International Space Station ကို Google Maps Street View တွင် လှည့်လည် ကြည့်ရှုနိုင်ပြီ

date_range 22 July 2017

International Space Station ကို Google Maps Street View တွင် လှည့်လည် ကြည့်ရှုနိုင်ပြီ

visibility 1020 Views

                ကမ္ဘာ့မြေပြင်အထက် ကီလိုမီတာ (၄၀၀) ခန့်မှာ ပျံသန်းနေတဲ့ International Space Station (ISS) ရဲ့ အတွင်းပိုင်းကို Google Maps ရဲ့ Street View မှာ လှည့်လည် ကြည့်ရှုနိုင်ပြီ ဖြစ်ကြောင်း Google က ကြေငြာလိုက်ပါတယ်။ ISS ထဲကို ကိုယ်တိုင်ရောက်သွားသလို ခံစားရမှာ ဖြစ်ပြီး အဲ့ဒီ့ထဲက ရှုပ်ထွေးလှတဲ့ ပစ္စည်းအချို့ကို Click ထောက်လိုက်ရုံနဲ့ ၎င်းတို့ရဲ့ နာမည်နဲ့ လုပ်ဆောင်မှု အချို့ကို သိရှိနိုင်မှာပါ။

                ကမ္ဘာပေါ်က လမ်းတွေမှာ လှည့်လည်သွားလာပြီး 360-Degree ဓာတ်ပုံတွေရိုက်ကူးတဲ့ Street View Camera Car ကို ISS ပေါ်ပို့ပြီး ရိုက်ကူးခဲ့တာတော့ မဟုတ်ပါဘူး။ ISS ပေါ်မှာရှိတဲ့ European Space Agency (ESA) ရဲ့ အာကာသယာဉ်မှူး Thomas Pesquet ရဲ့ အကူအညီနဲ့ (၆) လကြာ စီစဉ် ရိုက်ကူးခဲ့ရတာ ဖြစ်ပါတယ်။ Street View Team ဟာ NASA နဲ့ Marshall Space Flight Center တို့နဲ့ ပူးပေါင်းပြီး ISS ပေါ်မှာရှိတဲ့ DSLR Camera နဲ့ အခြား ပစ္စည်းကိရိယာ အချို့ကို အသုံးပြုကာ ဆွဲငင်အားမရှိတဲ့ ISS ရဲ့ အတွင်းပိုင်း နေရာအနှံ့ကို ဓာတ်ပုံရိုက်ကူးဖို့ နည်းလမ်း ရှာဖွေခဲ့ပါတယ်။ အာကာသယာဉ်မှူးက ပြန်လည်ပေးပို့ခဲ့တဲ့ ဓာတ်ပုံ မြောက်များစွာကို 360-Degree ဓာတ်ပုံတွေဖြစ်လာအောင် Google က တစ်ပုံချင်းစီ အသေးစိတ် ပေါင်းစပ်ခဲ့ပါတယ်။


                ဒါဟာ Street View ရဲ့ အာကာသ နဲ့ပက်သက်တဲ့ ပထမဦးဆုံး ခြေလှမ်းဖြစ်ပြီး၊ ISS ပေါ်ကို ရောက်ရှိဖို့ မဖြစ်နိုင်တဲ့ ကျွန်တော်တို့လို သာမာန်လူတွေ အတွက်တော့ တကယ့်အတွေ့အကြုံသစ် တစ်မျိုးကို ပေးစွမ်းနိုင်မှာပါ။ ISS ထဲကို ဒီ Link ကနေ အခုပဲ ကိုယ်တိုင် ဝင်ကြည့်လို့ ရနေပါပြီ။

                ISS Street View ကို လက်တွေ့အကောင်အထည် ဖော်ဖို့ ဘယ်လိုကြိုးစားခဲ့ကြသလဲ ဆိုတာကို ဒီ Video မှာ ကြည့်ရှုနိုင်ပါတယ်။

References
Android Authority
About Author
Assinged Tags
Science Google Maps International Space Station Street View ISS
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed