Google Maps မှာ ကိုယ့်ရဲ့ လက်ရှိတည်နေရာကို မိတ်ဆွေ၊သူငယ်ချင်းတွေ မြင်နေရအောင် လုပ်ထားနိုင်ပြီ

date_range 23 March 2017

Google Maps မှာ ကိုယ့်ရဲ့ လက်ရှိတည်နေရာကို မိတ်ဆွေ၊သူငယ်ချင်းတွေ မြင်နေရအောင် လုပ်ထားနိုင်ပြီ

visibility 6030 Views

                အပြင်မှာ ကိုယ့်သူငယ်ချင်းတစ်ယောက်နဲ့ ချိန်းထားတယ်ဆိုပါစို့။ ကန်ဘောင်လို နေရာကျယ်တဲ့ နေရာတစ်ခုခုမှာ ချိန်းထားတယ်ဆိုရင် နှစ်ယောက်လုံး အဲ့နေရာရောက်နေရင်တောင် တစ်ယောက်နဲ့ တစ်ယောက် ချက်ချင်းတွေ့ဖို့ ခဲယဥ်းတာ သိကြမှာပါ။

                ဒီပြဿနာကို အခု Google က ကူညီဖြေရှင်းပေးလိုက်ပါပြီ။

                ဗုဒ္ဓဟူးနေ့မှာ Google ဟာ ၎င်းတို့ရဲ့ Google Maps အတွက် “Location Sharing” ဆိုတဲ့ Feature သစ်တစ်ရပ်ကို မိတ်ဆက်ပေးလိုက်ပါတယ်။

                “Location Sharing” မှာ User တစ်ယောက်အနေနဲ့ ကိုယ်အခုရောက်နေတဲ့ Location အတိအကျကို Gmail Address ရှိတဲ့ မိတ်ဆွေ၊ သူငယ်ချင်း တစ်ယောက်( သို့) အများအပြားထံ Share လုပ်ထားနိုင်ပြီ ဖြစ်ပါတယ်။ ဒီ Feature ကို ကိုယ် မပိတ်မချင်း Share လုပ်ထားနိုင်သလို၊ ၁၅ မိနစ်ကနေ ၃ နာရီအထိ အချိန်ပေးပြီးတော့လည်း Share လုပ်ထားနိုင်မှာ ဖြစ်ပါတယ်။


                ကိုယ့်ရဲ့ အခုနေရာအတိအကျ “Exact Location” ကို Share လုပ်နိုင်သလို၊ ကိုယ်သွားနေတဲ့လမ်းကြောင်း Route ကိုလည်း Share လုပ်ထားနိုင်ပါတယ်။

                ဒီကောင်က ဘာအသုံးဝင်နိုင်သလဲဆိုတော့ ကိုယ်က ညအချိန်မတော်ဖြစ်ဖြစ် တစ်ယောက်တည်းအိမ်ပြန်လာတဲ့အခါမျိုးမှာ အိမ်ကလူတွေကို Route Share လုပ်ထားမယ်ဆိုရင်၊ ကိုယ် ပြန်လာနေတာကို သူတို့ စောင့်ကြည့်နေနိုင်မှာပါ။ တကယ်လို့ အခန့်မသင့်လို့ လမ်းမှာ တစ်ခုခု အခက်အခဲကြုံနေတယ်ဆိုရင်၊ ရောက်သင့်တဲ့အချိန်မှာ ရောက်မလာဘူးဆိုရင် မိသားစုဝင်တွေက အချိန်မီသိပြီး၊ လိုက်ရှာနိုင်မှာပါ။

                နောက်ထပ်ကောင်းမွန်တဲ့ စွမ်းဆောင်ချက်တစ်ခုက ကိုယ့် Location ကို Google Maps ကနေ တန်း Share လုပ်နိုင်သလို၊ တခြား Messaging Apps တွေကနေလည်း ကိုယ့်အခု Location နေရာကို စာတိုလှမ်းပို့နိုင်မှာပါ။

                သုံးစွဲသူ တစ်ဘီလီယံကျော် ရှိလာပြီဖြစ်တဲ့ Google Maps ဟာ သာမန်မြေပုံလမ်းကြောင်းပြ App တစ်ခုအနေနဲ့တင် မဟုတ်တော့ဘဲ၊ ကိုယ်ကားရပ်ခဲ့တဲ့ ပါကင်နေရာ ပြန်ရှာတာမျိုးလို စွမ်းဆောင်ရည်တွေ အများကြီး ပါဝင်လာပြီး၊ နောက်ထပ်လည်း ထပ်တိုးဖို့ Google က မျှော်မှန်းထားပါတယ်။



References
Cnet
About Author
Assinged Tags
Google Google Maps Location Sharing
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed