ဂိမ်းဆော့နေရင်း Facebook ပေါ်ကို Live တင်နိုင်မယ့် Game Live App ကို Galaxy ဖုန်းတွေအတွက် ထုတ်ပေးလိုက်တဲ့ Samsung

date_range 16 July 2017

ဂိမ်းဆော့နေရင်း Facebook ပေါ်ကို Live တင်နိုင်မယ့် Game Live App ကို Galaxy ဖုန်းတွေအတွက် ထုတ်ပေးလိုက်တဲ့ Samsung

visibility 720 Views

                Samsung ကနေ အသစ်ထုတ်လုပ်လိုက်တဲ့ Game Live App ကို Galaxy App Store မှာ စတင် Download ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။

                အဆိုပါ Game Live app ကို လက်ရှိအချိန်မှာ Samsung ဖုန်းတွေအတွက်ပဲအသုံးပြုနိုင်မှာဖြစ်ပြီး Android Version 6.0 အထက်မှာ အသုံးပြုလို့ရလာမယ်လို့ သိရပါတယ်။ 

                Game Live app ကနေ ဖုန်းနဲ့ ဆော့ကစားနေတဲ့ Gameplay တွေကို Facebook အပြင် Twitch နဲ့ YouTube ပေါ်ကိုပါ တိုက်ရိုက် Livestream တင်ပေးနိုင်မှာပါ။ App ဟာ Functions စုံလင်သလို၊ User တွေအနေနဲ့ Profile ကို ဓါတ်ပုံတင်မဟုတ်ပဲ ဗီဒီယိုအနေနဲ့ပါ ထားနိုင်မှာဖြစ်ပါတယ်။ 

                Live လွှင့်တဲ့အချိန်မှာလည်း Gameplay ရဲ့ Resolution ကို စိတ်ကြိုက်သတ်မှတ်ထားနိုင်တဲ့အပြင် Microphone ကို On/Off ပြုလုပ်နိုင်ဦးမှာပါ။ အသံဖမ်းတဲ့နေရာမှာလည်း Microphone က အသံ၊ Game ထဲက အသံ ဒါမှမဟုတ် ၂ ခုစလုံးကိုပါ ဖမ်းယူနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် အခု Game Live app ကနေ Live လွှင့်တာက Gameplay တစ်ခုကို Data ပမာဏ 4GB (သို့) မိနစ် ၂၀၀ အထိပဲရရှိမှာဖြစ်ပါတယ်။ 


References
Sam Mobile
About Author
Assinged Tags
Samsung Android Applications Livestream Game Live
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed