Android ကော iOS မှာပါ တရားဝင်ထွက်ရှိလာပြီဖြစ်တဲ့ Dynasty Warriors Unleashed

date_range 01 April 2017

Android ကော iOS မှာပါ တရားဝင်ထွက်ရှိလာပြီဖြစ်တဲ့ Dynasty Warriors Unleashed

visibility 800 Views

                ကျနော်တို့ဆီက Consoles ဂိမ်းပရိတ်သတ်တွေ ရင်းနှီးပြီးသား hack-and-slash ဂိမ်းတစ်ခုဖြစ်တဲ့ Dynasty Warriors ရဲ့ ပထမဆုံး မိုဘိုင်းဂိမ်း "Dynasty Warriors Unleashed" ထွက်ရှိလာပါပြီ။

                Dynasty Warriors စီးရီးထဲမှာ ပထမဆုံး မိုဘိုင်းဂိမ်းဖြစ်ပြီး၊ ဒီဂိမ်းစီးရီးရဲ့ Developer Nexon Company ကပဲ ထုတ်လုပ်ထာားတာ ဖြစ်ပါတယ်။  Android ကော iOS မှာပါ အခမဲ့ ရယူဆော့ကစားနိုင်မှာဖြစ်ပေမယ့် မိုဘိုင်းဂိမ်းတွေ ထုံးစံအတိုင်း In-App Purchases တွေတော့ တပုံတပင် ပါဝင်မှာပါ။ တစ်ချို့ Item တွဆို ဒေါ်လာ တစ်ရာနီးပါး ရှိပါတယ်။

                Dynasty Warriors Consoles စီးရီးတစ်ခုလုံးမှာ ပါဝင်ခဲ့တဲ့ “Legendary” Characters ၄၈ ကောင်ထဲကနေ ရွေးချယ်ကစားရမှာဖြစ်ပြီး၊ Character တစ်ယောက်ချင်းစီမှာ ကိုယ်ပိုင် Skills တွေ Abilities တွေ ရှိမှာပါ။ Team အနေနဲ့ ကိုယ့်ကို ကူမယ့် Officer တွေလည်း ပါဝင်ပါတယ်။

                Mobile Game ဆိုပေမယ့် Consoles တုန်းက Gameplay ပုံစံ မပျက်အောင် အတတ်နိုင်ဆုံး ဖန်တီးထားတာ တွေ့ရပါတယ်။ မိုဘိုင်းဂိမ်းဆိုတော့ Consoles ဗားရှင်းလောက်တော့ ကောင်းမှာမဟုတ်ပေမယ့်လည်း ကိုယ်အရင်က စွဲစွဲမက်မက်ဆော့ခဲ့တဲ့ ဂိမ်းတစ်ခုကို စမတ်ဖုန်းမှာ ပြန်လည်အရသာခံ ဆော့ကစားနိုင်မှာဖြစ်ပါတယ်။


                Dynasty Warriors Unleashed မှာ Gamplay Modes တွေလည်း တော်တော်စုံတာ တွေ့ရပြီး၊ Campaign Mode ၊အွန်လိုင်းကနေ လေးယောက်အထိ တိုက်ခိုက်ကစားနိုင်မယ့် Skirmish Mode ၊ တစ်ယောက်တည်း ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့အတူ Boss Fights တွေချည်း ကြုံးနိုင်မယ့် Boss Fights Mode ၊ Real-Time Strategy ဆန်ဆန် Mines တွေ လိုက်သိမ်းပြီး၊ Resources တွေ စုဆောင်းရတဲ့ War Supply Mode ၊ Raid Mode ၊ Conquest Mode စတာတွေ ပါဝင်ပါတယ်။

                ဂိမ်းဂရပ်ဖစ်ကတော့ မိုဘိုင်းဂိမ်းဆိုပေမယ့် တော်တော်လေးကောင်းမွန်ပြီး၊ ရန်သူအများကြီးနဲ့ ချရတဲ့အခါမျိုးမှာလည်း တော်တော်ကြည့်ကောင်းပါတယ်။

                ဖိုင်ဆိုက်က Android မှာ စစချင်း 85 MB လောက် ရှိပြီး၊ ဂိမ်းထဲဝင်လိုက်ရင်တော့ နောက်ထပ် Game Data 850MB လောက် ထပ်ဆွဲရမှာဆိုတော့ ဖိုင်ဆိုက်တော့ ကြီးပါတယ်။

                ဘာပဲပြောပြော Dynasty Warriors Game ပရိတ်သတ်တွေ အကြိုက်တွေ့မယ့် မိုဘိုင်းဂိမ်းကောင်း ဖြစ်တာကြောင့် အခုပဲ Play Store နဲ့ Apple App Store တို့မှာ Download ဆွဲလိုက်ပါ။

References
Game Spot
About Author
Assinged Tags
Android iOS Android Games iOS Games Mobile Game Dynasty Warriors Unleashed
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed