Messenger ရဲ့ Emoji Style ကို Facebook အတိုင်းပြောင်းလဲပစ်တော့မည်

date_range 03 October 2017

Messenger ရဲ့ Emoji Style ကို Facebook အတိုင်းပြောင်းလဲပစ်တော့မည်

visibility 1400 Views

                ကျွန်တော်တို့ Facebook နဲ့ Messenger ကိုအမြဲသုံးနေသူအဖို့တော့ ဒီကိစ္စကိုအများကြီး ရှင်းပြနေစရာတော့လိုမယ်မထင်ပါဘူး။ Facebook နဲ့ Messenger တို့မှာ အသုံးပြုတဲ့ Emoji ပုံစံမတူညီဘဲ၊ Messenger မှာ အသုံးပြုတဲ့ Emoji Style ဟာ သက်သက်ကွဲထွက်နေတာကို သတိထားမိကြမယ်လို့ထင်ပါတယ်။ 

                တကယ်လို့သာ သင်ဟာ Messenger ရဲ့ Emoji Style ကိုကြိုက်နှစ်သက်ပြီး၊ ဒီပုံစံနဲ့ပဲအတော်ရင်းနှီးနေပြီဆိုရင်တော့ စိတ်မကောင်းစရာပါပဲ။ ဘာလို့လဲဆိုတော့ Facebook Team အနေနဲ့ Messenger ရဲ့ Emoji Style ကိုဖျက်သိမ်းတော့မှာဖြစ်ပြီး၊ Facebook က Emoji Style အတိုင်း ပြောင်းလဲအသုံးပြုတော့မှာမို့လို့ပါ။

                Messenger Emoji ပုံစံအသစ်ကို မိတ်ဆက်ပေးခဲ့တာ တစ်နှစ်ကျော်ကြာပြီးမှ ဘာကြောင့်အခုလိုမျိုး ပြန်လည်ပြောင်းလဲပစ်ရတယ်ဆိုတာကိုတော့ တိတိကျကျဖြေရှင်းချက်ပေးမထားပါဘူး။ Messenger အတွက်ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ 

အခုအချိန်မှာ ကျွန်တော်တို့အနေနဲ့ Messenger ရဲ့ Emoji Support ကိုရုပ်သိမ်းပြီး၊ အသုံးပြုသူတွေအတွက် အချင်းချင်းဆက်သွယ်ရလွယ်ကူစေမယ့် အခြား Features တွေအတွက်ကိုပဲ အာရုံစိုက်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။ 

                လို့ပြောကြားထားပါတယ်။


                လက်ရှိအချိန်မှာတော့ Android နဲ့ Web Browsers အသုံးပြုသူတွေအနေနဲ့ Messenger မှာ Emoji တွေပို့တဲ့အခါ Facebook မှာအသုံးပြုထားတဲ့ Emoji Style ကို ဆက်လက်မြင်တွေ့ရမှာဖြစ်ပြီး၊ iOS အသုံးပြုသူတွေအဖို့ကတော့ Apple Emoji ပုံစံကို Messenger မှာ မြင်တွေ့ရမှာဖြစ်ပါတယ်။

                Emojipedia ကနေ ပြောကြားချက်အရ Facebook Emoji တွေဟာ iOS ထက်ပိုမိုများပြားတာကြောင့် လက်ရှိအချိန်မှာ Android နဲ့ Web Browser အသုံးပြုသူတွေဟာ iOS သမားတွေကို Support မပေးတဲ့ Emoji တွေပို့မိနိုင်ပါတယ်။ ဒါပေမယ့်လည်း Apple ဟာ Emoji Font အသစ်ကို ယခုနှစ်ကုန်ပိုင်းလောက်မှာ ထုတ်လုပ်ပေးတော့မှာဖြစ်တာကြောင့် ဒီပြဿနာတွေဟာ ခဏတာလောက်ပဲဖြစ်ပွားနိုင်ခြေရှိပါတယ်။

References
Android Police
About Author
Assinged Tags
Facebook Android iOS Messenger Emoji Facebook Messenger Web Browser
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed