The Rock ကိုယ်တိုင်ပါ၀င်သရုပ်ဆောင်ပေးထားတဲ့ Siri ကြော်ငြာဇာတ်လမ်းတို

date_range 24 July 2017

The Rock ကိုယ်တိုင်ပါ၀င်သရုပ်ဆောင်ပေးထားတဲ့ Siri ကြော်ငြာဇာတ်လမ်းတို

visibility 880 Views

                Apple ကနေပြီးတော့ Siri အတွက်ရည်ရွယ်ထားတဲ့ ကြော်ငြာဇာတ်လမ်းတိုလေးထဲမှာ Dwayne Johnson (The Rock) ကိုယ်တိုင် အဓိကဇာတ်ဆောင်အနေနဲ့ ပါ၀င်သရုပ်ဆောင်ပေးထားပါတယ်။ Apple က ဒီလို Action မင်းသားကြီးကို Siri အတွက် ကြော်ငြာဇာတ်လမ်းတိုလေးမှာ ပါ၀င်ရိုက်ကူးပေးဖို့စည်းရုံးနိုင်ခဲ့တာကို စာရေးသူအနေနဲ့ကတော့ တကယ်လန်းလွန်းတယ်လို့ ထင်မြင်မိပါတယ် (The Rock ပရိသတ်ဖြစ်နေတာကလည်း တစ်ကြောင်းပေါ့ဗျာ)။


                ဒီဇာတ်လမ်းတိုလေးကို The Rock x Siri: Dominate The Day လို့နာမည်ပေးထားပါတယ်။ Apple ရဲ့ Siri Digital Assistant ကိုအသုံးပြုပြီး တစ်နေ့တာအခက်အခဲတွေကိုဘယ်လိုကျော်လွှားနိုင်မလဲဆိုတာကို ရည်ရွယ်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတိုလေးမှာတော့ The Rock က မင်းသားအနေနဲ့သရုပ်ဆောင်ပေးထားပြီး Siri ဟာ The Rock ကနေ “Hey Siri” လို့ခေါ်လိုက်တာနဲ့ ကူညီပေးဖို့အသင့်ရှိနေတဲ့ မင်းသမီးတစ်ယောက်အနေနဲ့ တွေ့မြင်ရမှာပါ။ 

                ဇာတ်လမ်း စစချင်းမှာပဲ Television သတင်းကနေ The Rock ဟာ Projects တွေနဲ့ လုပ်စရာတွေအများအပြားရှိတာကြောင့် အကုန်လုံးကိုတစ်ထိုင်တည်းလုပ်ဖို့ မဖြစ်နိုင်ဘူးလို့ဆိုလာပါတယ်။ The Rock အနေနဲ့ ဒီလိုဝေဖန်ခံရမှုကို Siri နဲ့ပူးပေါင်းပြီး ဘယ်လိုဖြေရှင်းသွားမလဲဆိုတာကိုတော့ ၃ မိနစ်နဲ့ ၄၅ စက္ကန့်ကြာချိန်ရှိတဲ့ အောက်က YouTube Video မှာဆက်လက်ရှုစားနိုင်ပါတယ်။ 



References
The Verge
About Author
Assinged Tags
iPhone Siri The Rock Dwayne Johnson Siri Movie The Rock x Siri: Dominate The Day Short Movie Movie
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed