Windows 10 Fall Creators Update မှာ Microsoft မှ Paint ကို ဖြုတ်ပစ်တော့မည်ဟုကြေညာ

date_range 25 July 2017

Windows 10 Fall Creators Update မှာ Microsoft မှ Paint ကို ဖြုတ်ပစ်တော့မည်ဟုကြေညာ

visibility 400 Views

                Windows 10 Fall Creators Update မှာ Feature အသစ်တွေကို မြင်တွေ့ရမယ်ဆိုပေမဲ့ ၀မ်းနည်းစရာကောင်းတာကတော့ Microsoft ကနေ Paint ကိုဖြုတ်ပစ်ပြီး Paint 3D ဆိုတဲ့ Program ကို Default အနေနဲ့ ပြောင်းလဲထည့်သွင်းပေးမယ်လို့ ကြေညာခဲ့ပါတယ်။ 

                ၁၉၈၅ ခုနှစ်က စပြီး Windows Operating System မှာထည့်သွင်းပေးခဲ့တဲ့ Microsoft Paint ဟာ Windows Update တိုင်းမှာပါ၀င်ခဲ့ပြီး လူသိများတဲ့ Microsoft Windows ရဲ့ Program အစိတ်အပိုင်းတစ်ခုအနေနဲ့ရပ်တည်ခဲ့ပါတယ်။ 

                ဒါပေမဲ့လည်း Microsoft မှ Paint ကို လုံး၀ကြီးဖြုတ်ပစ်မှာမဟုတ်ပဲ Paint 3D ဆိုတဲ့ Free Program ကို Windows 10 Fall Creators Update မှာ အစားထိုးပေးသွားမှာဆိုတဲ့အကြောင်း New York Times ကို ထပ်မံပြောကြားခဲ့ပါသေးတယ်။ ဒီ MS Paint 3D Program မှာလည်း 3D Features တွေအပြင်၊ MS Paint တုန်းကအတိုင်း Photo Editing နဲ့ 2D Creation တွေလည်း ပြန်လည်ပါ၀င်လာမယ်လို့ဆိုပါတယ်။

                Microsoft ဟာ Windows 10 Fall Creators Update မှာ Paint အပြင် Outlook Express ကိုလည်းဖြုတ်ပစ်မှာဖြစ်ပြီး Reader App ကိုလည်း  Microsoft Edge ထဲကိုပေါင်းထည့်ပေးမှာဖြစ်ပါတယ်။ Screen Saver Feature ကိုလည်းဖြုတ်ပစ်ဖို့အတွက်ရည်ရွယ်နေပြီး Themes ထဲမှာ Disable ပြုလုပ်ထားမယ့်အပြင် Development တွေကိုပါ ရပ်တန့်ပစ်ဖို့လည်း ပြုလုပ်နေတယ်လို့သိရှိရပါတယ်။ 

                သတင်းကောင်းတစ်ခုကတော့ MS Paint 3D ကိုမလိုချင်ပဲ MS Paint ကိုပဲဆက်လက်အသုံးပြုလိုသူတွေအတွက် Windows Store မှာ Free အနေနဲ့ Download ပြုလုပ်ပြီး ဆက်လက်အသုံးပြုနိုင်မယ်လို့လည်း Microsoft မှ ထပ်တိုးကြေညာချက် အရသိရှိရပါတယ်။ Microsoft မှ Paint ကိုဖြုတ်ပစ်တော့မယ်ဆိုတော့ အင်တာနက်ပေါ်မှာ MS Paint ကိုလွမ်းတဲ့အကြောင်းနဲ့ မဖြုတ်ပစ်ဖို့ကို မေတ္တာရပ်ခံမှုတွေကြောင့်လည်း အခုလိုပြန်လည်ဆုံးဖြတ်ပေးလိုက်ရတယ်လို့သိရှိရပါတယ်။

References
Engadget
About Author
Assinged Tags
Microsoft Windows Windows 10 Fall Creators Update Windows 10 Fall Creators Update Microsoft Paint Paint MS Paint MS Paint 3D Paint 3D
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed