Vertu Museum မှ ဟန်းဆက်များအပြင် စက်ရုံအတွင်းမှ ပစ္စည်းများကိုပါ လေလံတင် ရောင်းချနေရတဲ့ Luxury Phone ကုမ္ပဏီ Vertu

date_range 12 August 2017

Vertu Museum မှ ဟန်းဆက်များအပြင် စက်ရုံအတွင်းမှ ပစ္စည်းများကိုပါ လေလံတင် ရောင်းချနေရတဲ့ Luxury Phone ကုမ္ပဏီ Vertu

visibility 1120 Views

                ဒေါ်လာ ထောင်သောင်းချီ တန်ဖိုးရှိတဲ့ Luxury ဖုန်းတွေကို ထုတ်လုပ်တဲ့ ဗြိတိန် အခြေစိုက် Vertu ကုမ္ပဏီဟာ များပြားလှတဲ့ ကြွေးမြီများကြောင့် ၎င်းရဲ့ UK မှ စက်ရုံကို ဇူလိုင်လတုန်းက ပိတ်သိမ်းခဲ့ရပါတယ်။ စက်ရုံ ပိတ်သိမ်းမှုကြောင့် ဝန်ထမ်းပေါင်း (၂၀၀) ခန့် အလုပ်လက်မဲ့ ဖြစ်ခဲ့ကြရပြီး၊ အခုအချိန်မှာ အဲ့ဒီ့ စက်ရုံထဲက အရေးပါတဲ့ ပစ္စည်းတွေကို Online မှာ လေလံတင် ရောင်းချလျက်ရှိပါတယ်။

                Vertu Museum ထဲမှာ စုစည်း ပြသထားတဲ့ Vertu ရဲ့ ထင်ရှားတဲ့ ဟန်းဆက် (၁၀၅) လုံးကို အတွဲလိုက် လေလံတင် ရောင်းချနေပါတယ်။ (၂၀၀၂) ခုနှစ် မှ (၂၀၁၅) ခုနှစ် Model များအထိ ပါဝင်ပြီး၊ ကြမ်းခင်းဈေးကတော့ Collection တစ်ခုလုံးကို ပေါင် ၂၀၀၀၀ (အမေရိကန်ဒေါ်လာ ၂၆၀၀၀ ခန့်) နဲ့ လေလံတင်ထားတာ ဖြစ်ပါတယ်။ ယခင် Retail Price နဲ့ တွက်ကြည့်လိုက်ရင် Vertu Museum ထဲက အဲ့ဒီ့ ဟန်းဆက်တွေဟာ ဒေါ်လာ (၁) သန်းကျော် တန်ဖိုးရှိမှာ ဖြစ်ပါတယ်။ Collection ထဲမှာ 18-Karat Gold, Titanium, Stainless Steel တို့နဲ့ ပြုလုပ်ထားတဲ့ ဟန်းဆက်အချို့နဲ့ အတူ စိန်စီထားတဲ့ Model တွေလည်း ပါဝင်ပါတယ်။ အပြည့်အဝ အလုပ်လုပ်တဲ့ Fully Functional ဟန်းဆက် တွေရှိသလို၊ အလုပ်မလုပ်တဲ့ Concept Model တွေလည်း ပါဝင်တယ် လို့ ဒီ လေလံပွဲကို ဦးဆောင်လုပ်ကိုင်ပေးနေတဲ့ G J Wisdom & Co က ရေးသားခဲ့ပါတယ်။

                လေလံတင်ထားတဲ့ ပစ္စည်းတွေထဲမှာ ထူးခြားတာ တစ်ခုကတော့ မြင်းစီးနေသူ တစ်ဦးက Vertu Logo ကို လက်နက်တစ်ခုလို ကိုင်မြှောက်ထားတဲ့ သဏ္ဍာန် ပုံဖော်ထားတဲ့ ကြီးမားတဲ့ ကြေးရုပ်တုကြီး ပဲ ဖြစ်ပါတယ်။


                စက်ရုံထဲမှာ အသုံးပြုတဲ့ Vertu Phone Programming System တွေကိုလည်း လေလံတင် ရောင်းချထားပါတယ်။


                Vertu ရဲ့ လက်ရှိ ပိုင်ရှင်ဖြစ်တဲ့ တူရကီ သန်းကြွယ်သူဌေး Murat Hakan Uzan ဟာ ကုမ္ပဏီကို စိန်ခေါ်မှုတွေ ကြားကနေ ကယ်တင်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ကုမ္ပဏီရဲ့ ကြွေးမြီ ပေါင် (၁၂၈) သန်း ရှိတဲ့အနက် ပေါင် (၁.၉) သန်းသာ ပေးဆပ်နိုင်ခဲ့ပါတယ်။ Customer တွေရဲ့ ဘယ်ဖုန်းကိုမဆို စိန်စီ၊ ရွှေချပြီး Luxury ဖုန်း တစ်လုံး ဖြစ်လာအောင် ပြုလုပ်ပေးတဲ့ ကုမ္ပဏီတွေဟာ ဟန်းဆက် တစ်ခုလုံး အစ အဆုံး ထုတ်လုပ် အလှဆင်ရတဲ့ Vertu အတွက် ယှဉ်ရခက်တဲ့ ပြိုင်ဘက်တွေ ဖြစ်လာခဲ့ပါတယ်။


                တစ်ချိန်ကတော့ ဒေါ်လာ သောင်းချီတဲ့ တန်ဖိုးကြီး ဟန်းဆက်တွေကို ရောင်းချနိုင်ခဲ့ပေမယ့်၊ ထုတ်လုပ်မှုတွေ ရပ်ဆိုင်းပြီး အခုလို ကုမ္ပဏီပိုင် အဖိုးတန် ပစ္စည်းတွေကို လေလံတင် ရောင်းချနေရတဲ့ သတင်းကတော့ ဝမ်းနည်းစရာ ကောင်းပါတယ်။ ကုမ္ပဏီ ပိုင်ရှင် Hakan Uzan ကတော့ တစ်ချိန်မှာ Vertu ကို အောင်မြင်အောင် ပြန်လည် အသက်သွင်းမယ်လို့ ဆိုထားပါတယ်။

References
The Verge
About Author
Assinged Tags
Smartphones Vertu
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed