iPhone 8 မှာ အသုံးပြုမယ့် A11 Chips တွေကို စတင်ထုတ်လုပ်နေပြီဆိုတဲ့ TSMC

date_range 29 July 2017

iPhone 8 မှာ အသုံးပြုမယ့် A11 Chips တွေကို စတင်ထုတ်လုပ်နေပြီဆိုတဲ့ TSMC

visibility 1080 Views

                Apple တို့ထုံးစံအတိုင်း iPhone 8 ဟာ လာမယ့် စက်တင်ဘာလမှာ မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ ဒီ့အတွက်ကြောင့်လည်း iPhone 8 တွေအတွက် Chips တွေထုတ်ပေးဖို့ စာချုပ်ချုပ်ထားတဲ့ TSMC ကုမ္ပဏီအနေနဲ့ စက်တင်ဘာလအမီ iPhone 8 မှာ အသုံးပြုမယ့် A11 Chips တွေကို စတင်ထုတ်လုပ်နေပြီလို့ ထိုင်ဝမ်အခြေစိုက် နည်းပညာသတင်းတွေကို တင်ဆက်နေတဲ့ Digitimes ဆိုတဲ့ Online မီဒီယာကနေတစ်ဆင့် သတင်းရရှိထားပါတယ်။

                A11 Chips တွေကို ထုတ်လုပ်မယ့်နေရာမှာ TSMC အနေနဲ့ iPhone 7 မှာ အသုံးပြုထားတဲ့ A10 Fusion Chips တွေကို ထုတ်လုပ်ခဲ့တုန်းက အသုံးပြုခဲ့တဲ့ 16-nanometer ထုတ်လုပ်မှုပုံစံကို အသုံးပြုသွားမှာ မဟုတ်ပဲ၊ ပိုပြီးကောင်းပြီး၊ ပိုပြီးလည်း မြန်ဆန်မယ့် 10-nanometer ထုတ်လုပ်မှုပုံစံကို အသုံးပြုသွားမှာ ဖြစ်ပါတယ်။ 

                A11 Chips တွေနဲ့ ပက်သက်ပြီး အချက်အလက်တွေ အတိအကျ မသိရှိရသေးဘူး ဆိုပေမယ့်လည်း iPhone 8 ဟာ 10-nanometer ထုတ်လုပ်မှုပုံစံကို အသုံးပြုပြီး ထုတ်လုပ်ထားတဲ့ Chips တွေကို တပ်ဆင်ထားမယ့် ပထမဆုံး iPhone တွေ ဖြစ်လာမှာပါ။

                ကောလာဟလတွေထွက်ရှိလာတဲ့ Bechmarks တွေအရကတော့ အခုလက်ရှိ iPad Pro (2017) တွေမှာ အသုံးပြုထားတဲ့ A10X Fusion Chips တွေထက်ကို မြန်ဦးမယ်လို့ သိရပါတယ်။ Ice universe ဆိုသူကတော့ သူ့ရဲ့ Twitter Account မှာ A11 Chip ရဲ့ Benchmark Score တွေကို Tweet လုပ်ထားတာတွေ့ရပါတယ်။

                သူ့ Tweet အတိုင်းသာဆိုရင်တော့ A11 Chips တွေဟာ Single-Core Performance မှာတောင် A10X Fusion Chips တွေထက်သာတာကို တွေ့ရမှာပါ။ သူကပဲဆက်လက်ပြီး ဒီ Benchmark Score တွေဟာ မတူညီတဲ့ Clock Speeds တွေမှာ စမ်းသပ်ထားတာကြောင့် ရလာဒ်တွေကတော့ မတူညီဘူးလို့လည်း ဆိုထားပါသေးတယ်။

                နောက်ထပ်သတင်းတွေအရ iPhone 8 တွေကို Apple အနေနဲ့ အောက်တိုဘာလလောက်မှ မိတ်ဆက်မယ်လို့လည်း သိရပါသေးတယ်။ သို့ပေမယ့်လည်း Apple တို့ ထုံးစံအတိုင်းဆိုရင်တော့ iPhone 8 တွေကို နောက်နှစ်လလောက်နေရင် မိတ်ဆက်တော့မှာပဲ ဖြစ်ပါတယ်။

                အခုလက်ရှိကတော့ iPhone 8 မှာ အသုံးပြုမယ့် A11 Chips တွေကို စတင်ထုတ်လုပ်နေပြီဆိုတဲ့ သတင်းကသာ ခိုင်ခိုင်မာမာ ရှိပါတယ်။ Chips တွေကိုတောင် စတင်ထုတ်လုပ်နေပြီဆိုတော့လည်း iPhone 8 တွေကို မိတ်ဆက်ဖို့အချိန်ဟာ ကောလဟာလသတင်းတွေထဲကလိုမျိုး မိတ်ဆက်ချိန်နောက်ကျမယ်လို့တော့ မထင်ရပါဘူး။

References
Cult of Mac Twitter
About Author
Assinged Tags
TSMC iPhone 8 related news Apple A11
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed