Dell မှ ကမ္ဘာ့ပထမဆုံး ကြိုးမဲ့အားသွင်းစနစ်ပါဝင်သည့် Laptop ကို စတင်ရောင်းချ

date_range 13 July 2017

Dell မှ ကမ္ဘာ့ပထမဆုံး ကြိုးမဲ့အားသွင်းစနစ်ပါဝင်သည့် Laptop ကို စတင်ရောင်းချ

visibility 8280 Views

                ယခုနှစ် ဇန်နဝါရီလတုန်းက ကျင်းပခဲ့တဲ့ Consumer Electronics Show (CES) မှာ စတင်မိတ်ဆက်ခဲ့တဲ့ ကြိုးမဲ့အားသွင်း စနစ်ပါဝင်တဲ့ Dell Latitude 7285 2-in-1 Laptop ကို စတင်ရောင်းချနေပြီ ဖြစ်ပါတယ်။ မျက်နှာပြင်အကျယ် (၁၂) လက်မ ရှိတဲ့ ဒီ Laptop ဟာ 2-in-1 ဆိုတဲ့ အတိုင်းပဲ Tablet အဖြစ်လဲ သုံးနိုင်သလို၊ Keyboard ကို တပ်ဆင်ပြီး Laptop အနေနဲ့လဲ သုံးနိုင်ပါတယ်။

                ကြိုးမဲ့အားသွင်းစနစ်ကို Tablet ရဲ့ ကိုယ်ထည်ထဲမှာ ထည့်သွင်းထားတာတော့ မဟုတ်ဘဲ သူနဲ့ တပ်ဆင်ရမယ့် Keyboard ထဲမှာ ထည့်သွင်းထားတာ ဖြစ်ပါတယ်။ အဲ့ဒီ့ Wireless Charging Keyboard ကို တင်ဆင်ကာ Wireless Charging Mat ပေါ်တင်ပြီး အားသွင်းရမှာ ဖြစ်ပါတယ်။ Wireless Charging Keyboard နဲ့ Wireless Charging Mat တို့ဟာ Laptop ဝယ်ယူစဉ်မှာ တစ်ပါတည်း ထည့်သွင်းပေးမှာ မဟုတ်ဘဲ ကြိုးမဲ့အားသွင်းစနစ်ကို အသုံးပြုချင်သူတွေက ၎င်းတို့ကို (၅၄၉.၉၉) ဒေါ်လာနဲ့ သီးခြား ဝယ်ယူရမှာ ဖြစ်ပါတယ်။


                Latitude 7285 2-in-1 ကတော့ အနည်းဆုံး (၁၁၉၉.၉၉) ဒေါ်လာ ကျသင့်မှာဖြစ်ပြီး Specification ပိုမြင့်တဲ့ Edition တွေကိုလဲ ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ Laptop နဲ့ အတူ Wireless Charging Keyboard နဲ့ Wireless Charging Mat တို့ကိုပါ တွဲဖက်ဝယ်ယူမယ်ဆိုရင်တော့ ဒေါ်လာ (၁၇၅၀) ခန့် ကျသင့်မှာ ဖြစ်ပါတယ်။ (၁၁၉၉.၉၉) ဒေါ်လာတန် Edition မှာ ဆိုရင်တော့ Intel Core i5-7Y54 အသုံးပြုထားပြီး 8GB Memory နဲ့ 128GB SSD Storage ပါဝင်ပါတယ်။ မျက်နှာပြင်အကျယ် (၁၃) လက်မ ရှိတဲ့ Dell Latitude 7000 ကိုလည်း မကြာခင် ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

References
The Verge
About Author
Assinged Tags
Dell Wireless Charging Dell Latitude Dell Latitude 7285 Dell Latitude 7000 Wireless Charging Keyboard Wireless Charging Mat Dell Laptop
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed