Word Flow Keyboard ကို Microsoft ဖျက်သိမ်းပြီး SwiftKey ကိုသာ ဆက်လက် အသုံးပြုကြရန် တိုက်တွန်း

date_range 01 August 2017

Word Flow Keyboard ကို Microsoft ဖျက်သိမ်းပြီး SwiftKey ကိုသာ ဆက်လက် အသုံးပြုကြရန် တိုက်တွန်း

visibility 240 Views

                လွန်ခဲ့တဲ့ တစ်နှစ်ကျော်က မိတ်ဆက်ခဲ့တဲ့ Word Flow Keyboard ကို Microsoft က App Store မှ ဖယ်ရှား ဖျက်သိမ်း လိုက်ပါတယ်။ Word Flow ဟာ လက်တစ်ဘက်တည်းနဲ့ စာရိုက်ရ အဆင်ပြေတဲ့ One-handed Keyboard ဖြစ်ပြီး iPhone နဲ့ iPod Touch တွေအတွက် ထုတ်လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။

                လက်တစ်ဘက် နဲ့သာ အလွယ်တကူ အသုံးပြုနိုင်အောင် Arc Mode လို့ ခေါ်တဲ့ ကွေးနေတဲ့ Keyboard Layout ကို ထည့်သွင်းပေးထားပြီး၊ ဘယ်သန်တွေအတွက်ပါ အဆင်ပြေအောင် စီမံပေးထားခဲ့ပါတယ်။ Word Suggestions, Auto-corrections, Themes, GIF နဲ့ Emoji တို့လို လူသုံးများတဲ့ Feature တွေလည်း စုံစုံလင်လင် ပါဝင်ခဲ့ပါတယ်။ .

                Word Flow ဟာ လက်တွေ့စမ်းသပ်မှု တစ်ခု ဖြစ်ပြီး အခုအချိန်မှာ အဆိုပါ စမ်းသပ်မှုဟာ ပြီးဆုံးသွားပြီ ဖြစ်ကြောင်း Microsoft Garage Website မှာ ဖော်ပြထားပါတယ်။ Feature အသစ်တွေနဲ့ ဆက်လက် တိုးတက်အောင် အမြဲလုပ်ဆောင်နေတဲ့ SwiftKey ကိုသာ ပြောင်းလဲ သုံးစွဲဖို့လည်း တိုက်တွန်းထားပါတယ်။ လူသိများ ကျော်ကြားတဲ့ SwiftKey ကို (၂၀၁၆) နှစ်ဦးပိုင်းလောက်က ဒေါ်လာ သန်း ၂၅၀ နဲ့ Microsoft က ဝယ်ယူခဲ့တာ ဖြစ်ပြီး၊ SwiftKey တစ်ခုတည်းကိုသာ အဓိကထားပြီး ဆက်လက် လုပ်ဆောင်သွားဖွယ် ရှိပါတယ်။

                Microsoft Garage Website မှာ Word Flow နဲ့ ပက်သက်လို့ အောက်ပါအတိုင်း ရေးသားထားပါတယ်။

Word Flow အတွက်စမ်းသပ်မှုဟာ အခုချိန်မှာပြီးဆုံးသွားပါပြီ။ ကျွန်တော်တို့အနေနဲ့ SwiftKey Keyboard ကို Download ဆွဲပြီးအသုံးပြုပေးကြဖို့ တိုက်တွန်းပါတယ်။ SwiftKey Product Team ဟာလည်း SwiftKey အတွက် Features အသစ်တွေကို မကြာခဏ ထည့်သွင်းပေးလျက်ရှိပြီး Update တွေကိုလည်းထုတ်လုပ်ပေးလျက်ရှိပါတယ်။

                မကြာသေးခင်ကမှ Update ထွက်ရှိထားတဲ့ SwiftKey ဟာ Theme အသစ်တွေ၊ ပိုမို ကောင်းမွန်တဲ့ 3D Touch Feature တွေနဲ့ Emoji Prediction တို့ ပါဝင်လာပြီး နောက်ပိုင်းမှာလည်း Feature အသစ်တွေနဲ့ ပိုပြီး သုံးလို့ကောင်းလာမယ် ဆိုတာကတော့ အသေအချာပါပဲ။

References
9To5 Mac
About Author
Assinged Tags
Microsoft Keyboard Apps Keyboard Word Flow One Handed SwiftKey
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed