Google Earth ပေါ်မှာ Stories နဲ့ Photos တွေ တင်နိုင်တော့မည်

date_range 13 July 2017

Google Earth ပေါ်မှာ Stories နဲ့ Photos တွေ တင်နိုင်တော့မည်

visibility 360 Views

                ကျွန်တော်တို့တွေ နေ့တိုင်း Social Media တွေဟာ ခရီးသွားတဲ့အခါ ပုံတွေတင်၊ Check-in တွေပြုလုပ်တတ်ကြပါတယ်။ တကယ်လို့သာ Google Maps ပေါ်မှာပြုလုပ်လို့ရရင်ကော? ကိုယ်ရောက်ခဲ့တယ်ဆိုတာကိုလည်း သူငယ်ချင်းတွေအပြင် Google Maps ကိုကြည့်ရှုနေတဲ့ တခြားအသုံးပြုသူတွေပါ သိစေချင်တယ်ဆိုရင်? 

                Google Earth Director ဖြစ်တဲ့ Rebecca Moore မှ “I Am The Amazon” ဆိုတဲ့ Project ကို Brazil နိုင်ငံမှာ စတင်ခဲ့တုန်းက ဒီလိုမျိုး Post တွေတင်ပြီး Sharing လုပ်လို့ရဖို့ကို Google Earth ရဲ့ အနာဂတ်ရည်ရွယ်ချက်တစ်ခုအဖြစ် ပြသခဲ့ပါတယ်။ 

                ခရီးသွားလို့အမှတ်တရတွေ Google Earth ပေါ်မှာထားခဲ့ချင်တာပဲဖြစ်ဖြစ်၊ ကိုယ့်သူငယ်ချင်းနဲ့ မိသားစုတွေ ဘယ်ရောက်နေပြီ/ရောက်ခဲ့တယ်ဆိုတာကို Photos, Video နဲ့ Text Information တွေအနေနဲ့ Post တင်ပြီး Google Earth ပေါ်မှာထားခဲ့နိုင်ပါတယ်။ ကိုယ်ခရီးသွားချင်တဲ့နေရာကိုလည်း Google Earth ပေါ်မှာ အလွယ်တကူပဲ သူများတွေရဲ့ Post တွေနဲ့ အတွေ့အကြုံတွေကိုရှာဖွေလာနိုင်ဦးမှာဖြစ်ပါတယ်။

                ဒါ့အပြင် ဒီ Project ကို နာမည်ကြီး Primatologist တစ်ယောက်ဖြစ်တဲ့ Jane Goodfall ဟာလည်း Google Earth ရဲ့ Feature ကိုအသုံးပြုပြီး ပုံတွေ၊ မြေပုံနေရာတွေနဲ့ သတင်းအချက်အလက်တွေကို ကမ္ဘာပေါ်မှာရှိတဲ့ နေရာ ၁၁ ခုမှာ ဝေမျှပေးထားမယ်လို့ဆိုပါတယ်။ အစားအစာ၊ ရေ၊ ယဉ်ကျေးမှုနဲ့ ဒီလိုမြေနေရာအပေါ်မူတည်ပြီး တောတောင်နဲ့ လူနေမှုဘ၀ ဘယ်လိုရှိတယ်ဆိုတဲ့အကြောင်းတွေကို Google Earth မှာအလွယ်တကူကြည့်ရှုနိုင်အောင် ဝေမျှပေးထားမှာဖြစ်ပါတယ်။  

                နောက်ထပ်ကောင်းတဲ့အချက်တစ်ခုကတော့ Google Earth ကို စီးပွားရေး Platform တစ်ခုအနေနဲ့ Google မှ အသုံးပြုမှာမဟုတ်ဘူးဆိုတာပါပဲ။ ဒါကြောင့်မို့လို့ Google Earth အသုံးပြုသူတွေအနေနဲ့ Google Ads တွေကို တွေ့မြင်ရမှာမဟုတ်ပဲ ဒီ Feature တွေကိုလည်း အနာဂတ်မှာအသုံးပြုလာနိုင်မှာပါ။ 

References
Android Community
About Author
Assinged Tags
Google Location Sharing Google Earth Sharing Post Stories
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed