LG ကနေ V20 Smartphone နဲ့တူညီတဲ့ LG Q8 စမတ်ဖုန်းကို မိတ်ဆက်

date_range 21 July 2017

LG ကနေ V20 Smartphone နဲ့တူညီတဲ့ LG Q8 စမတ်ဖုန်းကို မိတ်ဆက်

visibility 520 Views

                LG ကနေ မကြာသေးမီက Company ရဲ့ ဒုတိယမြောက် 18:9 Full Vision Screen ပါဝင်တဲ့ LG Q6 Smartphone ကိုထုတ်ဖော်ပြသခဲ့ပြီး ယခုအခါမှာတော့ LG Q8 Smartphone ကို မိတ်ဆက်ခဲ့ပါတယ်။

                LG Q8 ဟာ LG V20 အသေးစားလေးလို့ပြောလို့ရပြီး V20 ထက်သေးငယ်တဲ့ 5.2" QHD Screen နဲ့အတူ V20 လိုမျိုးပဲ Secondary Display ကို အပေါ်မှာတပ်ဆင်ထားတာပဲဖြစ်ပါတယ်။ ဖုန်းရဲ့ကျောဘက်ခြမ်းမှာလည်း Dual Camera ပါဝင်ပြီး LG V20 Design အတိုင်းပြုလုပ်ထားတာပဲဖြစ်ပါတယ်။ 

                LG Q6 တုန်းကတော့ Performance ပိုင်းအနည်းငယ်အားနည်းတယ်လို့ ပြောလို့ရခဲ့ပေမယ့် LG Q8 ကတော့ Flagship Performance ကို ပေးစွမ်းနိုင်မယ့် Smartphone တစ်ခုဖြစ်ပါလိမ့်မယ်။ LG Q8 မှာ Qualcomm Snapdragon 820 Chipset, 4GB RAM, 32GB Storage ပါဝင်ပြီးတော့ Metal Body က IP67 Rating ရှိတဲ့အတွက် ရေစိုခံနိုင်မှာဖြစ်ပါတယ်။ LG V20 မှာ ပါဝင်တဲ့ Hi-fi Audio စနစ်အတွက် Quad DAC လည်း ပါဝင်ဦးမှာပါ။ 

                LG Q8 မှာ Dual Camera ပါဝင်ပြီး 13 Megapixels Sensor တစ်ခုတပ်ဆင်ထားပါတယ်။ အဆိုပါ Sensor ၂ ခုမှာ တစ်ခုက f1.8 Primary lens ဖြစ်ပြီးနောက်တစ်ခုက 135° f2.4 Wide Angle Lens တွေ တပ်ဆင်ထားတာပဲဖြစ်ပါတယ်။ Optical Image Stabilization - OIS ပါဝင်မှာဖြစ်ပြီး 4K Video တွေကိုရိုက်ကူးနိုင်မှာပါ။ အရှေ့ဘက် Selfie Camera ကတော့ 120° Wide Angle Lens အသုံးပြုထားတဲ့ 5 Megapixels camera ပါဝင်မှာဖြစ်ပါတယ်။ 

                Screen အနေနဲ့ LG Q8 ကသေးငယ်တဲ့ဖုန်းတစ်ခုဖြစ်တဲ့အတွက် 5.2" Quantum IPS Screen ကိုထည့်သွင်းပေးထားပြီး Resolution အနေနဲ့ Quad HD Resolution ရှိမှာဖြစ်ပါတယ်။ Protection အနေနဲ့ Gorilla Glass 4 ဖြင့်ကာကွယ်ထားပြီး LG ကတော့ LG Q8 ဟာ Maximum Brightness 500nits အထိရှိမယ်လို့ပြောကြားထားပါတယ်။ Second Screen ကတော့ 160 x 1,040 Pixels Resolution ရှိမှာဖြစ်ပါတယ်။ 

                LG Q8 Smartphone က Android 7.0 Nougat နဲ့ထွက်ရှိလာမှာဖြစ်ပြီး Battery အနေနဲ့ 3000mAh Battery ပါဝင်မှာဖြစ်ပါတယ်။ LG Q8 ကို ယခုလအတွင်းရောင်းချသွားမှာဖြစ်ပြီး ဈေးနှုန်းအနေနဲ့ LG ရဲ့ လက်ရှိ Flagship ဖုန်းဖြစ်တဲ့ LG G6 ထက်တော့ လျော့နည်းမယ်လို့ ခန့်မှန်းရပါတယ်။ 

References
GSM Arena
About Author
Assinged Tags
Smartphones LG LG Q8
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed