ဒီဇင်ဘာ ၁၅ ရက်နေ့မှာ စတင်ရောင်းချမယ့် OnePlus 5T Star Wars Limited Edition

date_range 04 December 2017

ဒီဇင်ဘာ ၁၅ ရက်နေ့မှာ စတင်ရောင်းချမယ့် OnePlus 5T Star Wars Limited Edition

visibility 1620 Views

                Star Wars franchise ရဲ့ Sequel Trilogy ထဲက ဒုတိယမြောက်ဇာတ်ကားဖြစ်တဲ့ Star Wars: The Last Jedi ဟာ အခု ဒီဇင်ဘာ ၈ ရက်နေ့ကျရင် Los Angeles မှာ Premiere ပွဲပြသသွားမှာဖြစ်ပြီး၊ ဒီဇင်ဘာ ၁၅ ရက်နေ့ကျရင် US အပါအဝင် နိုင်ငံတော်တော်များများမှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။

                OnePlus ကုမ္ပဏီဟာ Star Wars ရုပ်ရှင်သစ်ကို ကြိုဆိုတဲ့အနေနဲ့အပြင်၊ အိန္ဒိယနိုင်ငံကို တရားဝင် ဝင်ရောက်ခဲ့တာ သုံးနှစ်ပြည့်အထိမ်းအမှတ်အဖြစ် ကုမ္ပဏီရဲ့ နောက်ဆုံးပေါ် ဖုန်းမော်ဒယ်အသစ်ဖြစ်တဲ့ OnePlus 5T ကို Star Wars Limited Edition အနေနဲ့ ရောင်းချသွားတော့မှာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ၊ Bengaluru မြို့မှာ ပြီးခဲ့တဲ့ စနေနေ့က ကျင်းပပြုလုပ်ခဲ့တဲ့ Comic-Con ပွဲမှာ OnePlus ကုမ္ပဏီဟာ Lucasfilm နဲ့ တရားဝင်ပူးပေါင်းထုတ်လုပ်ထားတဲ့ OnePlus 5T: Star Wars Limited Edition စမတ်ဖုန်းကို ပြသသွားခဲ့တာ ဖြစ်ပြီး၊ အိန္ဒိယမှာ Star Wars ရုံတင်မယ့် ဒီဇင်ဘာ (၁၅) ရက်နေ့ကျရင် ရောင်းချသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။


                လောလောဆည်တော့ OnePlus 5T Star Wars Limited Edition ရဲ့ စျေးနှုန်းနဲ့ Storage တို့ကိုတော့ တရားဝင်မကြေငြာရသေးပါဘူး။ ဒါပေမယ့် OnePlus ဟာ Mumbai မြို့က IMAX Wadala ရုပ်ရှင်ရုံမှာ ဒီဇင်ဘာ ၁၄ ရက်နေ့၊ ည ၇နာရီ ကျရင် OnePlus 5T မိတ်ဆက်ပွဲလုပ်ဖို့ ရှိပြီး၊ အဆိုပါပွဲရောက်မှ စျေးနှုန်းကို ကြေညာသွားဖို့ ရှိနိုင်ပါတယ်။ အဆိုပါဖုန်းမိတ်ဆက်ပွဲအတွက် လက်မှတ်တွေကို ၉၉၉ ရူပီးနဲ့ ရောင်းချနေပြီး၊ ရုပ်ရှင်ရုံမှာလုပ်မှာဆိုတော့ ဖုန်းမိတ်ဆက်ရင်းနဲ့ တခါတည်း Star Wars: The Last Jedi ကိုပါ အကြိုပွဲအနေနဲ့ ပြသသွားနိုင်လောက်ပါတယ်။

                သာမန် OnePlus 5T နဲ့ အခု OnePlus 5T Star Wars Limited Edition တို့မှာ အဓိက ကွာခြားသွားမှာက Limited Edition ဖုန်းမှာက ကျောဘက်က အဖြူရောင်ဖြစ်သွားပြီး၊ အောက်နားမှာ Star Wars Logo လေး မြင်တွေ့ရမှာပါ။ ဖုန်းဘယ်ဘက်က Alert Sider ကလည်း အနီရောင်ဖြစ်သွားတာ တွေ့ရပါတယ်။ ကျန်တာတွေကတော့ ရိုးရိုး OnePlus 5T နဲ့ ဘာမှကွာခြားသွားမှာမဟုတ်ဘဲ Stormtrooper Wallpaper တစ်ခု တော့ ပါဝင်လာပါလိမ့်မယ်။




                Star Wars နဲ့ OnePlus ပရိတ်သတ်တွေ သေချာပေါက် ကိုင်ချင်မယ့် OnePlus 5T Star Wars Limited Edition ကို အိန္ဒိယ Website တွေဖြစ်တဲ့ Amazon.in ၊ OnePlusStore.in တို့အပြင် Bengaluru နဲ့ Noida တို့က OnePlus Experience Zone တွေမှာ ဒီဇင်ဘာ ၁၅ ရက်နေ့ကနေ စတင်ရောင်းချပေးတော့မှာပါ။

                OnePlus ဟာ Bezel-less 18:9 Aspect Ratio Display ကို စတင်အသုံးပြုထားတဲ့ OnePlus 5T ဖုန်းကို ‘Lava Red’ Limited Edition အနေနဲ့လည်း လွန်ခဲ့တဲ့တစ်ပတ်က တရုတ်နိုင်ငံမှာ စတင်ရောင်းချခဲ့ပါသေးတယ်။ ဒီတော့ OnePlus 5T ကို ဝယ်ချင်ရင် Original ‘Midnight Black’ အရောင်ရယ် ‘Lava Red’ နဲ့ Star Wars Limited Editions ဆိုပြီး သုံးမျိုး ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။


References
Gadgets 360
About Author
Assinged Tags
Star Wars Smartphones OnePlus Limited Edition Bezel-Less Display OnePlus 5T 18:9 Aspect Ratio Star Wars: The Last Jedi
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed