Screen ၂ ခုပါဝင်တဲ့ Samsung ရဲ့ Leadership 8 ခေါက်ဖုန်း

date_range 04 August 2017

Screen ၂ ခုပါဝင်တဲ့ Samsung ရဲ့ Leadership 8 ခေါက်ဖုန်း

visibility 5700 Views

                စမတ်ဖုန်းတွေကြီးစိုးထားချိန်ဖြစ်ပေမယ့် Samsung ကတော့ "Leadership 8" ဆိုတဲ့ ခေါက်ဖုန်းတစ်လုံးကို ထပ်မံမိတ်ဆက်လိုက်ပြန်ပြီဖြစ်ပါတယ်။ Samsung ရဲ့ Leadership 8 ဟာ ခေါက်ဖုန်းဆိုပေမယ့် Android OS နဲ့ပဲ ဖြစ်ပြီး၊ သာမန်စမတ်ဖုန်းတွေထက်တောင် စွမ်းဆောင်ရည်မြင့်တယ်လို့ ပြောလို့ရပါတယ်။

                Samsung Leadership 8 ခေါက်ဖုန်းမှာ အရည်အသွေးပိုင်းအတွက် Airplane-grade Aluminum Alloy ကို အသုံးပြုထားပြီး၊  Performance ပိုင်းမှာလည်း Qualcomm Snapdragon 821 SoC ၊ RAM 4GB နဲ့ Internal Storage 64GB ပါဝင်လာတာတွေ့ရပါတယ်။

                Leadership 8 ရဲ့ ထူးခြားချက်က ဖုန်းကိုခေါက်ထားလိုက်ရင် ပုံမှန် Android ဖုန်းအနေနဲ့ အသုံးပြုနိုင်မယ့် 4.2" Full HD Super AMOLED Display တစ်ခုပါဝင်သလို၊ ခေါက်ဖုန်းအနေနဲ့အသုံးပြုဖို့လည်း တူညီတဲ့ Screen နောက်တစ်ခုကို ဖုန်းအထဲဘက်မှာ ထပ်မံတပ်ဆင်ပေးထားတာဖြစ်ပါတယ်။ ခေါက်ဖုန်းအနေနဲ့အသုံးပြုနေတဲ့အချိန်မှာလည်း Android ဖုန်းတစ်လုံးကို အသုံးပြုနေတာမျိုးနဲ့မတူပဲ ပုံမှန်ခေါက်ဖုန်းတစ်ခုအသုံးပြုရသလိုမျိုးအဆင်ပြေအောင် Samsung User Interface ကို ပြင်ဆင်ထားတယ်လို့သိရပါတယ်။ 

                ကင်မရာကလည်း Samsung Galaxy S8 မှာ အသုံးပြုထားတဲ့ 12 Megapixel f1.7 Camera ကို အသုံးပြုပေးထားသလို၊ Front Selfie Camera ကလည်း 5 Megapixel f1.9 ပါဝင်ဦးမှာပါ။ 2300mAh Battery ပါဝင်ပြီး Wireless Charging လည်း အသုံးပြုနိုင်မယ့် ခေါက်ဖုန်းတစ်လုံးဖြစ်ပါတယ်.

                ဒါ့အပြင် Samsung Leadership 8 ခေါက်ဖုန်းမှာ Fingerprint Sensor, Always-on Display တွေပါ ပါဝင်ဦးမှာပါ။

                အဆိုပါ Leadership 8 ခေါက်ဖုန်းကို လောလောဆည် China Mobile မှာပဲ သီးသန့်ရောင်းချသွားဦးမှာဖြစ်ပြီး၊ တရုတ်နိုင်ငံပြင်ပမှာရောင်းချဖို့ ရှိ၊မရှိ နဲ့ ဈေးနှုန်းအတိအကျကိုတော့ မသိရသေးပါဘူး။ 

References
Trusted Reviews
About Author
Assinged Tags
Samsung Android Flip Phone Dual Screen Leadership 8
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed