Huawei နဲ့ Porsche Design Studio တွဲဖက်ထုတ်လုပ်ထားတဲ့ $900 ကျော်တန်ဖိုးရှိ "Huawei Porsche Design Smartwatch"

date_range 25 July 2017

Huawei နဲ့ Porsche Design Studio တွဲဖက်ထုတ်လုပ်ထားတဲ့ $900 ကျော်တန်ဖိုးရှိ "Huawei Porsche Design Smartwatch"

visibility 220 Views

                Huwaei Company ကနေပြီးတော့ Porsche Design Studio နဲ့တွဲဖက်ပြီး ယခင်က Huawei ရဲ့ Flagship ဖုန်းတစ်လုံးဖြစ်တဲ့ Huawei Mate 9 ကို Upgrade လုပ်ထားတဲ့ "Huawei Mate 9 Porsche Design" ကို ထုတ်လုပ်ခဲ့ပါတယ်။ ယခုအချိန်မှာလည်း Huawei နဲ့ Porsche Design studio တို့ပူးပေါင်းပြီး နောက်ထပ် Product တစ်ခုဖြစ်တဲ့ Huawei Smartwatch 2 ကို Porsche Design နဲ့ထွက်ရှိလာမှာဖြစ်ပါတယ်။


                အခုထွက်ရှိလာတဲ့ "Huawei Porsche Design Smartwatch" ဟာ မနှစ်က Mobile World Congress ပွဲမှာပြသသွားခဲ့တဲ့ Huawei Watch 2 Classic ကို အခြေခံထားတာဖြစ်ပြီး အတွင်းပိုင်း Specifications တွေအရတော့ ပြောင်းလဲမှုပြုလုပ်ထားမှာမဟုတ်ပါဘူး။ 

                ဒါပေမယ့် Porsche Design Studio ကနေ အပြင်ပိုင်းကို အမြောက်အများပြန်လည်မွမ်းမံထားပြီးတော့ Ceramic Bezels တွေကို Speedometer Design ပြောင်းလဲပြင်ဆင်ထားပြီး Porsche Design စာတန်းရိုက်နှိပ်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ Stainless Steel ကိုယ်ထည်ကိုလည်း အမည်းရောင် နဲ့ အနီရောင် ၂ ရောင်ဖြင့်ပြောင်းလဲထားပြီး နာရီလက်ပတ်ကြိုးကိုပါ အမည်းရောင် Leather-Rubber Hybrid ကြိုးကိုမှ အနီရောင်ချူပ်ရိုးကြောင်းတွေနဲ့ ပြောင်းလဲထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။ ဒါအပြင့် Huawei Porsche Design Smartwatch မှာ Watch Face အသစ်တစ်ခုကိုပါ ထည့်သွင်းပေးထားမှာဖြစ်ပါတယ်။


                Huawei Porsche Design Smartwatch ကို လက်ရှိအချိန်မှာ Europe နဲ့ UK နိုင်ငံတွေမှာရောင်းချနေပြီဖြစ်ပြီး ဈေးနှုန်းအနေနဲ့ $925 ဝန်းကျင်ရှိမှာဖြစ်ပါတယ်။ အခုလို Huawei နဲ့ Porsche Design Studio ပူးပေါင်းပြီး Luxury Product တွေကို ထုတ်လုပ်တာက အခုတကြိမ်နဲ့ဆိုရင် ဒုတိယအကြိမ်ရှိပြီဖြစ်ပါတယ်။ နောက်ထပ် Huawei P10 ကိုကော Porsche Design Edition နဲ့ ထွက်ရှိလာဦးမလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

References
Android Authority
About Author
Assinged Tags
Huawei Smartwatch Porsche Design Studio Porsche Porsche Design Huawei Smartwatch Huawei Smartwatch 2
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed