TV Show တွေပါ ပြဖို့ စီစဉ်နေပြီဖြစ်တဲ့ Facebook

date_range 07 May 2017

TV Show တွေပါ ပြဖို့ စီစဉ်နေပြီဖြစ်တဲ့ Facebook

visibility 500 Views

                မီဒီယာလောကတစ်ခုလုံးကို လက်ဝါးကြီးအုပ်ဖို့ ကြိုးစားနေတဲ့ Facebook ရဲ့ နောက်ထပ်ခြေလှမ်းတစ်ကွက်ကတော့ ထပ်မံထွက်ပေါ်လာပြန်ပါပြီ။

                Social Media မှာ ဘုရင်တစ်ဆူဖြစ်တဲ့ Facebook ဟာ အခုအခါ TV လုပ်ငန်းအထိပါ ဝင်ရောက်ဖို့ ပြင်ဆင်နေပြီဖြစ်ကြောင်း သိရှိရပြီး၊ လာမယ့် ဂျွန်လထဲမှာ ကိုယ်ပိုင် ရုပ်မြင်သံကြားအစီအစဉ် (TV Show) တွေ စတင်ပြသသွားဖို့ ရှိတယ်လို့ သိရပါတယ်။

                Facebook ရဲ့ ယခုပရောဂျက်ကို နီးစပ်တဲ့လူတွေကနေ Business Insider သတင်းဌာနကို ပြောကြားချက်အရ ပထမဦးဆုံးအဆင့်အနေနဲ့ TV Show နှစ်ဆယ်ကျော်လောက်ကို စတင်ပြသသွားဖို့ရှိပြီး၊ နောက်ထပ် ပရိုဂရမ်တွေ အမြောက်အများရိုက်ဖို့ကိုလည်း ခွင့်ပြုချက်ပေးထားပြီးသားဖြစ်တယ်လို့ သိရပါတယ်။

                Facebook ရဲ့ TV Show အစီအစဉ်မှာ ကုန်ကျစရိတ်သိပ်မများတဲ့ ၅ မိနစ်ကနေ ၁၀ မိနစ်ကြားလောက် အစီအစဉ်တိုလေးတွေနဲ့၊ ရိုက်ကူးစရိတ်အမြောက်အများကုန်ကျခံရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲတွေဆိုပြီး အဓိကနှစ်မျိုး ပြသသွားမှာဖြစ်ပါတယ်။ ၅ မိနစ်ကနေ ၁၀ မိနစ်ကြား အစီအစဉ်တွေကိုတော့ နေ့စဉ်ပြသသွားဖို့ ရှိပြီး၊ ဘတ်ဂျတ်များတဲ့ Programme ကြီးတွေကိုတော့ နာမည်ကြီးရုပ်သံဇာတ်လမ်းတွဲတွေ ပုံစံအတိုင်း တစ်ပတ်ကို တစ်ပိုင်းလောက်ပဲ ပြသသွားဖို့ ရှိနိုင်ပါတယ်။

                အသုံးပြုသူ ၂ ဘီလီယံခန့်လောက် User အခိုင်အမာရှိနေတဲ့ Facebook အတွက်တော့ TV Show ပြမယ့် အစီအစဉ်က မအောင်မြင်မှာ သိပ်စိုးရိမ်စရာမလိုပါဘူး။

References
Business Insider
About Author
Assinged Tags
Facebook Rumors Facebook TV Show
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed