အိန္ဒိယနိုင်ငံမှာ App Accelerator အသစ်ကို တရားဝင်ဖွင့်လှစ်လိုက်တဲ့ Apple

date_range 01 April 2017

အိန္ဒိယနိုင်ငံမှာ App Accelerator အသစ်ကို တရားဝင်ဖွင့်လှစ်လိုက်တဲ့ Apple

visibility 250 Views

                Apple ရဲ့ CEO Tim Cook ကြီး အိန္ဒိယနိုင်ငံကို အလည်အပါတ်သွားရောက်စဉ် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် Narendra Modi နဲ့ App Accelerator အသစ်တစ်ခု ဆောက်လုပ်ဖို့အတွက် ဆွေးနွေးစီစဉ်ခဲ့ပြီး ဆောက်လုပ်မယ့်အကြောင်းကို တရားဝင်ကြေငြာခဲ့ပါတယ်။

                ဒီနေ့မှာတော့ Apple က App Accelerator အသစ်ကို အိန္ဒိယနိုင်ငံ၊ Bengaluru (ခ) Bengalore မြို့မှာ တည်ဆောက်ပြီးစီးကြောင်းနှင့် တရားဝင်ဖွင့်လှစ်ကြောင်းကို Apple Developer Website မှာ ကြေငြာထားပါတယ်။ အိန္ဒိယနိုင်ငံ၊ Bengaluru (ခ) Bengalore မြို့မှာနေထိုင်နေတဲ့ အတော်ဆုံး Apple Experts တွေဆီကနေပြီးတော့ Apple ရဲ့ ဒီဇိုင်းပိုင်းနဲ့ နည်းပညာပိုင်းကို Free လေ့လာသင်ကြားနိုင်မှာပါ။

                အိန္ဒိယနိုင်ငံက Developer တွေအတွက်ကတော့ ဝမ်းသာစရာသတင်းပဲဖြစ်ပြီး App Accelerator ကိုအလည်အပါတ်သွားချင်တယ်ဆိုရင်တော့ Apple Developer Account ဒါမှမဟုတ် Apple ID နဲ့ Register အရင်လုပ်ထားရမှာ ဖြစ်ပါတယ်။

Apple က Philip Schiller ကတော့ 

“အိန္ဒိယက Developer တွေဟာ အရမ်းတော်ပါတယ်။ ကျနော်တို့အားလုံးကလည်း သူတို့အားလုံးကို သဘောကျပါတယ်။ အဲ့ဒီ့အတွက်လည်း သူတို့ရဲ့တီထွင်ကြံဆမှုတွေကို ကမ္ဘာတစ်ဝန်းလုံးက Customer တွေဆီ ယူဆောင်သွားနိုင်မယ့် သီးသန့်နေရာလေးတစ်ခုကို ဖန်တီးပေးခဲ့တာပါ။ ဒီလိုမျိုး ဖန်တီးပေးခဲ့ရတဲ့အတွက်လည်း ကျနော်တို့အားလုံး စိတ်လှုပ်ရှားနေပါတယ်”

လို့ ပြောကြားသွားပါတယ်။

References
MacRumors
About Author
Assinged Tags
Tim Cook India App Accelerator
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed