MIUI 9 ကို Mi 5X စမတ်ဖုန်းနဲ့အတူ ဇူလိုင် ၂၆ ရက်နေ့တွင် မိတ်ဆက်ပေးသွားမည်

date_range 19 July 2017

MIUI 9 ကို Mi 5X စမတ်ဖုန်းနဲ့အတူ ဇူလိုင် ၂၆ ရက်နေ့တွင် မိတ်ဆက်ပေးသွားမည်

visibility 6320 Views

                MIUI စမတ်ဖုန်းတွေအသုံးပြုသူအနေနဲ့ MIUI 9 အတွက် သိပ်အများကြီးစောင့်ဆိုင်းစရာမလိုတော့ပဲ ဇူလိုင် ၂၆ ရက်နေ့မှာ Mi 5X စမတ်ဖုန်းနဲ့အတူ Xiaomi မှ မိတ်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။ MIUI 9 မှ Lockscreen နဲ့ Home Screen Screenshot အချို့ကိုလည်း အင်တာနက်ပေါ်မှာ တွေ့မြင်နေရပါပြီ။


                Mi 5X စမတ်ဖုန်းအနေနဲ့ Dual Camera ပါ၀င်လာပြီး ဖုန်းရဲ့နောက်ကျောဘက်မှာ Fingerprint Scanner တစ်ခုပါ၀င်လာမှာဖြစ်ပါတယ်။ ဖုန်းရဲ့ Body တစ်ခုလုံးကိုတော့ Metal နဲ့ပြုလုပ်ထားပါတယ်။ Snapdragon 625 SoC ကိုအသုံးပြုထားမှာဖြစ်သလို RAM အနေနဲ့ 4GB ပါ၀င်လာဖို့ရှိပါတယ်။ Screen Display ကို 5.5 လက်မကျယ်ပြန့်ပြီး Full HD Resolution ထောက်ပံ့ပေးနိုင်တဲ့ Display Panel ကိုအသုံးပြုထားမှာဖြစ်ပါတယ်။ 

                Mi 5X စမတ်ဖုန်းကို စျေးနှုန်းအနေနဲ့ကတော့ တရုတ်ငွေ ၁၉၉၉ ယွမ် (USD $295 ခန့်) နဲ့ တရုတ်နိုင်ငံမှာ ရောင်းချပေးမယ်လို့လည်း ခန့်မှန်းရပါတယ်။ အရောင်အနေနဲ့လည်း Mi 5X ကို Black, Gold နဲ့ Rose Gold ဆိုပြီး ရွေးချယ်၀ယ်ယူနိုင်မှာဖြစ်ပါတယ်။


                MIUI 9 မှာလည်း Themes အသစ်တွေပါ၀င်လာပြီး User Interface ကိုလည်း ကြည့်ရရှင်းအောင်ပြန်လည် ပြုပြင်ပေးထားမှာဖြစ်ပါတယ်။ ဒါပေမဲ့လည်း MIUI 9 အတွက် Home Screen Screenshot ဟာ Meizu ရဲ့ Flyme OS ကပုံစံနဲ့ အနည်းငယ်ဆင်တူနေပါတယ်။ MIUI 9 မှာ Design အသစ်နဲ့ပါ၀င်လာမယ့် Lockscreen၊ Split Screen နဲ့ Picture-in-Picture Feature၊ System Themes အသစ်သုံးမျိုး နဲ့အတူ အသုံးနည်းတဲ့/မလိုအပ်တဲ့ Feature အချိ့ကို ဖြုတ်ပစ်ထားတယ်လို့ သိရှိရပါတယ်။ 

                MIUI 9 မှာ Android Nougat တစ်ခုတည်းကို အသုံးပြုမှာလားဆိုတာလည်း မသိရှိရသေးပါဘူး။ Xiaomi အတွက် အဓိက Update ဟာ MIUI Version Update ဖြစ်ပြီး Android Version အသစ်ကိုလည်း Device အသစ်တွေမှအပ အခြား Device တွေအတွက် Update ထုတ်လုပ်မပေးပါဘူး။ ဒါကြောင့်မို့ အချို့ Device တွေဟာ MIUI 9 ကိုရရှိပေမဲ့ Android Nougat Update ကို ရရှိမယ်/မရရှိဘူးက မသေချာသေးပါဘူး။  တခြားအသေးစိတ်ပြောင်းလဲမှုကိုတော့ ဘာမှမသိရှိရသေးပဲ Xiaomi အနေနဲ့ ဇူလိုင် ၂၆ ရက်မှာမှ Mi 5X မိတ်ဆက်ပွဲနဲ့အတူ MIUI 9 အတွက် အသေးစိတ်ပြောင်းလဲမှုတွေကို ကြေညာသွားဖို့ရှိပါတယ်။ 

References
XDA Developers Android Authority
About Author
Assinged Tags
Features Xiaomi MIUI related MIUI 9 related Split Screen PIP Update news News about MIUI MI 5X Redesigned Lockscreen
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed