Dell ရဲ့ ပထမဆုံး HDR Desktop Monitor ကို စတင်မိတ်ဆက်

date_range 22 April 2017

Dell ရဲ့ ပထမဆုံး HDR Desktop Monitor ကို စတင်မိတ်ဆက်

visibility 460 Views

                ဒီနေ့မှာပဲ Dell က Desktop Monitor အသစ် UltraSharp UP2718Q ကို မိတ်ဆက်လိုက်ပါတယ်။ ဒီ Desktop Monitor ဟာ ၂၇ လက်မ Monitor ဖြစ်ပြီး ဘာဖြစ်လို့ Dell ရဲ့ ပထမဆုံး HDR Desktop Monitor ဖြစ်ရတာလည်းဆိုတော့ Dell အနေနဲ့ ဒီ Monitor မှာ HDR Video တွေကို Support ပေးထားလို့ဖြစ်ပါတယ်။

                Dell အနေနဲ့ အရင်က အကောင်းစား၊ အမိုက်စား 4K Monitor တွေကို ထုတ်လုပ်ရောင်းချခဲ့တယ်ဆိုပေမယ့် ဒီမော်ဒယ်လ်အသစ်မှာတော့ HDR နည်းပညာဘက်ကို မျက်စောင်းထိုးလိုက်တာပဲ ဖြစ်ပါတယ်။ လာမယ့်မေလမှာ စတင်ရောင်းချမှာဖြစ်ပြီး ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၁၉၉၉.၉၉ ဒေါ်လာတောင်ရှိတယ်ဆိုတော့ ဈေးကတော့ တော်တော်လေးကြီးပါတယ်။

                Resolution အနေနဲ့ 3840x2160 ရရှိမှာဖြစ်ပြီး Screen Brightness ကလည်း 1000 nits ရှိပါတယ်။ Port တွေအနေနဲ့ HDMI Port, DisplayPort နဲ့ Mini DisplayPort တို့ပါဝင်ပါတယ်။ 

                ဒီမော်ဒယ်လ်နဲ့အတူတကွပဲ နောက်ထပ်မော်ဒယ်လ်နှစ်မျိုးကိုလည်း မိတ်ဆက်ခဲ့ပါသေးတယ်။ ဒီမော်ဒယ်နှစ်မျိုးကတော့ HDR နည်းပညာမပါဝင်တဲ့ မော်ဒယ်တွေဖြစ်ပြီး ၂၇ လက်မ 4K Display နဲ့ မော်ဒယ်က အမေရိကန်ဒေါ်လာ ၆၉၉.၉၉ ဒေါ်လာရှိပြီး ၂၅ လက်မ မော်ဒယ်ကတော့ အမေရိကန်ဒေါ်လာ ၄၉၉.၉၉ ဒေါ်လာရှိမှာ ဖြစ်ပါတယ်။

                ဒီမော်ဒယ်နှစ်မျိုးလုံးကိုတော့ လာမယ့်ဂျူလိုင်လမှာ စတင်ရောင်းချမှာဖြစ်ပြီး Dell ရဲ့ InfinityEdge Display ကို တပ်ဆင်ထားမှာ ဖြစ်ပါတယ်။

References
The Verge
About Author
Assinged Tags
Dell Desktop Monitor HDR Monitor
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed