DC ပရိတ်သတ်တွေ စောင့်မျှော်နေတဲ့ Injustice 2  ဂိမ်း Android နဲ့ iOS မှာ စတင်ထွက်ရှိလာ

date_range 12 May 2017

DC ပရိတ်သတ်တွေ စောင့်မျှော်နေတဲ့ Injustice 2 ဂိမ်း Android နဲ့ iOS မှာ စတင်ထွက်ရှိလာ

visibility 950 Views

                DC Comics ပရိတ်သတ်တွေကော အရင် Injustice: Gods Among Us မိုဘိုင်းဂိမ်းကို စွဲစွဲမြဲမြဲဆော့ခဲ့တဲ့သူတွေရော  စောင့်မျှော်နေတဲ့ Injustice 2 ဂိမ်းဟာ Android နဲ့ iOS မှာ တရားဝင်ထွက်ရှိလာပြီဖြစ်ပါတယ်။

                iOS အတွက် Injustice 2 ကို ယခုနှစ်အစောပိုင်းတုန်းက ဖိလစ်ပိုင် App Store အပါအဝင် တစ်ချို့ နိုင်ငံ App Store တွေမှာ စတင် Soft Launch လုပ်ခဲ့ပေမယ့်၊ လွန်ခဲ့တဲ့တစ်ရက် ( မေလ ၁၁ ရက် ) နေ့ကမှ နိုင်ငံတိုင်းက App Store မှာ တရားဝင်ထုတ်ပေးခဲ့တာဖြစ်ပါတယ်။ iOS အတွက် ထွက်ပြီးတစ်ရက်အကြာ၊ ယနေ့ မေလ ၁၂ ရက်နေ့မှာတော့ Injustice 2 ဟာ Google Play ပေါ်လည်း ရောက်ရှိလာခဲ့ပါပြီ။

                သူ့ရှေ့က ထွက်ထားတဲ့ Injustice: Gods Among Us လိုပဲ အခမဲ့ရယူကစားနိုင်တဲ့ဂိမ်းဖြစ်ပြီး၊ Warner Bros နဲ့ Nether Realm Studios ကပဲ ပူးပေါင်းရေးဆွဲထားတာဖြစ်ပါတယ်။

                Injustice 2 မှာ Gameplay ကို ကြီးကြီးမားပြောင်းလဲထားခြင်းမရှိပေမယ့်၊ Combat Style တော့ အနည်းငယ်ပြောင်းလဲသွားမှာတွေ့ရပြီး၊ Game Graphics တွေလည်း အရင်ဂိမ်းထက် ပိုမိုကောင်းမွန်လာတာ တွေ့ရပါတယ်။ အရင် Injustice GAU မိုဘိုင်းဂိမ်းမှာ ချို့ယွင်းချက်လို့ ပြောလို့ရတဲ့ Story Mode ကို Injustice 2 မှာ ကောင်းကောင်းထည့်သွင်းပေးထားပြီး၊ In-game Cinematic Footage တွေလည်း ပါဝင်လာတာ တွေ့ရပါတယ်။

                စောင့်ကြည့်ရမှာတစ်ခုကတော့ Warner Bros. အနေနဲ့  Cheaters တွေကို ဘယ်လိုထိန်းချုပ်မလဲဆိုတာပါ။ အရင် Injustice GAU တုန်းကတော့ Cheaters တွေ အရမ်းပေါသလို၊ Warner Bros ဘက်က သေချာစောင့်ကြည့်ကိုင်တွယ်ခြင်းမျိုး မရှိခဲ့တာကြောင့် ဂိမ်းက Fair မဖြစ်ခဲ့ပါဘူး။ Injustice 2 မှာတော့ ဘယ်လိုလာမလည်း မသိပါဘူး။

                Injustice 2 Mobile Game ဟာ Android မှာကော iOS မှာပါ File Size 800-900 MB လောက်ရှိပါတယ်။ 

                PS4 နဲ့ Xbox One အတွက်တော့ မေလ ၁၆ ရက်နေ့မှာ စတင်ထုတ်ပေးမှာပါ။ 



References
TechX Myanmar
About Author
Assinged Tags
Android iOS Android Games iOS Games Mobile Game Injustice 2
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed