iPhone SE အသစ် ကို ၂၀၁၈ နှစ်ဦးပိုင်းလောက်မှာ ရောင်းချသွားဖွယ်ရှိ

date_range 07 August 2017

iPhone SE အသစ် ကို ၂၀၁၈ နှစ်ဦးပိုင်းလောက်မှာ ရောင်းချသွားဖွယ်ရှိ

visibility 1280 Views

                သာမာန် iPhone တွေထက် ဈေး ပိုသက်သာတဲ့ Model တစ်ခုအနေနဲ့ ထုတ်လုပ်ပေးခဲ့တဲ့ iPhone SE ကို အဆင့်မြှင့်တင်ထားတဲ့ SE Model အသစ် တစ်ခုကို ၂၀၁၈ ခုနှစ်၊ ပထမ သုံးလပတ် အတွင်းမှာ စတင် ရောင်းချသွားဖွယ် ရှိတယ်လို့ Focus Taiwan သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

                iPhone SE အသစ်တွေကို ထိုင်ဝမ် အခြေဆိုက် Wistron Corp. ရဲ့ အိန္ဒိယက စက်ရုံမှာ ထုတ်လုပ် တပ်ဆင်သွားမှာ ဖြစ်ပြီး၊ လက်ရှိ iPhone SE တွေကိုလည်း Wistron ကပဲ ထုတ်လုပ်ပေးနေတာ ဖြစ်ပါတယ်။ ယခုထွက်ရှိလာမယ့် iPhone SE အသစ်ကို အိန္ဒိယဈေးကွက်မှာ ဦးစွာ ဖြန့်ချိပြီးတဲ့နောက် နိုင်ငံအနှံ့ကို တင်ပို့သွားဖွယ် ရှိပါတယ်။ Apple ဟာ ဈေးသက်သာပြီး၊ အရွယ်ပိုသေးတဲ့ iPhone တွေကို လိုလားနေတဲ့ အိန္ဒိယက ဝယ်ယူသူတွေကို အဓိက ပစ်မှတ်ထားပြီး၊ အိန္ဒိယ Smartphone ဈေးကွက်ဝေစု တချို့ကို ရယူဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

                iPhone 7 နဲ့ တူညီတဲ့ Specification တွေကို iPhone SE မှာ ထည့်သွင်းပေးသွားဖွယ် ရှိတယ်လို့ အိန္ဒိယ နည်းပညာ Website တစ်ခု ဖြစ်တဲ့ Tekz24 က ရေးသားခဲ့ပါတယ်။ A10 Chip နဲ့ 2GB RAM တို့ကို အသုံးပြုထားပြီး Storage Capacity ကတော့ 32GB နဲ့ 128GB တို့ ရရှိနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ 12MP Rear Camera နဲ့ 5MP Front Camera တို့ ပါဝင်ပြီး 1700 mAh Battery ကို အသုံးပြုထားမှာ ဖြစ်ပါတယ်။ ဘေးဘောင် (Bezel) တွေကလည်း အနည်းငယ် ကျဉ်းမြောင်းသွားမယ်လို့ သိရပါတယ်။

                iPhone SE အသစ်ကို ဩဂုတ်လကုန်မှာ မိတ်ဆက်ပေးသွားမယ် ဆိုတဲ့ ကောလာဟလ တချို့လည်း ထွက်ခဲ့ပါတယ်။ ဒါပေမယ့် အခုချိန်ထိ တိကျတဲ့ သတင်း မကြားရသေးတာရယ်၊ စက်တင်ဘာလ အစ မှာ ပြုလုပ်မယ့် iPhone 8 မိတ်ဆက်ပွဲ နဲ့ နီးကပ်လွန်းနေတာရယ်ကြောင့် iPhone SE အသစ်ကို ဒီလ ထဲမှာ မြင်တွေ့ရဖွယ် မရှိပါဘူး။ ဈေးနှုန်း သင့်တင့်ပြီး ပိုမို ကောင်းမွန်တဲ့ iPhone SE ကို (၂၀၁၈) နှစ်ဦးပိုင်းမှာ ဝယ်ယူရရှိနိုင်ဖို့ကတော့ သေချာသလောက် ရှိနေပါတယ်။

References
MacRumors
About Author
Assinged Tags
India iPhone SE Apple A10 Apple's iPhone New iPhone SE A10 Chip
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed