Nokia Smartphones တွေကို ထုတ်လုပ်နေတဲ့ HMD Global ရဲ့ CEO ရာထူးမှနှုတ်ထွက်

date_range 20 July 2017

Nokia Smartphones တွေကို ထုတ်လုပ်နေတဲ့ HMD Global ရဲ့ CEO ရာထူးမှနှုတ်ထွက်

visibility 20 Views

                Nokia Smartphones တွေကို လက်လွှဲယူပြီးထုတ်လုပ်နေတဲ့ HMD Global Company ရဲ့ CEO ဖြစ်တဲ့ Arto Nummela ဟာ Company မှာ CEO အဖြစ် တာဝန်ယူပြီး ၁ နှစ်ကျော်အကြာ ယခုအချိန်မှာ ကိုယ်ရေးကိုယ်တာကိစ္စအကြောင်းပြပြီး နှုတ်ထွက်သွားခဲ့တာပဲဖြစ်ပါတယ်။ 

                ယခုလိုဖြစ်သွားတာဟာ လက်ရှိ Nokia ကနေထုတ်လုပ်လျက်ရှိတဲ့ Nokia ဖုန်းအမျိုးအစားအသစ်တွေအပေါ်ကို ထိခိုက်မှုရှိနိုင်မှာမဟုတ်သေးပေမယ့် မကြာခင် ဈေးကွက်ကို ချပြတော့မယ့် Nokia 8 Flagship ဖုန်းမကြေငြာခင် Company ရဲ့ CEO နှုတ်ထွက်သွားတဲ့အတွက် Nokia 8 Smartphone ကြေငြာမှုမှာ အနည်းနဲ့အများနှောင့်နှေးနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ 

                HMD Global Company ကတော့ CEO ဖြစ်တဲ့ Arto Nummela နှုတ်ထွက်သွားမှုဟာ ချက်ချင်းအကျိုးသက်ရောက်မှာဖြစ်ပြီး နှစ်ဦးသဘောတူညီမှုအရလည်း နှုတ်ထွက်ခွင့်ပြုခဲ့ပါတယ်။

                Arto Nummela နှုတ်ထွက်သွားတဲ့အတွက် HMD Global ရဲ့ CEO နေရာကို Company ရဲ့ President နဲ့ Co-leader တစ်ဦးဖြစ်တဲ့ Florian Seiche ကပြောင်းလဲတာဝန်ယူထမ်းဆောင်မှာဖြစ်ပါတယ်။ 

                အခုလို HMD Global ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲနဲ့ Company Board အဖွဲ့ရဲ့ဆုံးဖြတ်ချက်တွေဟာ အလွန်မြန်ဆန်တယ်လို့ပြောနိုင်ပြီး အသေးစိတ်အချက်အလက်တွေကို အတိအကျမသိနိုင်သေးသလို အခုကိစ္စက နောက်ပိုင်း HMD Global ရဲ့ နည်းစနစ်ပိုင်းနဲ့ Nokia ဖုန်းတွေရဲ့ဈေးကွက်ဖြန့်ချီမှုတွေမှာ အပြောင်းအလဲရှိလာနိုင်မလားဆိုတာကိုလည်း အသေအချာမပြောနိုင်သေးပါဘူး။ 

References
Android Authority
About Author
Assinged Tags
Nokia Nokia 8 HMD Global Nokia Android CEO
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed