Hatsune Miku Edition နဲ့ထွက်ရှိလာမယ့် Ricoh "Theta SC" 360-Degree Camera

date_range 10 August 2017

Hatsune Miku Edition နဲ့ထွက်ရှိလာမယ့် Ricoh "Theta SC" 360-Degree Camera

visibility 240 Views

                Vocaloid တွေထဲမှာ နာမည်အကြီးဆုံးဖြစ်တဲ့ Hatsune Miku ဆိုတာ လူငယ်ကြားမှာ ရေပန်းစားနေတဲ့ Pop Star တစ်ယောက်ဖြစ်ပါတယ်။ တကယ်တော့ Hatsune Miku ကို Software တွေနဲ့အတူ Virtual Character အဖြစ်ဖန်တီးထားတာဖြစ်ပါတယ်။ 

                Hatsune Miku ကို ကိုယ်ပိုင်အသံ၊ ကိုယ်ပိုင်ဟန် ဖန်တီးပေးထားပြီး သီချင်းပေါင်းများစွာလည်း ထွက်ရှိထားခဲ့ပါတယ်။ Virtual Character ဖြစ်ပေမဲ့ Hologram နဲ့အတူ Tour တွေ ကမ္ဘာတစ်၀န်းမှာ ပြုလုပ်ခဲ့ပြီး၊ အားပေးမှုတစ်ခဲနက်ရရှိခဲ့တဲ့ Vocaloid Character တစ်ယောက်ပါပဲ (စာရေးသူကိုယ်တိုင်လည်း Hatsune Miku Fan ဖြစ်နေတာကတစ်ကြောင်းပေါ့)။ 

                Ricoh ကုမ္ပဏီမှ စျေးသက်သက်သာသာနဲ့ ၀ယ်ယူနိုင်တဲ့ “Theta SC” 360-Degree Camera ကို အောက်တိုဘာ၊ ၂၀၁၆ ခုနှစ်မှာ မိတ်ဆက်ပေးခဲ့ပါတယ်။ အခုအခါမှာတော့ Hatsune Miku ရဲ့ 10 နှစ်ပြည့်အထိမ်းအမှတ်အတွက် Ricoh မှ Theta SC ကို Hatsune Miku Limited Edition အနေနဲ့ ထုတ်လုပ်ရောင်းချပေးသွားမှာဖြစ်ပါတယ်။ 

                ယခုထွက်ရှိလာမယ့် Theta SC “Hatsune Miku” Limited Edition ဟာ Theta SC တုန်းက Specifications တွေအတိုင်းပဲ ပြန်လည်ထွက်ရှိလာမှာဖြစ်ပါတယ်။ f2.0 Lens နှစ်ခုပါ၀င်ပြီး 12-Megapixel Sensors နှစ်ခုပါ၀င်တဲ့ Theta SC ဟာ 1080p (Full HD) Resolution ရှိတဲ့ 360-Degree Video တွေကိုရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ 

                ဒီဇိုင်းပိုင်းအနေနဲ့ Hatsune Miku ဆံပင်အရောင်ဖြစ်တဲ့ စိမ်းပြာရောင်ပေါ်မှာ Hatsune Miku ကို အဖြူရောင်နဲ့ ရေးဆွဲထားတဲ့ပုံစံအတိုင်း တွေ့မြင်ရမှာဖြစ်ပါတယ်။ Power Button ကိုလည်း ပန်းရောင်လင်းလက်နေအောင် ပြုလုပ်ပေးထားပြီး Shutter Sound ကို Hatsune Miku ရဲ့အသံ ပြောင်းလဲထည့်သွင်းပေးထားမှာဖြစ်ပါတယ်။

                Theta SC အတွက်လည်း Abitax မှပြုလုပ်တဲ့ လက်လုပ်သိုးမွှေးထည် Cover Case တစ်ခုထည့်သွင်းပေးသွားမှာဖြစ်ပြီး၊ အလုံးပေါင်း ၃၉၃၉ လုံးအတွက်လည်း အမည်ခံကတ်ပြား (Dog Tag) တွေလည်း တစ်ပါတည်းထည့်သွင်းပေးသွားမယ်လို့သိရှိရပါတယ်။ 

                Ricoh ရဲ့ Theta SC “Hatsune Miku” Limited Edition ကို USD $351 ခန့်နဲ့ရောင်းချပေးသွားမှာဖြစ်ပြီး၊ စက်တင်ဘာလ ၁ ရက်နေ့မှ အောက်တိုဘာလ ၃၁ ရက်နေ့အတွင်း မှာယူနိုင်မှာဖြစ်ပါတယ်။

References
The Verge
About Author
Assinged Tags
360-Degree Camera Limited Edition Ricoh Theta SC Hatsune Miku Miku
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed