ကမ္ဘာ့ပထမဆုံး 360-Degree Camera ပါဝင်တဲ့ The Darling စမတ်ဖုန်း

date_range 06 March 2017

ကမ္ဘာ့ပထမဆုံး 360-Degree Camera ပါဝင်တဲ့ The Darling စမတ်ဖုန်း

visibility 5850 Views

                Smartphone တွေသူတစ်မျိုး၊ ငါတစ်မျိုး ကုမ္ပဏီတွေ ပြိုင်ထုတ်နေကြတဲ့ထဲမှာ ProTruly ဆိုတဲ့ တရုတ်ကုမ္ပဏီကတော့ Smartphone ပရိတ်သတ်တွေ မျက်လုံးပြူးစရာ Feature ပါဝင်တဲ့ The Darling ဆိုတဲ့ Smartphone ကို ဒီအပါတ် Mobile World Congress မှာ မိတ်ဆက်လိုက်ပါတယ်။

                ဒီ Smartphone ရဲ့ မျက်လုံးပြူးချင်စရာ Feature ကတော့နှစ်ခုပါ။ ပထမတစ်ခုကတော့ 360-Degree Camera ဖြစ်ပြီး၊ ဒုတိယတစ်ခုကတော့ Camera Housing ကို Leather တွေ၊ ရွှေတွေနဲ့အတူ စိန်လေးလုံးနဲ့ပါ အလှဆင်ထားခြင်းပါ။

                ကမ္ဘာ့ပထမဆုံး 360-Degree Camera ပါဝင်တဲ့ Smartphone အဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ The Darling ဖုန်းရဲ့ ဒီဇိုင်းပိုင်းကို ကျွမ်းကျင်သူတွေကတော့ ရှည်မျောမျောနိုင်ပြီး၊ ကိုင်တဲ့သူသက်တောင့်သက်သာ မရှိမယ့်ဒီဇိုင်းလို့ ပြောကြပါတယ်။

                အောက်ကဗီဒီယိုမှာ ပါတဲ့အတိုင်းပဲ၊ ဖုန်းဟာ Camera ကိုပဲ ဦးစားပေးလွန်းတာကြောင့် ရှည်မျောမျောဖြစ်နေပြီး၊ ဘောင်းဘီအိတ်ကပ်ထဲ ထည့်မယ်ဆိုရင်အဆင်ပြေမှာ မဟုတ်လောက်ပါဘူး။ နောက်ပြီး အထက်ကကြည့်ရင် မသိသာပေမယ့် ဘေးကကြည့်ကြည့်မယ်ဆိုရင်တော့ Camera နေရာက ဖုန်းထက်အများကြီး ထူလွန်းနေတာကို တွေ့ရှိရမှာပါ။


                ဒီဖုန်းဟာ Camera ကိုဘယ်လောက်တောင် ဦးစားပေးထားလဲ ဆိုတာကတော့ Camera Housing ကို Leather တွေ၊ ရွှေတွေနဲ့အတူ စိန်လေးလုံးနဲ့ပါ အလှဆင်ထားခြင်းကို ကြည့်ပြီးသိနိုင်ပါတယ်။

                ဒီဖုန်းကို Version နှစ်မျိုးအနေနဲ့ ရောင်းချမှာဖြစ်ပြီး နှစ်မျိုးစလုံးရဲ့ Specification ကတော့ အတူတူပဲဖြစ်မှာပါ။Display ကတော့ ၅.၅လက်မ 1080p Display ဖြစ်ပြီး၊ MediaTek Processor ကိုသုံးထားပါတယ်။ RAM အနေနဲ့ကတော့ 4GB ရှိမှာဖြစ်ပြီး၊ Storage ကတော့ 64GB ရှိမှာပါ။ 

                360-Degree Camera ကတော့ 13 MegaPixel ဖြစ်ပြီး၊ Battery ကတော့ 3,560mAH Battery ဖြစ်ပါတယ်။ USB Type-C Port ကို အသုံးပြုထားပြီး ဖုန်းရဲ့ကျောဘက်မှာလည်း Fingerprint Sensor ပါဝင်တဲ့အပြင် OS ကတော့ Android Marshmallow ပါ။

                ဈေးနှုန်းအတိအကျကတော့ အတိအကျမရှိသေးပါဘူး။ China Daily ကတော့ Low-end မော်ဒယ်က အမေရိကန်ဒေါ်လာ ၆၀၀၊ High-end မော်ဒယ်က ဒေါ်လာ ၁,၃၀၀ လို့ပြောထားပြီး Mashable ကတော့ Low-end မော်ဒယ်က အမေရိကန်ဒေါ်လာ ၅၀၀၊ High-end မော်ဒယ်က ဒေါ်လာ ၈၀၀ လို့ အမျိုးမျိုး ပြောထားကြပါတယ်။

References
The Verge
About Author
Assinged Tags
Smartphones 360 Photos ProTruly The Darling 360-Degree Camera
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed