ခရီးသွားများအား လမ်းညွှန်ပေးခြင်း နှင့် လေဆိပ် သန့်ရှင်းရေး ပြုလုပ်နိုင်သည့် LG စက်ရုပ်များအား အင်ချွန်းလေဆိပ်တွင် စတင် အသုံးပြု

date_range 23 July 2017

ခရီးသွားများအား လမ်းညွှန်ပေးခြင်း နှင့် လေဆိပ် သန့်ရှင်းရေး ပြုလုပ်နိုင်သည့် LG စက်ရုပ်များအား အင်ချွန်းလေဆိပ်တွင် စတင် အသုံးပြု

visibility 240 Views

                (၂၀၁၈) ခုနှစ်မှာ တောင်ကိုရီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ အတွက် ပြင်ဆင်မှု တစ်ခုအနေနဲ့ LG ရဲ့ လေဆိပ်သုံး စက်ရုပ် (၂) မျိုး ကို စတင် စမ်းသပ် သုံးစွဲနေပါပြီ။ ဒီနှစ်ဦးပိုင်းလောက်က Consumer Electronics Show (CES) မှာ မိတ်ဆက်ခဲ့တဲ့ Airport Guide Robot နဲ့ Airport Cleaning Robot တွေကို တောင်ကိုရီးယားနိုင်ငံရဲ့ အကြီးဆုံးလေဆိပ် ဖြစ်တဲ့ အင်ချွန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ အသုံးပြုနေပြီ ဖြစ်ပါတယ်။ အဲ့ဒီ့ စက်ရုပ်တွေဟာ ၎င်းတို့ရဲ့ ရိုးရှင်းတဲ့ နာမည်အတိုင်းပဲ လေဆိပ်အတွင်း လမ်းညွှန်ပေးခြင်းနဲ့ သန့်ရှင်းရေး လုပ်ငန်းများကို လုပ်ဆောင်မှာပါ။


                Airport Guide Robot ဟာဆိုရင် လေဆိပ်ထဲက Terminal တွေမှာ ရွေ့လျားသွားလာနေမှာ ဖြစ်ပြီး ခရီးသွားတွေကို စားသောက်ဆိုင်၊ ဈေးဝယ်နိုင်မယ့်နေရာ၊ စတာတွေကို လမ်းညွှန်ပေးနိုင်သလို၊ Boarding Time နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုလည်း ပြောပြပေးမှာပါ။ အင်ချွန်းလေဆိပ်မှာ အများဆုံး အသုံးပြုတဲ့ ဘာသာစကား (၄) မျိုးဖြစ်တဲ့ ကိုရီးယား၊ အင်္ဂ လိပ်၊ တရုတ်၊ ဂျပန် ဘာသာတွေကို နားလည်၊ ပြောဆို နိုင်ပါတယ်။ ခရီးသွားတွေဟာ Boarding Pass ကို စက်ရုပ်ထဲ Scan ဖတ်ပြီး ထည့်လိုက်ရုံနဲ့ ၎င်းတို့သွားရောက်ရမယ့် Departure Gate ဆီကို အဲ့ဒီ့ စက်ရုပ်က ရှေ့ကနေ လမ်းပြ ခေါ်ဆောင် သွားနိုင်ပါသေးတယ်။


                Airport Cleaning Robot ကတော့ လေဆိပ်အတွင်းက အမှိုက်သရိုက်တွေကို လှည့်လည် သန့်ရှင်းပေးမှာပါ။ မကြာခဏ အမှိုက်ရှင်းလင်းဖို့ လိုအပ်တဲ့ နေရာတွေကို စက်ရုပ်က သိရှိနိုင်ပြီး ၎င်းရဲ့ Database ထဲမှာ မှတ်သားထားမှာ ဖြစ်ပါတယ်၊ အဲ့လို နေရာတွေကို အမြန်ဆုံး ရောက်ရှိနိုင်မယ့် လမ်းကြောင်းကိုလည်း ရွေးချယ် သွားလာနိုင်ပါတယ်။

                စက်ရုပ်အသစ်တွေဟာ နှစ်စဉ် ခရီးသွား (၅၇) သန်း ဝင်ရောက်တဲ့ အင်ချွန်းလေဆိပ်ကို အကူအညီ ပေးနိုင်မှာပါ။ လူအများ လှုပ်ရှားသွားလာနေတဲ့ နေရာတွေမှာ ယခုလို စက်ရုပ်တွေကို ပိုမို တွေ့မြင်လာရပါတယ်။ ဒီလို စက်ရုပ်တွေဟာ စီးပွားဖြစ် စက်ရုပ် ထုတ်လုပ်မှုကို တိုးတက် ကျယ်ပြန့်စေလိုတဲ့ LG ရဲ့ ရည်မှန်းချက်ကို ဖော်ပြနေတာ ဖြစ်တယ် လို့ ဆိုပါတယ်။

                Airport Guide Robot နဲ့ Airport Cleaning Robot တို့ရဲ့ အလုပ်လုပ်ဆောင်ပုံကို ဒီ Video မှာ ကြည့်ရှုနိုင်ပါတယ်။


References
The Verge LG Newsroom
About Author
Assinged Tags
LG Consumer Electronics LG Robot Airport Terminal Guide Robot Cleaning Robot Consumer Electronic Show CES
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed