Computer မှာ Android ကို Operating System တစ်ခုအနေနဲ့တင်သုံးနိုင်တဲ့ Remix OS ကို ရပ်ဆိုင်း

date_range 24 July 2017

Computer မှာ Android ကို Operating System တစ်ခုအနေနဲ့တင်သုံးနိုင်တဲ့ Remix OS ကို ရပ်ဆိုင်း

visibility 400 Views

                လွန်ခဲ့တဲ့ ၃ နှစ်ကျော်၊ ၂၀၁၄ ခုနှစ်ခန့်က Jide Technology Company ဟာ Android OS တစ်ခုလုံးကို ARM စနစ်သုံး ကွန်ပျူတာတွေပေါ်မှာ Windows OS တစ်ခုသုံးသလို Boot တက်ပြီး အသုံးပြုနိုင်တဲ့ Remix OS ကို ထုတ်လုပ်ခဲ့ပါတယ်။


                ဒါပေမယ့် လက်ရှိအချိန်မှာ Jide Company ဟာ သူရဲ့ Remix OS အပါအဝင် အခြားသော ကုမ္ပဏီရဲ့ Software နဲ့ Remix OS ကို အသုံးပြုထားတဲ့ TV Box ကဲ့သို Hardware ပစ္စည်းတွေအကုန်လုံးကို ထုတ်လုပ်မှုရပ်ဆိုင်းလိုက်ကြောင်း ကြေငြာခဲ့ပါတယ်။ တကယ်လို့ Jide ကုန်ပစ္စည်းတစ်ခုခုကို မှာယူထားတယ်ဆိုရင်လည်း သြဂုတ်လ ၁၅ ရက်နေ့မှစတင်ပြီး ပစ္စည်းတန်ဖိုးကိုပြန်လည်ပေးအပ်သွားမယ်လို့ ကြေငြာခဲ့ပါတယ်။ 


                အခုလို ရပ်ဆိုင်းလိုက်ပေမယ့်လည်း ကုမ္ပဏီကို ဖျက်သိမ်းလိုက်တာမျိုးမဟုတ်ပဲ အခုအချိန်ကစတင်ပြီး Jide Company က စီးပွားရေးလုပ်ငန်းတွေဖက်ကိုပဲ အာရုံစိုက်ပြီးလုပ်ကိုင်သွားမယ်လို့သိရပါတယ်။ Press Statement အရတော့ ပြီးခဲ့တဲ့နှစ်တွေမှာ Jide Company ဟာ နယ်ပယ်အစုံက စီးပွားရေးလုပ်ငန်းတွေရဲ့ ဆက်သွယ်စုံစမ်းမှုတွေ အမြောက်အများရရှိခဲ့ပြီး Jide Company ကနေ အဆိုပါစီးပွားရေးလုပ်ငန်းတွေအတွက် အသုံးဝင်စေမယ့်ကိရိယာများစွာ ပြုလုပ်ပေးခဲ့တယ်လို့သိရပါတယ်။ 

                Jide Company ကနေ ယခုနှစ်အစောပိုင်းတုန်းက Android Smartphone ကနေတစ်ဆင့် PC အနေနဲ့ပါ အသုံးပြုနိုင်တဲ့ Remix OS Version တစ်မျိုးကို ပြသခဲ့ပြီး အဲ့ဒီအချိန်တုန်းက Jide အနေနဲ့ ကွန်ပျူတာအစားထိုးသုံးစွဲနိုင်တဲ့ Microsoft Continuum ကဲ့သို့ Smartphone OS တစ်ခုအနေနဲ့ Remix OS ကို Customer တွေကို ဆွဲဆောင်ဖို့ စိတ်ကူးခဲ့ပါသေးတယ်။ 

                အခုအချိန်မှာတော့ Jide Company အနေနဲ့ Consumer Level အတွက် ဆက်လက်ပြီး Remix OS လို Product တွေကိုထုတ်တော့မှာမဟုတ်တော့ပါဘူး။ အဲ့ဒီအတွက် Android OS ကို ကွန်ပျူတာမှာအသုံးပြုချင်တယ်ဆိုရင်တော့ ယခုနောက်ပိုင်းအသစ်ထွက်ရှိလာတဲ့ Phoenix OS လိုမျိုးကိုပဲ ပြောင်းလဲအသုံးပြုရတော့မှာဖြစ်ပါတယ်။ 

References
The Verge
About Author
Assinged Tags
Android Remix OS Jide PC Android Operating System Android For PC
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed