Xiaomi ရဲ့ ဒုတိယမြောက်ကိုယ်ပိုင် Processor ဖြစ်တဲ့ Surge S2 နဲ့ ပွဲထွက်လာမယ့် Xiaomi Mi 6c

date_range 03 August 2017

Xiaomi ရဲ့ ဒုတိယမြောက်ကိုယ်ပိုင် Processor ဖြစ်တဲ့ Surge S2 နဲ့ ပွဲထွက်လာမယ့် Xiaomi Mi 6c

visibility 3660 Views

                လွန်ခဲ့တဲ့နှစ်က Xiaomi ဟာ Mi 5c Smartphone နဲ့ အတူ ပထမဆုံး Xiaomi ရဲ့ ကိုယ်ပိုင် CPU ဖြစ်တဲ့ Surge S1 Processor ကို ထုတ်ပြခဲ့ပါတယ်။ ယခုအချိန်မှာလည်း Xiaomi ကနေ ပိုပြီး စွမ်းဆောင်ရည်ကောင်းလာတဲ့ Surge S2 Processor ကို မကြာခင်ထုတ်လုပ်သွားမယ့် Xiaomi Mi 6c Smartphone မှာထည့်သွင်းထားမယ်လို့ သိရပါတယ်။ 

                Xioami Mi 6c ဟာ လက်ရှိသိရတဲ့သတင်းအရဆိုရင် Aluminum (သို့) Metal Body ကိုပဲ အသုံးပြုထားမှာဖြစ်ပြီး၊ Mi 6 Smartphone ထက် ဘေးဘောင်တွေ အနည်းငယ်ပိုပါးအောင် ပြုလုပ်ထားမှာဖြစ်ပါတယ်။ Xiaomi Mi 6 Smartphone လိုပဲ သီချင်းနားထောင်ဖို့ Audio 3.5mm Port ပါဝင်မှာမဟုတ်တော့ပါဘူး။

                ကင်မရာအနေနဲ့လည်း Xiaomi Mi 6 လိုမျိုး Dual Camera မဟုတ်တော့ပဲ 12 Megapixels Sony IMX 386 Sensor တစ်ခုထဲပဲ တပ်ဆင်ထားမယ်လို့ သိရှိရပြီး၊ Optical Image Stabilization ပါဝင်လာဦးမှာပါ။ အရှေ့ Selfie Camera ကလည်း အရင်ထွက်ရှိခဲ့တဲ့ Mi 5c အတိုင်း 5 Megapixels ပါဝင်မှာဖြစ်ပါတယ်။ 

                အဓိကအချက်ဖြစ်တဲ့ Xiaomi ရဲ့ ဒုတိမြောက် Surge S2 CPU ဟာ အလယ်အလတ်တန်းစား CPU တစ်ခုလို့ပြောလို့ရပေမယ့် Performance အနေနဲ့ ပြီးခဲ့တဲ့ Surge S1 CPU ထက်ပိုကောင်းလာမှာဖြစ်ပြီး Qualcomm Snapdragon 660 ဖုန်းတွေနဲ့ ယှဉ်ပြိုင်နိုင်မှာဖြစ်ပါတယ်။ 

                Performance အနေနဲ့ကတော့ Surge S2 CPU ဟာ Octa Core အမျိုးအစားဖြစ်ပြီး Cortex-A73 (2.2GHz) Cores ၄ ခုနဲ့ Cortex-A53 (1.8GHz) Core ၄ ခုကို ပေါင်းစပ်ထားတာပဲဖြစ်ပါတယ်။ Graphic performance အနေနဲ့တော့ Mali-G71MP12 (830MHz) GPU ပါဝင်မှာဖြစ်ပါတယ်။ နောက်တစ်ချက်က Surge S2 CPU အတွက် လက်ရှိအမြန်ဆုံးဖြစ်တဲ့ LPDDR4x RAM အမျိုးအစားကို သုံးစွဲသွားမှာဖြစ်ပါတယ်။ 

                Xiaomi Mi 6c ကို ဈေးနှုန်းအနေနဲ့ RAM 4GB, 64GB ကို Yuan 2000 ခန့် (USD $300 ခန့်)၊ RAM 6GB, 128GB ကို Yuan 2500 ခန့် (USD $370 ခန့်) နဲ့ရောင်းချသွားမှာဖြစ်ပြီး၊ ယခုနှစ်နှောင်းပိုင်းလောက်မှာ ကြေငြာသွားမယ်လို့ ခန့်မှန်းရပါတယ်။

References
GSM Arena
About Author
Assinged Tags
Xiaomi Surge S1 SoC Xiaomi Mi 6c Surge S2 Xiaomi's Processor Own Processor Mi 5c MI 6C
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed