PC မှာ တရားဝင်ထွက်ရှိလာပြီဖြစ်ပြီး၊ Android အတွက်ပါ မကြာမီထွက်ရှိတော့မယ့် The Elder Scrolls: Legends

date_range 11 March 2017

PC မှာ တရားဝင်ထွက်ရှိလာပြီဖြစ်ပြီး၊ Android အတွက်ပါ မကြာမီထွက်ရှိတော့မယ့် The Elder Scrolls: Legends

visibility 150 Views

                Card ဂိမ်းကြိုက်နှစ်တဲ့ The Elder Scrolls ပရိတ်သတ်တွေအတွက် သတင်းကောင်းပါပဲ။

                PC မှာ Beta အဖြစ်နဲ့ ထွက်ရှိခဲ့တာ အတန်ငယ်ကြာခဲ့ပြီဖြစ်တဲ့ Elder Scrolls Legends ဂိမ်းဟာ ယနေ့မှာပဲ PC အတွက် Official ထွက်ရှိလာပြီဖြစ်ပါတယ်။

                ဒီထက် စိတ်လှုပ်ရှားစရာကောင်းတာက ဂိမ်းရေးဆွဲသူ Bethesda ကုမ္ပဏီက ဒီဂိမ်းကို Android နဲ့ iOS အတွက်လည်း မကြာမီထုတ်ပေးတော့မှာဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။

“ လပေါင်းများစွာ Beta ဆော့ကစားတဲ့ Players တွေဆီက Feedback အမြောက်အများ လက်ခံရရှိခဲ့ပြီး၊ ဖြည့်စွက်ပြင်ဆင်မှုအမြောက်အများနဲ့ Optimizations တွေ ကောင်းကောင်းလုပ်ပြီးနောက်မှာ၊ The Elder Scrolls: Legends ဂိမ်းနောက်က “Beta” ဆိုတာလေးကို ဖြုတ်ပြီး၊ PC အတွက် တရားဝင်ထုတ်နိုင်ခဲ့ပါပြီ”

                လို့ Bethesda ကုမ္ပဏီက သတင်းထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

                The Elder Scrolls: Legends ဂိမ်းကို PC (Windows) အပြင် macOS ၊ Android နဲ့ iOS အတွက်လည်း မကြာမီ ထပ်ထုတ်ပေးသွားမှာဖြစ်တယ်လို့လည်း ကုမ္ပဏီက ကြေငြာခဲ့ပါတယ်။

                ပိုပြီး တိတိကျကျပြောရရင် The Elder Scrolls: Legends ဂိမ်းကို မတ်လ ၂၃ ရက်နေ့မှာ၊ iPad အတွက်၊ Android တက်ဘလက်တွေအတွက် ဧပြီလအတွင်းနဲ့ macOS အတွက် မေလမှာ ထုတ်ပေးသွားမှာဖြစ်ပါတယ်။Android နဲ့ iOS စမတ်ဖုန်းတွေအတွက်ကတော့ နွေရာသီ ( ဂျွန်၊ ဂျူလိုင်၊ သြဂတ်စ်) လောက်မှာ ထွက်ရှိမှာပါ။

                The Elder Scrolls: Legends ဂိမ်းကို သိပ်မသိသေးတဲ့လူတွေအတွက် ဂိမ်းပုံစံကို နည်းနည်းပြောပြချင်ပါတယ်။ ဒီဂိမ်းက Hearthstone: Heroes of Warcarft တို့ Magic: The Gathering တို့လိုမျိုး Card နဲ့ ဆော့ရတဲ့ Strategy game တစ်ခုဖြစ်ပါတယ်။ အထက်ပါဂိမ်းတွေကို သိပ်မဆော့ဖူးတဲ့လူတွေ နားလည်အောင် ပြောပြရရင်၊ ဒီဂိမ်းက Supercell က ထုတ်ထားတဲ့ Clash Royale ဂိမ်းပုံစံမျိုးပါ။ ဒါပေမယ့် Clash Royale လို Character တွေက လှုပ်ရှားပြီး တိုက်ခိုက်တဲ့ Animation တွေ မပါဘဲ၊ လုံးဝ Card game အစစ်ဖြစ်ပါတယ်။

                The Elder Scrolls: Legends ဟာ The Elder Scrolls စီးရီးနဲ့ Universe တစ်ခုတည်းမှာဖြစ်ပြီး၊ Characters ၊ Creatures နဲ့ Lores တွေလည်း အတူတူပါပဲ။ Single-Player Campaign မှာ ဇာတ်လမ်းသွားပုံစံမျိုးနဲ့ ဆော့ရမှာဖြစ်ြပီး၊ အွန်လိုင်း Player ချင်း ဆော့ကစားနိုင်မယ့် Versus Mode တွေလည်း ပါဝင်မှာဖြစ်ပါတယ်။

References
Game Spot Android Authority
About Author
Assinged Tags
Android iOS macOS Windows PC Games Card Games The Elder Scrolls The Elder Scrolls: Legends Android Games iOS Games
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed