ့ပါတယ်။ 

                အားလုံးဟာ စိတ်လှုပ်ရှားမှုအပြည့်နဲ့ Witcher Series ကိုစောင့်နေကြပေမဲ့ အခုထိ ဘယ်သူတွေသရုပ်ဆောင်မယ်၊ ဘယ်နေ့ စ လွှင့်မယ်၊ ဘယ်ဇာတ်လမ်းကနေ စ ပြီးအခြေခံထားမယ် ဆိုတာတွေကိုတော့ Netflix ဘက်မှပြောကြားထားခြင်း မရှိသေးတာမို့ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းရဦးမှာပဲဖြစ်ပါတယ်။ 


References
IGN
About Author
Assinged Tags
Witcher Netflix app Witcher 3 CD Projekt RED Action Role Playing Game ARPG TV Series
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed